menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
အင်းဆက်ပိုးမျိုးများ ဆုံးရှုံးပျောက်ကွယ် နေကြပြီ...။
အင်းဆက်ပိုးမျိုးများ ဆုံးရှုံးပျောက်ကွယ် နေကြပြီ .......
🦋🦋🦋🦋🦋
🔸အင်းဆက်ပိုးများဟာ အုပ်စုလိုက်ပျောက်ကွယ်လာနေကြပြီ။ ကမ္ဘာတစ်ဝန်းရှိ အင်းဆက်ပိုး မျိုးကွဲများဟာ ခြိမ်းခြောက်မှုအန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။ ကမ္ဘာပေါ်မှာ အင်းဆက်ပိုးမျိုးစိတ်ပေါင်း တစ်သန်းခန့်ရှိရာ မျိုးစိတ်လေးသိန်းခန့်ဟာ ဆုံးရှုံးပျောက်ကွယ်သွားခဲ့ပြီဖြစ်ကြောင်း လေ့လာသုတေသနပြုခဲ့မှုအရ သိရပါတယ်။၁၉၇၀ ပြည့်နှစ်မှ စတင်ကာ အင်းဆက်ပိုးမျိုးများရဲ့ ၅၀ ရာခိုင်နှုန်းဟာ ပျောက်ကွယ်လာခဲ့တာကို တွေ့ရပါတယ်။ ရာသီဥတုနဲ့ပတ်ဝန်းကျင်အခြေအနေများ ပြောင်းလဲလာမှု၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု၊ ရေခဲပြင်ကြီးများ အရည်ပျော်လာမှုများနဲ့အတူ လိပ်ပြာများနဲ့ ပျားများအပါအဝင် တခြားအင်းဆက်ပိုးမျိုးများလည်း လျော့နည်းလာတာကို တွေ့ရပါတယ်။
🔸အင်းဆက်ပိုးများ မျိုးလျော့နည်းပျောက်ကွယ်လာရခြင်းမှာစိုက်ပျိုးရေးလုပ်ငန်းများတွင် သီးနှံများ ပိုးများကျရောက်မှုက ကာကွယ်ပေးနိုင်ဖို့ ပိုးသတ်ဆေးများကို ပိုမိုအသုံးပြုလာခြင်းကြောင့် အင်းဆက်ပိုးများ သေဆုံးကြရခြင်းနဲ့အတူ မြို့ပြများ တိုးချဲ့တည်ထောင်လာနေမှုနဲ့ လယ်ယာမြေများ တိုးချဲ့လာနေမှုများကြောင့်လည်း သဘာဝသစ်တောများ ဆုံးရှုံးလာရကာအင်းဆက်ပိုးများရဲ့ နေထိုင်ကျက်စားရာ နေရာဒေသများ လျော့နည်းပျောက်ဆုံးရမှုများကိုလည်း တွေ့ရပါတယ်။ ကမ္ဘာပေါ်မှာ စိုက်ပျိုးနေကြတဲ့ သီးနှံမျိုးများရဲ့ လေးပုံသုံးပုံဟာ အင်းဆက်ပိုးများရဲ့အကူအညီနဲ့ ဝတ်မှုန်ကူးကြရတာဖြစ်တဲ့အတွက် အင်းဆက်ပိုးများ လျော့နည်းပျောက်ကွယ်သွားခြင်းကြောင့် ကမ္ဘာ့အစားအစာထုတ်လုပ်မှုပေါ်မှာလည်း အဓိကထိခိုက်မှုများ ဖြစ်လာစေနိုင်ပါတယ်။ အင်းဆက်ပိုးများဟာ ငှက်များ၊ ငါးများနဲ့တခြား နို့တိုက်သတ္တဝါများရဲ့ အစာအရင်းအမြစ် ဖြစ်ပါတယ်။
