menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ရာသီဥတုမမှန် ဖြုတ်ပိုးရန် အချိန်မှီ ကာကွယ်နှိမ်နင်းပါ
🌾🦗🌾🦗🌾🦗🌾🦗🌾🦗🌾🦗🌾
▪️ဒီနှစ်ရာသီဥတုကမမှန် မိုးများလိုက်၊ နေပူလိုက်၊ အချို့ဒေသများ မိုးပြတ်လိုက်၊ နေပူလိုက် ဖြစ်ပေါ်နေပါတယ်။ ဒီနှစ် ဒီလိုရာသီဥတုမျိုးဆိုရင် စပါးမှာ အဓိကသတိပြုကြရမယ့်ပိုးကတော့ ငမြှောင်တောင်ပိုးနဲ့ ဖြုတ်ပိုးပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ အဓိကကျရောက်တဲ့ဖြုတ်ပိုးအမျိုးအစား နှစ်မျိုးရှိပါတယ်။ (၁) ဖြုတ်စိမ်း၊ (၂) ဖြုတ်ညိုတို့ ဖြစ်ပါတယ်။
▪️ဖြုတ်ပိုးဟာ ရာသီဥတုနဲ့ ဆက်စပ်ပြီးကျရောက်မှုအများဆုံးပိုး ဖြစ်ပါတယ်။ မိုးဦး၊ မိုးလယ်၊မိုးနှောင်း ရာသီသုံးမျိုးစလုံးမှာ ကျရောက်နိုင်ပြီး မိုးများတဲ့အခြေအနေမှာ ဖြုတ်ပိုးပုံမှန်ကျရောက်လေ့ ရှိပါတယ်။စွတ်စိုလိုက်၊ နေပူလိုက် အခြေအနေမှာ ဆိုးဆိုးရွားရွား ကျရောက်လေ့ရှိပါတယ်။ဖြုတ်စိမ်းကျရောက်ပါက ဖြုတ်စိမ်းဟာ ဗိုင်းရပ်စ်ပိုးသယ်ဆောင်သဖြင့် အရွက်များ ဝါခြောက်သေသွားတယ်။ အကောင်ငယ်၊ အကောင်ကြီး နှစ်မျိုးစလုံးက အပင်အရွက်ကို စုပ်စားတယ်။ အပင်မသေသော်လည်း အပင်အားယုတ်ပြီး ကြီးထွားမှုတန့်သွားစေပါတယ်။ ညအခါမှာ အပင်တစ်ရှူးများကို စုပ်စားပါတယ်။ အပင်သက်တမ်းနုစဉ်မှာ ကျတတ်ပါတယ်။
▪️ဖြုတ်စိမ်းအမဟာ စပါးရွက်ပေါ်မှာ ဥပါတယ်။ ဥမှ အကောင်ပေါက်လာတဲ့အခါပိုးမမည် (အဖြူ) ဖြစ်တယ်။ တဖြည်းဖြည်းကြီးလာရင် အစိမ်းရောင်ပြောင်းတယ်။ အကောင်ကြီးဘဝမှာ လုံးဝအစိမ်းရောင်ဖြစ်သွားတယ်။ အကောင်ကြီးမှာ ၅ ဒသမ ၃မီလီမီတာရှည်ပြီး အတောင်ဖျားမှာ အမည်းရောင်ရှိတယ်။ အတောင်ပေါ်မှာ အမည်းစက်ရှိတယ်။
▪️ဖြုတ်ညိုဟာ အကောင်ကြီးဘဝရော၊အကောင်ငယ်ဘဝရော စပါးပင်အရွက်ကိုစုပ်စားတယ်။ ဖြုတ်ညိုကြောင့် စပါးပင်ငယ်စဉ် လုံးဝခြောက်သေသွားပါတယ်။ ဖြုတ်ညိုကြောင့် Sooty mould တွေ ဖြစ်တတ်ပါ တယ်။ ဖြုတ်ညိုဟာ စပါးပင်သက်တမ်းရင့်ချိန်မှာ ပိုမိုကျရောက်တတ်ပါတယ်။ ဖြုတ်ညိုရဲ့ ဖျက်ဆီးမှုလက္ခဏာ ထူးခြားချက်ကတော့ ဖြုတ်ညိုလောင်လက္ခဏာ ဖြစ်ပါတယ်။ ဖြုတ်ညိုလောင်လက္ခဏာဟာ စပါးတစ်ခင်းလုံး အဝေးကကြည့်ရင် အကွက်လိုက်အကွက်လိုက် လောင်ကျွမ်းနေပြီး အပင်အရွက်အဖျားများ ခြောက်သွေ့လိမ်ကောက်ပြီးသေနေတာ တွေ့ရမှာဖြစ်ပါတယ်။ဖြုတ်ညိုရဲ့ ဘဝစက်ဝန်းဟာ ဥမှ ပိုးမမည်၊ ပိုးမမည်မှ အကောင်ကြီးဘ၀ ဖြစ်ပါတယ်။ ပိုးမမည်ဟာ အညိုရောင်ရှိတယ်။ဖြုတ်ညိုရော၊ ဖြုတ်စိမ်းပါ ဆိုးဆိုးရွားရွားကျရောက်ပါက အထွက်နှုန်း ၂၅ မှ ၃၅ ရာခိုင်နှုန်းအထိ ထိခိုက်ပျက်စီးနိုင်ပါတယ်။
