menu

အမြင့်စျေးနှင့် ဧရာမတ်ပဲ


🍃🍃🍃🍃🍃🍃🍃🍃🍃🍃

✔️မတ်ပဲစျေးနှုန်းများအမြင့်စျေးသို့တဖြည်းဖြည်းရောက်ရှိလာပြီးတက်စျေးဖြင့် ရပ်တည်နေသည်မှာ တစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယခင်သီတင်းပတ်ကာလအထိ ဧရာဝတီတိုင်းဒေသကြီး မတ်ပဲစျေးနှုန်းသည် တစ်တင်းလျှင် ကျပ် ၄၆,၀၀၀ ဖြစ်သည်။

✔️ထို့နောက်ဆက်လက်တက်လာခဲ့ရာ စက်တင်ဘာလ (၃) ရက်နေ့တွင် တစ်တင်းလျှင် ကျပ် ၄၆,၀၀၀၊ (၄) ရက်နေ့တွင် ကျပ် ၄၈,၀၀၀၊ (၅) ရက်နေ့တွင် ကျပ် ၄၉,၀၀၀၊ (၆) ရက်နေ့တွင် ကျပ်၄၉,၄၀၀ ၊ (၇) ရက်နေ့တွင် ကျပ် ၄၈,၅၀၀၊ (၈) ရက်နေ့တွင် ကျပ် ၄၉,၀၀၀၊ (၉) ရက်နေ့တွင် ကျပ် ၄၉,၂၀၀ အသီးသီးဖြစ်သည်။

✔️အိန္ဒိယနိုင်ငံသည် ဆောင်းသီးနှံများအတွက် အခြေခံစံစျေးနှုန်း MSP ကိုတိုးမြှင့်သတ်မှတ်ပေးပြီးနောက် ပြည်တွင်းပဲမျိုးစုံစျေးနှုန်းများမြင့်တက်လာခဲ့သည်။ MSP သည် တောင်သူများအတွက် သတ်မှတ် ပေးသော သီးနှံအခြေခံစျေးနှုန်းဖြစ်သည်။ သီးနှံစျေးနှုန်းများသည် MSP နှုန်းထက် ပိုမိုကျဆင်းသွားပါက အစိုးရသည် သတ်မှတ်ထားသော MSP နှုန်းဖြင့်တောင်သူများထံမှ ဝယ်ယူပေးမည်ဖြစ်သည်။ 

✔️MSP နှုန်းမြှင့်သတ်မှတ်ပေးလိုက်ခြင်း၊ ပြည်တွင်းပဲခွဲစက်များမှဝယ်လိုအားကောင်းနေခြင်း၊ ရာသီဥတုအခြေအနေအရ ပဲထွက်နှုန်းလျော့နည်းနိုင်ခြင်း စသည့်အချက်များကြောင့် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းပဲစျေးနှုန်းများ မြင့်တက်လျှက်ရှိသည်။ ထို့အတူ အဓိကတင်ပို့ရောင်းချနေသည့် မြန်မာမတ်ပဲနှင့် အခြားပဲမျိုးစုံ၏စျေးနှုန်းများလည်း မြင့်တက်လာနေသည့်အပြင် မြန်မာကျပ်ငွေစျေးကျဆင်းခြင်းကြောင့်လည်း ကုန်ပစ္စည်းစျေးနှုန်းများ တက်လာနေသည်။

✔️Covid 19 ကူးစက်ရောဂါကြောင့် ၃ လကျော်ပိတ်ထားခဲ့သော တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများလည်း စက်တင်ဘာလလယ်တွင် ပြန်လည်ဖွင့်လှစ်ရန် သတင်းများထွက်ပေါ်လာ ပြီးနောက် ပြည်ပတင်ပို့နေသည့် ပဲမျိုးစုံစျေးနှုန်းများ နှင့် နှမ်းစျေးနှုန်းများတက်စျေးတွင်ရပ်တည်နေကြောင်း သိရှိရသည်။

✔️ဈေးကွက်သတင်းများကိုတောင်သူဦးကြီးများ သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Credit to : ဧရာကုန်သွယ်မှုဗဟိုဌာန (မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့)

9-9-2021