menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
အစေ့ထုတ်ပြောင်း အထွက်တိုးအောင် မြေသြဇာ ဘယ်လို ကျွေးရမလဲ
🌿🌽🌿🌽🌿🌽🌿🌽🌿🌽🌿🌽🌿
အစေ့ထုတ်ပြောင်းဟာ ဒီဘက်ခေတ်မှာ ပြည်ပဈေးကွက်ရှိလာတဲ့အတွက် စိုက်ဧကလည်း အတော်တက်လာတယ်။ အစေ့ထုတ်ပြောင်း စိုက်ကြမယ်ဆိုရင်တော့ ဓာတ်မြေသြဇာကျွေးတဲ့နည်းစနစ်မှန်ဖို့နဲ့ ပိုးမွှားရောဂါအချိန်မီကာကွယ်နှိမ်နင်းဖို့ အထူးသတိပြုရမှာ ဖြစ်ပါတယ်။ အစေ့ထုတ်ပြောင်းဟာ အထွက်များဖို့အတွက် မြေတွင်းက အစာအာဟာရကို စုပ်ယူစားသုံးမှုများတဲ့ သီးနှံဖြစ်ပါတယ်။ ဆိုလိုတာက အစေ့ထုတ်ပြောင်းကို အာဟာရများများကျွေးနိုင်မှ အထွက်ကောင်းကိုပေးတယ်ဆိုတာ သိစေချင်ပါတယ်။
အစေ့ထုတ်ပြောင်းဟာ တစ်ဧက ပြောင်းစေ့ ၃ ဒသမ ၇၅ တန်ထွက်ဖို့ နိုက်ထရိုဂျင်ဓာတ် ၁၃၅ ပေါင်၊ ဖော့စဖိတ်ဓာတ် ၉၄ ပေါင်၊ ပိုတက်စီယမ်ဓာတ် ပေါင် ၄၀၊ ကယ်လ်စီယမ် နှစ်ပေါင်၊ မဂ္ဂနီစီယမ် ရှစ်ပေါင်၊ ဆာလ်ဖာ ၁၀ ပေါင် ထုတ်နုတ်စားသုံးသွားတယ်။ ဒါ့ပြင် ပြောင်းတစ်ဧကမှာကျန်ရစ်တဲ့ ပြောင်းရိုး၊ ပြောင်းရွက်တွေထဲမှာလည်း ပြောင်းရိုး၊ ပြောင်းရွက် ၄ ဒသမ ၅တန်မှာ နိုက်ထရိုဂျင်ဓာတ် ပေါင် ၁၀၀၊ ဖော့စဖိတ်ဓာတ် ၃၇ ပေါင်၊ ပိုတက်စီယမ်ဓာတ် ၁၄၅ ပေါင်၊ ကယ်လ်စီယမ်ဓာတ် ၂၆ပေါင်၊ မဂ္ဂနီစီယမ်ဓာတ် ပေါင် ၂၀ နဲ့ ဆာလ်ဖာ ၁၄ ပေါင် ကျန်ရစ်ပါတယ်။
အစေ့ထုတ်ပြောင်း အထွက်တိုးဖို့အတွက် အသုံးပြုတဲ့မျိုးဟာလည်း အရေးပါတဲ့အချက်တစ်ချက်ပါပဲ။ အကြံပြုရရင်တော့ ရေဆင်းစိုက်ပျိုးရေးသုတေသနကထုတ်ဝေထားတဲ့ ရေဆင်းစပ်မျိုးပြောင်း ရေဆင်း (၁၀)၊ ရေဆင်း (၁၁) မျိုးနဲ့ CP.888 မျိုးတွေကို ရွေးချယ်သင့်ပါတယ်။ အပင်အရေအတွက်အနေနဲ့ကတော့ မိုးရာသီ တစ်ဧက အပင် ၂၃၀၀၀ မှ ၂၅၀၀၀၊ ဆောင်းရာသီ တစ်ဧကအပင် ၁၇၀၀၀ မှ ၂၀၀၀၀ ပြည့်အောင် ဂရုစိုက်ဖို့လိုပါတယ်။ တစ်ဧကအပင်ရေမပြည့်ဘူးဆိုရင် အထွက် ၄၀ မှ ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ပါတယ်။