🔸 အင်းဆက်ပိုးများဟာ မြေကြီးမှာပါဝင်တဲ့ အစာအာဟာရများ ပြန်လည်အသုံးပြုနိုင်ရေးကို ကူညီပေးနိုင်သကဲ့သို့ တိရစ္ဆာန်များသေဆုံးသောအခါနဲ့ တိရစ္ဆာန်များက စွန့်ပစ်လိုက်တဲ့အညစ်အကြေးများကို ဖြိုခွဲရာတွင်လည်းကူညီပေးနိုင်ကြပါတယ်။ထို့ပြင် ပျားများနဲ့ယင်ကောင်များစတဲ့ အင်းဆက်ပိုးမျိုးများဟာ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနဲ့ အခွံမာအသီးများ စိုက်ပျိုးထုတ်လုပ်ရာတွင် အရေးပါတဲ့အဆင့်မှာ ရှိနေကြတာကိုလည်း တွေ့ရပါတယ်။ အင်္ဂလန်နိုင်ငံ၊ ဆမ္မားဆက်တောရိုင်းဘဝ အားထားရာအဖွဲ့ရဲ့ လေ့လာသုတေသနပြုလုပ်မှုတွင် ဦးဆောင်ခဲ့သူအင်္ဂလန်နိုင်ငံ၊ ဆပ်ဆက်တက္ကသိုလ်က ဇီဝဗေဒပါမောက္ခ ဂေါ်ဆန်ရဲ့ အဆိုအရ ကမ္ဘာပေါ်ရှိ အင်းဆက်ပိုးမျိုးစိတ်ပေါင်း တစ်သန်းရှိတဲ့အနက် ၅၀ ရာခိုင်နှုန်းကျော် သို့မဟုတ် ဒါ့ထက်ပိုမိုတဲ့ အရေအတွက်ဟာ ၁၉၇၀ ပြည့်နှစ်မှ စတင်ကာ ဆုံးရှုံးပျောက်ကွယ်သွားနေကြကြောင်း၊ ဒါဟာကမ္ဘာကြီးရဲ့ ဂေဟစနစ်ကို များစွာထိခိုက်စေနိုင်မှာဖြစ်ကြောင်း သိရပါတယ်။
🔸အင်္ဂလန်နိုင်ငံ တစ်နိုင်ငံတည်းမှာပင် လွန်ခဲ့တဲ့ရာစုနှစ်အတွင်း ပျားနဲ့ နကျယ်မျိုးစိတ် ၂၃ ခု ပျောက်ဆုံးသွားခဲ့ကြောင်း၊ ၁၉၇၀ပြည့်နှစ်လယ်ခန့်မှ စတင်ကာ လိပ်ပြာမျိုးစိတ် ၇၇ ရာခိုင်နှုန်းခန့် ပျောက်ဆုံးသွားခဲ့ကြောင်း၊ ထို့အတူ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် ပိုးသတ်ဆေးသုံးစွဲမှု များပြားလာခြင်းကြောင့် အဆိပ်သင့်နေကြတဲ့အင်းဆက်ပိုးများကို စားသုံးမိတဲ့ငှက်များလည်း သေဆုံးခဲ့ကြရာ ငှက်မျိုးစိတ်များစွာလည်း ပျောက်ဆုံးသွားခဲ့ကြောင်း သိရပါတယ်။သုတေသီအဖွဲ့ဟာ ကမ္ဘာပေါ်မှာ အင်းဆက်ပိုးများ လျော့နည်းပျောက်ဆုံးမှုသမိုင်းဆိုင်ရာ အစီရင်ခံစာ ၇၃ စောင်ကိုလေ့လာခဲ့ရာ တစ်နှစ်လျှင် ကမ္ဘာပေါ်ရှိအင်းဆက်ပိုးမျိုးစိတ်များ စုစုပေါင်းအစုအဝေးပမာဏရဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်း လျော့နည်းလာနေတာကို တွေ့ရပါတယ်။ သိရှိမှတ်တမ်းယူပြီးဖြစ်တဲ့ ကမ္ဘာပေါ်ရှိ အင်းဆက်ပိုးမျိုးစိတ်စုစုပေါင်းရဲ့ ၄၁ ရာခိုင်နှုန်း ပျောက်ဆုံးသွားခဲ့ပြီး နောက်ထပ်မျိုးစိတ် ၃၁ ရာခိုင်နှုန်းဟာလည်း ဆုံးရှုံးပျောက်ကွယ်တော့မယ့်အခြေအနေ ရှိနေကြောင်းတွေ့ရပါတယ်။
🔸 လေ့လာတွေ့ရှိခဲ့မှုအရသက္ကရာဇ် ၂၀ဝ၀ မှ ၂၀ဝ၉ ခုနှစ်အတွင်းလိပ်ပြာနဲ့ ဖလံမျိုးစိတ်များ ဆုံးရှုံးပျောက်ကွယ်လာခဲ့ကြောင်းနဲ့ အင်္ဂလန်နိုင်ငံမှာလယ်ယာမြေများတွင် ကျက်စားနေကြတဲ့လိပ်ပြာမျိုးစိတ်များရဲ့ ၅၈ ရာခိုင်နှုန်း ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ပုစဉ်းမျိုးစိတ်များ၊ ယင်နဲ့ ကျိုင်းကောင်မျိုးစိတ်များလည်း သေဆုံးလျော့နည်းလာနေတာကို