menu
ပိုးသတ်ဆေးများ   > ဝိစာရ H2O2 ပိုးသတ်ဆေးရည် (COVID-19 အတွက်)

ဝိစာရ H2O2 ပိုးသတ်ဆေးရည် (COVID-19 အတွက်)

Category ပိုးသတ်ဆေးများ
အစွမ်းရှိပစ္စည်း Hydrogen Peroxide 15% w/w
ပိုးသတ်ဆေးမှတ်ပုံတင်အမှတ် ( - )
အာနိသင်ဖော်ပြချက် စိုက်ပျိုးရေးသုံးဆေးမဟုတ်ပါ။ သီးနှံများတွင် မဖျန်းရ။

ကုလားထိုင်၊ စားပွဲ၊ ဆေးကောင်တာ၊ တံခါးနှင့် တံခါးလက်ကိုင်များ၊ အပြင်လူအဝင်အထွက်များသော ကြမ်းပြင်၊ အိမ်သာ အစရှိသောနေရာများ၏ နံရံနှင့် ကြမ်းပြင်ကို မကြာခဏ ဖျန်းပေးပါ။
ဆေးဖျန်းပြီး (၁)မိနစ်အကြာတွင် အဝတ်သန့်ဖြင့် ‌ခြောက်အောင် သုတ်လို့ရပါသည်။
ရေဖြင့်ဖျော်စပ်ထားသော ‌ဆေးရည်ကို လက်သန့် ‌ဆေးရည် hand sanitier အဖြစ် အသုံးပြုနိုင်ပါသည်။

COVID -19 ရောဂါကူးစက်ခြင်းမှ ကာကွယ်ရန် လိုက်နာ‌ရမည့်အချက်များ
(၁) တတ်နိုင်သလောက် အိမ်ထဲမှာနေပါ။
(၂) အခြားသူများနှင့် (၂ မီတာ) ခြောက်ပေအကွာမှသာ ပြောဆိုဆက်ဆံပါ။
(၃) စားသောက်ဆိုင်များနှင့် အလုပ်နေရာများတွင် စကား၀ိုင်းဖွဲ့ပြောဆိုခြင်းကို ရှောင်ကြဉ်ပါ။
(၄) လူစု လူဝေး ကို လုံး၀ (လုံး၀) ရှောင်ကြဉ်ပါ။
(၅) ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါ။
(၆) အိပ်ရေး၀အောင် အိပ်ပါ။
(၇) အာဟာရပြည့်၀အောင် စားပါ။
(၈) အပြင်သွားလျှင် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ပါ။
(၉) ဈေး၀ယ်ထွက်မည့်သူကို တစ်ယောက်သာသတ်မှတ်ပြီး ဈေး၀ယ်ထွက်သည့် အကြိမ်အရေအတွက်ကို လျှော့ချပါ။
ဆေးနှုန်းထား ဆေးရည် (၁၀၀)စီစီ / ရေ၁လီတာ ရောစပ်အသုံးပြုပါ။
အဆိပ်ဖြစ်မှုအဆင့်အတန်း ဖော်ပြရန် မလိုပါ။