▪️ဖြုတ်စိမ်း၊ ဖြုတ်ညိုဟာ မြန်မာနိုင်ငံအနှံ့စပါးစိုက်ပျိုးတဲ့ဒေသတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ကျရောက်ဖျက်ဆီးနိုင်ပါတယ်။ အထူးသဖြင့် ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊မွန်၊ ကရင်၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ကချင်ဒေသတွေမှာ နှစ်စဉ်လိုလို ကျရောက်ဖျက်ဆီးတာ တွေ့ရပါတယ်။ ဒေသအလိုက်ဖျက်ဆီးခံရမှုပမာဏ အနည်း၊ အများသာကွာခြားမှုရှိတာ တွေ့ရပါတယ်။
ကြိုတင်ကာကွယ်ခြင်း
---------------------------
ကန်သင်းပေါ်နဲ့ ပတ်ဝန်းကျင်တွင်ရှိသော ပေါင်းမြက်များကို ပြောင်စင်အောင်သုတ်သင်မီးရှို့ပါ။ ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် ဓာတ်မြေသြဇာကို အချိုးကျအသုံးပြုပါ။ ယူရီးယားမြေသြဇာကို အလွန်အကျွံအသုံးမပြုရန် သတိပြုပါ။ ပိုတက်ရှ်မြေသြဇာ ပိုသုံးပါ။ ဖြုတ်ပိုးကျရောက်ခဲ့သော စပါးခင်း ရိုးပြတ်၊ စပါးလမိုင်းများကို မီးကောင်းစွာလောင်အောင်ရှို့ပါ။ စပါးပင်ကို စိပ်စိပ်စိုက်ပါက ဖြုတ်ညိုကျရောက်တတ်သဖြင့်စပါးပင်ကို သင့်တော်သော အစိပ်အကျဲသာထားစိုက်ပါ။ တိုက်ရိုက်မျိုးစေ့ချစပါးခင်း၊ကြဲခင်းများတွင် ဖြုတ်စိမ်းကျရောက်တတ်သဖြင့် ရာသီဥတုဖြစ်ပေါ်မှု၊ ပိုးမွှားကျရောက်နိုင်မှုအခြေအနေကြည့်၍ ကြိုတင်ကာကွယ်ပါ။ ဖြုတ်စိမ်းအတွက် မီးရောင်ထောင်ချောက်ထွန်းညှိပါ။ နောက်ကျစိုက်ပျိုးရင်ဖြုတ်ပိုးကျရောက်ရန် အခွင့်အလမ်းသာသဖြင့် စပါးစိုက်ချိန်ကို ရှေ့တိုးစိုက်ပါ။ ဖြုတ်ပိုးများကို တန်ပြန်စားသောက်ဖျက်ဆီးသော ပင့်ကူ၊ကြမ်းပိုးအုပ်စုဝင် သားရဲကောင်များ ပွားများအောင် ဖန်တီးပေးပါ။ပိုးသတ်ဆေးဖျန်းခြင်းကို သတိပြုပါ။ ထွန်ရေး၊ ထယ်ရေး တမန်းကောင်းအောင် ပြုပြင်ပါ။ ဖြုတ်ပိုးကျရောက်နိုင်တဲ့ အခြေအနေရှိပါက ဆေးရွက်ကြီးပိုးသတ်ဆေးရည်ကဲ့သို့ ဇီဝပိုးသတ်ဆေးရည်များ စပါးခင်းကန်သင်းနှုတ်ခမ်းမှစ၍ ဝိုင်းပတ်စနစ်ဖြင့် ကြိုဖျန်းထားပါ။
နှိမ်နင်းခြင်း
----------------
ဖြုတ်ပိုးကျရောက်ပါက စပါးခင်းရေလုံအောင်လှောင်၍ စပါးပင်များပေါ်ရှိ ဖြုတ်ပိုးများကို ဝါး၊ တုတ်တို့ဖြင့် ခါချပါ။ ရေထဲကျသွားသောအခါ ရေကိုထုတ်ပစ်ပါ။ ဖြုတ်ပိုးစတင်ကျရောက်မှုကို သတိရှိရှိနဲ့ ကွင်းဆင်းလေ့လာပါ။ ပတ်ဝန်းကျင်စပါးခင်းများ ဖြုတ်ပိုးကျရောက်မှု ရှိ၊ မရှိသတင်းထောက်လှမ်းပါ။ ဖြုတ်ပိုးစတင်ကျရောက်မှုကို သိရှိပါက ပိုးသတ်ဆေးဖြင့် ပက်ဖျန်းကာကွယ်ပါ။ပိုးသတ်ဆေးဖျန်းရာမှာ တစ်ပတ်တစ်ကြိမ် ဖျန်းပါ။ ပိုးသတ်ဆေးတစ်မျိုးတည်းအသုံးမပြုဘဲ တစ်မျိုးတစ်လှည့်စီ အသုံးပြုပါက ပို၍ထိရောက်စေပါတယ်။
အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၀ပြည့်နှစ် စက်တင်ဘာလ (၁၄-၂၀)ရက်။