တွေ့ရပါတယ်။ ယခုနှုန်းထားအတိုင်း အင်းဆက်ပိုးများ လျော့နည်းဆုံးရှုံးလာပါက သက္ကရာဇ် ၂၁၁၉ ခုနှစ်ရောက်သော် ကမ္ဘာပေါ်မှာ အင်းဆက်ပိုးမျိုးစိတ်များ လုံးဝဆုံးရှုံးပျောက်ကွယ်သွားနိုင်ကြောင်း သုံးသပ်ကြပါတယ်။ ရာသီဥတုပြောင်းလဲလာမှု၊ သဘာဝသစ်တောများကိုလယ်ယာမြေများအဖြစ် ပြောင်းလဲစိုက်ပျိုး လာမှုများကြောင့် ငှက်များ၊ တွားသွားသတ္တဝါများနဲ့ နို့တိုက်သတ္တဝါမျိုးများဟာလည်း ဆုံးရှုံးပျောက်ကွယ်လာနေပါတယ်။
🔸သို့သော် အင်းဆက်ပိုးမျိုးစိတ်များ ဆုံးရှုံးပျောက်ကွယ်မှုနှုန်းဟာ ထိုသတ္တဝါများထက် ရှစ်ဆများကြောင်း တွေ့ရပါတယ်။ဇီဝမျိုးကွဲများ ဆုံးရှုံးပျောက်ကွယ်သွားခြင်းဟာ ကမ္ဘာ့ဂေဟစနစ်ကို ပျက်စီး စေနိုင်မယ့် ကပ်ဘေးအဖြစ်လည်း ဖြစ်လာနိုင်ပါတယ်။ မျှော်လင့်မထားဘဲ ဖြစ်လာစေနိုင်တဲ့ အင်းဆက်ပိုးမျိုးများရဲ့ ကမ္ဘာပျက်ကိန်းပင် ဖြစ်လာစေနိုင်ကြောင်း သုံးသပ်ကြပါတယ်။အင်းဆက်ပိုးမျိုးများ ပျက်စီးဆုံး ရှုံးရာတွင် ပျားများလျော့နည်းလာမှုဟာလည်း စိုးရိမ်ရတဲ့အခြေအနေ ရောက်လာနေပါတယ်။ အမေရိကန်ပြည်ထောင်စုတွင်လည်း ပျားအုံကိုလိုနီများ ကျဆင်းလာခဲ့ရာ၁၉၄၆ ခုနှစ်တွင် ပျားကိုလိုနီ ခြောက်သန်းရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၂ဒသမ ၅ သန်းသာ ရှိတော့တာကို တွေ့ရပါတယ်။ မေရီလင်းတက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၉ခုနှစ်၊ ဧပြီလအတွင်း ပျားကိုလိုနီ ၄၀ ရာခိုင်နှုန်း သေဆုံးခဲ့ကြောင်းနဲ့ ၁၃ နှစ်အတွင်း ဆုံးရှုံးမှုအများဆုံးဖြစ်ကြောင်း တွေ့ရပါတယ်။
🔸 အင်္ဂလန်နိုင်ငံတွင်လည်း အလားတူပင် ၁၉၈၀ ပြည့်နှစ်က ၂၀၁၃ခုနှစ်အတွင်း မျိုးစိတ်ပေါင်း ၃၅၃ မျိုးစိတ်ရှိတဲ့ပျားရိုင်းမျိုးများနဲ့ ဟိုဗာယင် (Hoverflies)မျိုးများရဲ့ မျိုးစိတ်သုံးပုံတစ်ပုံ လျော့နည်းသွားတာကို တွေ့ရပါတယ်။အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဌာနရဲ့ ခန့်မှန်းချက်အရ ပျားများ ဝတ်မှုန်ကူးပေးမှုကြောင့် အမေရိကန်ပြည်ထောင်စုတွင် အစားအစာအတွက်ထုတ်လုပ်တဲ့ သီးနှံမျိုးများရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၅ ဘီလျံရှိကြောင်းနဲ့ အမေရိကန်များစားသုံးတဲ့ အစားအစာများရဲ့ သုံးပုံတစ်ပုံဟာလည်း ပျားများ စတဲ့ အင်းဆက်ပိုးများရဲ့ ဝတ်မှုန်ကူးမှုမှ ရရှိတာဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာ ထုတ်လုပ်တဲ့စားသုံးသီးနှံများရဲ့ လေးပုံသုံးပုံဟာ အင်းဆက်ပိုးများ ဝတ်မှုန်ကူးပေးမှုက ရရှိနေတာဖြစ်တဲ့အတွက် အင်းဆက်ပိုးများလျော့နည်းပျောက်ဆုံးခြင်းဟာ ကမ္ဘာ့အစားအစာထုတ်လုပ်မှုနဲ့ ထောက်ပံ့မှုတို့ကို များစွာထိခိုက်စေနိုင်မှာ ဖြစ်ပါတယ်။
