menu

ဝိစာရအကြောင်း

ဝိစာရအင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်ကို ၂၀၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာ့စိုက်ပျိုးရေးသွင်းအားစုအဖြစ် လိုအပ်လျက်ရှိသည့် စိုက်ပျိုးရေးဆေးနှင့် ဓာတ်မြေသြဇာတို့ကို တောင်သူဦးကြီးများအတွက် တင်သွင်းဖြန့်ဖြူးခဲ့ပါသည်။ သို့ဖြင့် ၂၀၂၂ - ၂၀၂၃ ခုနှစ်တွင် စိုက်ပျိုးရေးပညာရှင် ဝန်ထမ်းအင်အား စုစုပေါင်း ၄၂၀ ကျော် ရှိလာခဲ့သည်။ ဝန်ထမ်းအင်အားစု၏ ၈၅ ရာခိုင်နှုန်းကျော်သည် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်ရှိ တောင်သူဦးကြီးတို့အတွက် နည်းပညာအကူအညီပေးခြင်းအပြင် အရည်အသွေးစစ်မှန်သည့် စိုက်ပျိုးရေးဆေးများ စနစ်တကျသုံးစွဲနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် ကျေးလက်နေပြည်သူလူထု၏ ၇၇% ကို လွှမ်းခြုံထားနိုင်ပြီဖြစ်ပြီး စိုက်ပျိုးရေးသုံးဓာတုဗေဒဆေး အမျိုးပေါင်း ၁၀၀ ကျော်ကို စျေးကွက်တွင်ဖြန့်ဖြူးရောင်းချလျက်ရှိသည်။



ဝိစာရကုမ္ပဏီနှင့် ကုမ္ပဏီဝန်ထမ်းများမှာ


. ကျေးဇူးရှင်တောင်သူလယ်သများ၏ သီးနှံပိုးမွှားရောဂါပြဿနာများကို မှန်ကန်စွာ ဖြေရှင်းပေးခြင်း

. ဝိစာရကုမ္ပဏီ၏ ပိုးသတ်‌ဆေး၊ ရောဂါသတ်ဆေး၊ ပေါင်းသတ်‌ဆေးနှင့် ဓာတ်မြေသြဇာများကို အသုံပြုပြီး သီးနှံအထွက်‌တိုး‌စေခြင်း

. ဝိစာရကုမ္ပဏီ၏ စိုက်ပျိုးရေးပညာရှင်များက သီးနှံစိုက်ခင်းများအရောက် ကွင်းဆင်းစစ်‌ဆေးပြီး သီးနှံအထွက်တိုးရေးအတွက် ဆွေး‌နွေးခြင်း

. ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်အခြေပြုလျက် လှူဒါန်းခြင်း

. တောင်သူလယ်သမား၊ ဝိစာရကိုယ်စားလှယ်များနှင့် ကုမ္ပဏီဝန်ထမ်းများအတွက် မျှတသော အကျိုးခံစားခွင့်များ ရရှိစေခြင်း


အမြော်အမြင်

တောင်သူဦးကြီးများ၏ ရေရှည်အကျိုးစီးပွားအတွက် မိမိတို့သည် ရှေ့တန်းမှပါဝင်မည်။ ခေတ်မီစိုက်ပျိုးနည်းစနစ်နှင့်တကွ စစ်မှန်ပြည့်ဝသော စိုက်ပျိုးရေးဆေးများကို အစဉ်အမြဲ ပံ့ပိုးသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ရမည်။


ခံယူချက်


ခေတ်မီစိုက်ပျိုးနည်းစနစ်များကို တောင်သူဦးကြီးများ သိရှိနိုင်ရမည်၊ မိမိတို့သီးနှံကို ရောဂါပိုးမွှားဒဏ်မှ ထိထိရောက်ရောက် ကာကွယ်နိုင်ရမည်။ စိုက်ပျိုးရေးဆေးအစစ်အမှန်ကို လက်လှမ်းမီနိုင်ရမည်။


ရည်မှန်းချက်


ခေတ်မီစိုက်ပျိုးရေးစနစ်နှင့်အတူ ထိရောက်သည့်သီးနှံကာကွယ်နည်းကို တောင်သူလယ်သမားများ သိရှိစေခြင်း၊ စိုက်ပျိုးရေးသုံး ဓာတုဆေးဝါး အစစ်အမှန်များကို လက်လှမ်းမီစေခြင်း၊ ထို့ပြင် မိုးလေဝသနှင့် ဂေဟဗေဒအသိ တိုးပွားလာစေခြင်းဖြင့် ‌‌‌ကျေးဇူးရှင်တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို အချိန်တိုအတွင်း ဖော်ဆောင်နိုင်ရန်


1

အရည်အသွေးပြည့်ဝခြင်းကို အဓိကထားသည်။

Quality

2

အရည်အသွေးပြည့်စိုက်ပျိုးရေးဆေးနှင့်တကွ ခေတ်မီစိုက်ပျိုးနည်းစနစ်များကို ပံ့ပိုးပေးသူဖြစ်သည်။

Service

3

စစ်မှန်ပြည့်ဝ ဝိစာရဆိုသည်နှင့်အညီ ယုံကြည်စိတ်ချစွာဖြင့် အားကိုးအားထားပြုနိုင်မည်။

Reliable

4

အနယ်နယ်အရပ်ရပ်ရှိ စိုက်ပျိုးရေးဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သည်။

Availability

နိုင်ငံတစ်ဝှမ်းသို့ ဖြန့်ဖြူးရောင်းချခြင်း

အရည်အသွေးစစ်မှန်ပြည့်ဝသော ကျနော်တို့၏ ဝိစာရထုတ်ကုန်များကို မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ အနှံ့သို့ ဖြန်းဖြူးရောင်းချလျက် ရှိပါသည်။