menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"ဆားရည်စိမ်၍ စပါးမျိုးသန့် ရွေးချယ်ခြင်း"
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
🔹တောင်သူဦးကြီးတို့ စပါးစိုက်ပျိုးရာတွင် မျိုးစေ့ဆောင်ရောဂါများကိုကာကွယ်ရန်၊ ပေါင်းမျိုးစေ့များ စပါးအဖျင်းအမှော်များကို ဖယ်ရှားရန်နှင့် သန့်စင်သောစပါးမျိုးများရရှိနိုင်ရန် စပါးမစိုက်ခင်တွင် မျိုးစေ့ ဆားရည်စိမ်ခြင်းကို ပြုလုပ်ပေးသင့်ပါသည်။ ယခု စပါးစေ့ရေမြုပ်စစ်ဆေးနည်းသည် မျိုးကောင်းနှင့် မျိုးညံ့ကို ခွဲခြားပေးရန်အတွက် အလွန်အထောက်အကူဖြစ်စေသည့်အတွက် တင်ပြလိုက်ရပါသည်။
🔹မျိုးစေ့ကိုဆားရည်စိမ်၍ မျိုးစေ့ကောင်းရွေးချယ်နည်း🔹
☑️ပထမဆုံး ပုံးတစ်ခုထဲသို့ သန့်စင်သောရေကို ထည့်ပါ။
☑️ရေကို သိပ်သည်းဆများစေရန်အတွက် ဆားထည့်ပေးပါ။ (ရေ ၁ဂါလံအတွက် ဆား ၅၀ ကျပ်သား ထည့်ပေးပါ)
☑️ကြက်ဥတစ်လုံးရေပေါ်တွင် ပေါ်နိုင်သည့်အထိ ဆားထည့်ပေးရန် လိုအပ်ပါသည်။
☑️ရေထဲသို့ စပါးမျိုးစေ့များထည့်ပြီး လက်နဲ့သမအောင်မွှေပါ။ ခဏကြာတဲ့အခါ အနာအဆာပါသည့် အဖျင်းအမှော်မျိုးစေ့များဟာ ရေပေါ်တွင်ပေါ်လာမည်ဖြစ်သည်။
☑️ကောင်းမွန်သည့် မျိုးစေ့များသည် ရေပုံး၏အောက်ခြေတွင် စုနေပါလိမ့်မည်။ အနာအဆာရှိတဲ့ မျိုးစေ့များကို ဖယ်ရှားပြီးတဲ့အခါ မျိုးစေ့အကောင်းများကို ရေအသန့်နဲ့ (၃ - ၄) ထပ်လောက် ပြန်ဆေးပေးရပါမည်။
🔹ရရှိနိုင်သည့် အကျိုးကျေးဇူးများ🔹
☑️စပါးအပင်ပေါက်နှုန်း ကောင်းမွန်ပြီး အပင်ပေါက်စုံစေခြင်း။
☑️အပင်ပေါက်ညီကာ လေဝင်လေထွက်ပိုမိုကောင်းမွန်ခြင်း။
☑️မျိုးစေ့ဆောင်ရောဂါဖြစ်ပွားမှုကို လျော့ကျစေနိုင်ခြင်း။
☑️ပျိုးပင်သန်မာခြင်းကြောင့် ပိုးမွှားရောဂါဒဏ် ပိုမိုခံနိုင်ရှိလာခြင်း။
☑️ဆားရည်စိမ်ခြင်းဖြင့်ပေါင်းမျိုးစေ့များကို ဖယ်ရှားနိုင်သောကြောင့် ပေါင်းပေါက်ရောက်မှုနည်းပါးပြီး စပါးပျိုးပင်များအာဟာရဓာတ်ပိုမိုရရှိနိုင်သည့်အတွက် စပါးအထွက်နှုန်းကို သိသာစွာတိုးစေပါသည်။
Sources : စိုက်ပျိုးရေးဦးစီးဌာန