အစေ့ထုတ်ပြောင်းဟာ ဓာတ်မြေသြဇာနဲ့ သဘာဝမြေသြဇာ ကြိုက်နှစ်သက်တဲ့သီးနှံဖြစ်တဲ့အတွက် မြေပြင်ချိန်မှာ နွားချေး၊ မြေဆွေးတစ်ဧက လှည်း ၁၀ စီး မဖြစ်မနေထည့်ဖို့လိုပါတယ်။ မြေပြင်ချိန်မှာ ယူရီးယား ၅၆ ပေါင်ကို တစ်ပါတည်းထည့်ပါ။ တောင်ပေါ်ဒေသတွေဟာ မြေချဉ်တတ်တဲ့အတွက် မဖောက်ထုံး တစ်ဧက ပေါင် ၅၀၀ ကို မြေလှန်ထားချိန် (မစိုက်မီတစ်လအလို) မှာ ထည့်ပေးပါ။ စိုက်ပျိုးပြီး အပင် ၁၅ ရက်၊ ရက်၂၀ သား ရရှိတဲ့အချိန်မှာ အပင်သားခွဲပေါင်းရှင်းပြီး ယူရီးယားမြေသြဇာ ဒုတိယအကြိမ် ၅၆ ပေါင်ကို အမြစ်ဇုန်ရောက်အောင် မြေဆွပြီး ထည့်ပေးဖို့လိုပါတယ်။ ပြောင်းပင် ၄၅ ရက်သားကျော်လာရင် ယူရီးယားမြေသြဇာ ၅၆ ပေါင်ကို တတိယအကြိမ်ထည့်ပေးပြီး မြေဆွဘောင်တင်ပေးဖို့ လိုပါတယ်။ ဒါမှ အပင်ယိုင်လဲခြင်းကိုလည်း ကာကွယ်ပြီး ဖြစ်စေမှာပါ။
တီစူပါမြေသြဇာတစ်ဧက ၂၂၄ ပေါင်ကို မြေယာပြုပြင်ချိန်မှာ တစ်ကြိမ်တည်းထည့်ပေးဖို့လိုပါတယ်။ ပိုတက်ရှ်မြေသြဇာတစ်ဧက ၅၆ ပေါင်ကိုလည်း မြေပြင်ချိန်မှာထည့်ပေးပြီး ၂၈ ပေါင်ကို အပင်သက် ၁၅ ရက်၊ ရက် ၂၀ သားမှာ ဒုတိယတစ်ကြိမ်ထည့်ပေးဖို့ လိုပါတယ်။ အပင်သက် ၄၅ ရက် သားခန့်မှာ ပိုတက်ရှ်မြေသြဇာ ၂၈ ပေါင်ကိုတတိယအကြိမ် ထည့်ပေးဖို့ လိုအပ်ပါတယ်။ အစေ့ထုတ်ပြောင်း အပင်သက်တမ်း၁၅ ရက်၊ ရက် ၂၀ သားမှာ ယူရီးယားမြေသြဇာ ၅၆ ပေါင် ဒုတိယအကြိမ်ထည့်ချိန်မှာ ပိုတက်ရှ်မြေသြဇာ ၂၈ ပေါင်ကို ဒုတိယအကြိမ် ရောထည့်ပေးပါကလည်း ဖြစ်ပါတယ်။
အစေ့ထုတ်ပြောင်း ပိုးမွှားရောဂါအနေနဲ့ကတော့ အပင်ငယ်စဉ်မှာ ရွက်ဖြတ်ပိုး၊ ရွက်စားပိုး၊ ပျပိုး၊ ပန်းပွင့်ချိန်မှာ ကျရောက်တဲ့ပျပိုး၊ အဖူးဝင်ချိန်မှာ ကျရောက်တဲ့ ဖူးစားပိုး၊ အစေ့ထိုးပိုးများကို အချိန်မီကာကွယ်နှိမ်နင်းဖို့ လိုပါတယ်။ အစေ့ထုတ်ပြောင်း ရောဂါအနေနဲ့ကတော့ ရွက်ဖုံးခြောက်၊ ပင်စည်ပုပ်၊ ရွက်ခြောက်ရောဂါများကို မျိုးစေ့နဲ့ မှိုသတ်ဆေးတစ်မျိုးမျိုးနဲ့ လူးနယ်စိုက်ပျိုးပါ။
အစေ့ထုတ်ပြောင်းပင် လေးပတ်သားအထိ ပေါင်းမြက်လုံးဝကင်းရှင်းအောင် ဂရုစိုက်ပါလို့ အကြံပြုလိုက်ပါတယ်။
အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၀ပြည့်နှစ် ဩဂုတ်လ (၂၄-၃၀)ရက်။