menu
FAQ   > Pesticide   > စပါးနှံစုပ်ပိုးကျရင် ဘာဆေးဖျန်းရပါလဲ?

စပါးနှံစုပ်ပိုးကျရင် ဘာဆေးဖျန်းရပါလဲ?

စပါးနှံစုပ်ပိုးကျရင် ဘီတာစီ (သို့) လန်ဒါ ၅ ရရာဆေးတစ်မျိုးကို မနက်စောစော (၈)နာရီခန့် နေပြင်းပြင်းမထွက်မီလောက်မှာ ဆေးဖျန်းပြီးစီးအောင် ပက်ဖျန်းပေးပါ။ ပက်ဖျန်းရာမှာလဲ လေအားကောင်းတဲ့ ဆေးဖျန်းပုံးအသုံးပြုပြီး အရွက်အနုအရင့်၊ အပင်အထက်အောက် ဆေးအနှံ့ရောက်အောင် ပက်ဖျန်းပေးရပါမယ်။ ကျေးဇူးတင်ပါတယ်။