menu
ပိုးသတ်ဆေးများ   > ဒါဘင် ၂၀ အီးစီ

ဒါဘင် ၂၀ အီးစီ

Category ပိုးသတ်ဆေးများ
အစွမ်းရှိပစ္စည်း Chlorpyrifos 20% W/W
ပိုးသတ်ဆေးမှတ်ပုံတင်အမှတ် F2015-1042
အာနိသင်ဖော်ပြချက် မြေအောင်းပိုးများနှင့် သီးနှံဖျက်ပိုးအမျိုးမျိုးကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည့် ထိသေ စားသေနှင့် အဆိပ်ငွေ့ အာနိသင်ရှိ ရေဖျော်ပိုးသတ်ဆေးရည် ဖြစ်သည်။

အဓိကနှိမ်နင်းနိုင်သောပိုး - ရွက်လိပ်ရွက်ကပ်၊ ခေါင်ညွန့်ထိုးပိုး၊ ကိုက်စားပိုး၊ စုပ်စားပိုးမျိုးစုံနှင့် ပွင့်ထွေးပိုး၊ ငမြှောင်တောင်၊ ပင်ဖြတ်ပိုးနှင့် မြေတွင်းအောင်းပိုးအမျိုးမျိုး။

အသုံးပြုနည်း - သီးနှံမစိုက်မီ ထယ်ရေးပြင်ပက်ဖျန်းခြင်း၊ စိုက်ပျိုးပြီး သီးနှံပင်တန်းကြားတွင် ပက်ဖျန်းခြင်းနှင့် သီးနှံပင်များပေါ်တွင်ပက်ဖျန်းခြင်း။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံးလျှင် (၆၀-၁၆၀)စီစီ။
တစ်ဧကလျှင် (၃၀၀-၈၀၀)စီစီ။
မှတ်ချက် - တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး (၅-၈)ပုံး အသုံးပြုပါ။
PHI သီးနှံမရိတ်သိမ်းစောင့်ဆိုင်းရမည့်ကာလ - စပါး၊ ဂျုံ၊ ပြောင်း (၁၄-၂၁)ရက်၊ ကျန်သီးနှံများ(၂၁)ရက်
အဆိပ်ဖြစ်မှုအဆင့်အတန်း GHS အုပ်စု (4)