🔸 ကျွမ်းကျင်သူများရဲ့အဆိုအရ ပျားများ လျော့နည်းသေဆုံးကြရခြင်းမှာ သီးနှံမျိုးကွဲများ နည်းပါးလာမှု၊ ပျားမွေးမြူနည်း အလေ့အကျင့်များညံ့ဖျင်းမှုနဲ့ ပျားများ နေထိုင်ကျက်စားရာနေရာဒေသများ လျော့နည်းပျောက်ဆုံးသွားခြင်းများကြောင့် ဖြစ်ပါတယ်။နီယိုနီကိုတီနွိုက်ကဲ့သို့သော ပိုးသတ်ဆေးများ သုံးစွဲခြင်းဟာလည်း ပျားကိုလိုနီများကို ပျက်စီးသွားစေနိုင်ပါတယ်။ ကမ္ဘာပေါ်မှာထုတ်လုပ်တဲ့ ပျားရည်များရဲ့ ၇၅ ရာခိုင်နှုန်းတွင် နီယိုနီကိုတီနွိုက်ပိုးသတ်ဆေးများ ပါဝင်နေကြောင်း သုတေသနအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် ပိုးသတ်ဆေးများသုံးစွဲမှုမှာ ယခင် ၂၅ နှစ်ကာလကထက်နှစ်ဆခန့် ပိုမိုများပြားလာခြင်းဟာလည်းအင်းဆက်ပိုးများ လျော့နည်းပျောက်ဆုံးသွားစေသကဲ့သို့ မြို့ပြများ တိုးချဲ့ဖော်ထုတ်ခြင်းနဲ့ သဘာဝသစ်တောများကို ခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုးမြေများ တိုးချဲ့ဖော်ထုတ်လာခြင်းများကလည်း အင်းဆက်ပိုးများ နေထိုင်ကျက်စားရာ နေရာဒေသများလျော့နည်းသွားခြင်းကြောင့် အင်းဆက်ပိုးများ လျော့နည်းပျောက်ဆုံးသွားစေခြင်း ဖြစ်ပါတယ်။
🔸လေ့လာသုတေသနပြုမှုများကို ဥရောပနဲ့ မြောက်အမေရိကဒေသများမှာအဓိကဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။အင်းဆက်ပိုးမျိုး အများစုဟာ အပူပိုင်းဒေသများမှာ ပိုမိုနေထိုင်ကြတာဖြစ်တဲ့အတွက် အင်းဆက်ပိုးမျိုးများ လျော့နည်း ပျောက်ဆုံးမှုမှာ ပိုမိုမြန်ဆန်များပြားနိုင်တဲ့အတွက် ရာစုနှစ်တစ်ခုအတွင်း ပိုးမျိုးအားလုံး လျော့နည်းပျောက်ဆုံးသွားနိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။ ၂၀၁၇ ခုနှစ်လေ့လာခဲ့မှုအရ ဂျာမနီနိုင်ငံမှာ လွန်ခဲ့တဲ့ဆယ်စုနှစ်သုံးခုအတွင်း ပျံသန်းနိုင်တဲ့ အင်းဆက်ပိုးမျိုးများရဲ့ ၇၅ ရာခိုင်နှုန်းကျော် လျော့နည်းသွားတာကို တွေ့ရပါတယ်။ ပွေတိုရီကိုကျွန်းနိုင်ငံတွင် လေ့လာခဲ့မှုမှာလည်း ၉၈ ရာခိုင်နှုန်းသော မြေပြင်တွင် နေထိုင်ကျက်စားတဲ့ အင်းဆက်ပိုးမျိုးများဟာ ၁၉၇၀ ပြည့်နှစ်ကစတင်ကာလျော့နည်းပျောက်ဆုံးသွားခဲ့ကြောင်း တွေ့ရပါတယ်။
🔸ထို့ကြောင့် အင်းဆက်ပိုးမျိုးများလျော့နည်းပျောက်ဆုံးနေမှုမှာ ကမ္ဘာအနှံ့လျင်မြန်စွာဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။လျော့နည်းပျောက်ဆုံးသွားတဲ့ အင်းဆက်ပိုးမျိုးများတွင် လိပ်ပြာနဲ့ ဖလံမျိုးရင်း(Lepedoptera) ဝင် အင်းဆက်ပိုးမျိုးများ၊ပျား၊ နကျယ်နဲ့ ပုရွက်ဆိတ်မျိုးများ ပါဝင်တဲ့ Hymenoptera မျိုးရင်းဝင် အင်းဆက်ပိုးများနဲ့ ပိုးတောင်မာအင်းဆက်ပိုးမျိုးရင်း (Coleoptera)တွင် ပါဝင်တဲ့ အင်းဆက်ပိုးမျိုးများမှာ ထိခိုက်မှုနဲ့ ပျောက်ဆုံးမှု အများဆုံးပါဝင်နေကြတာကို တွေ့ရပါတယ်။ ရေမှာကျက်စားတဲ့ အင်းဆက်ပိုးမျိုးများတွင်ပုစဉ်းမျိုးရင်း (Odonata)အပါအဝင် တခြားရေနေအင်းဆက်ပိုး မျိုးရင်းများဖြစ်ကြတဲ့ Plecoptera မျိုးရင်း၊ Trichopteraမျိုးရင်းနဲ့ Ephemeropteraမျိုးရင်းများမှ အင်းဆက်ပိုးမျိုးများစွာမှာ လျော့နည်းပျောက်ဆုံးသွားကြကြောင်း သိရပါတယ်။ သို့သော် ဖြစ်ပေါ်လာနေတဲ့ ပတ်ဝန်းကျင်အခြေအနေကို ခံနိုင်ရည်ရှိကြတဲ့ အင်းဆက်ပိုးမျိုး အနည်းငယ်မှာ တိုးပွားလာနေတာကို တွေ့ရပါတယ်။အထူးသဖြင့် ရေညစ်ညမ်းမှုရှိတဲ့ မြို့ပြနေရာများမှာ တွေ့ရပါတယ်။
🔸ယခုအခါမှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု မြင့်မားလာမှုနဲ့အတူ ကမ္ဘာကြီးပူနွေးလာမှုကိုလျှော့ချထိန်းချုပ်ပေးနိုင်ရန် တိရစ္ဆာန်အသားများ စားသုံးမှုအစား သဘာဝအလျောက် ပေါက်ပွားနေကြကာ ဒေသအလိုက် စာသုံးနေကြတဲ့ အင်းဆက်ပိုးမျိုးများကို အသားအစားထိုး စားသုံးနိုင်ကြဖို့အတွက် စီးပွားဖြစ် မွေးမြူထုတ်လုပ် စားသုံးရေးကို တစ်ဖက်က စည်းရုံးအားပေးဆောင်ရွက်မှုများ ရှိလာနေတာကို တွေ့ရပါတယ်။ ဒေသအလိုက်၊ လူမျိုးနဲ့ ဓလေ့ထုံးတမ်းစဉ်လာယဉ်ကျေးမှု စသည်တို့အပေါ် မူတည်ကာ အင်းဆက်ပိုးစားသုံးမှု အခြေအနေများ မတူညီကြတဲ့အတွက် အသားအစားထိုး စားသုံးတဲ့ အင်းဆက်ပိုးမျိုးစိတ်များလည်း မတူညီနိုင်ကြပါ။ စားသုံးနိုင်တဲ့ အင်းဆက်ပိုးမျိုးစိတ်အလိုက် ဒေသနဲ့ကိုက်ညီတဲ့ မွေးမြူထုတ်လုပ်နည်းများကို စမ်းသပ်ရှာဖွေဖော်ထုတ်ကြကာ စီးပွားဖြစ် ကျယ်ပြန့်စွာ မွေးမြူထုတ်လုပ်လာပါက အင်းဆက်ပိုးမျိုးများ ပမာဏတိုးတက်လာစေနိုင်မှာ ဖြစ်ပါတယ်။
- ဒေါက်တာစိန်လှဗိုလ်
- မြန်မာတောင်သူကြီးများဂျာနယ်