menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“အစေ့ထုတ်ပြောင်းစိုက်ပျိုးနည်း”
🍃🌽🍃🌽🍃🌽🍃🌽🍃🌽🍃
မျိုးရွေးချယ်ခြင်း
-------------
စိုက်ပျိုးရန်သင့်သောမျိုးများမှာ တောင်ပေါ်ဒေသများတွင် ဆင်းရွှေလီစပ်မျိုး၊ ဧကရီ၊ ရေဆင်းစပ်မျိုး(၃)၊ ရေဆင်းစပ်မျိုး(၅)၊ ၈၈၈မျိုး၊ ၉၉၉မျိုး တို့ဖြစ်သည်။ မြေပြန့်ဒေသများတွင် ရွှေဝါ(၁)၊ စူဝမ်(၃)၊ ရေဆင်းစပ်မျိုး(၂)၊ ရေဆင်းစပ်မျိုး(၄) တို့ဖြစ်သည်။
ရေမြေရာသီဥတု
--------------
အစေ့ထုတ်ပြောင်းသည် မြေတွင်းရှိ အာဟာရဓါတ် စုပ်ယူစားသုံးမှုများသော သီးနှံဖြစ်သည်။ ထို့ကြောင့် မြေဆီသြဇာထက်သန်သော နုန်းမြေ၊ နုန်းမြေစေး၊ သဲနုန်းမြေတို့တွင် အထွက်နှုန်းပိုကောင်းသည်။ ရှမ်းပြည်နယ်တွင် မြေနီသဲဝန်း၊ သဲနုန်းမြေများ၊ အစိုဓါတ်ထိန်းသိမ်းနိုင်ပြီး ရေမဝပ်သော ရေစီးရေလာ ကောင်းသောမြေများတွင် ဖြစ်ထွန်းမှုရှိသည်။ မြေချဉ်ငန်ဓါတ် (၅.၅-၇.၅)အတွင်း ကြိုက်နှစ်သက်သည်။ မိုးရေချိန်လက်မ (၃၅-၄၅) ရှိပြီး ညီညွတ်မျှတစွာရွာသွန်းမှုရှိပါကပိုကောင်းသည်။ သို့ရာတွင် ပြောင်းပင် ၁လသားအရွယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မမိစေရန် ဂရုစိုက်ရမည်။ ရေဝပ်မှုမရှိစေရန်လည်း ကြိုတင်ဆောင်ရွက်ထားရမည်။
စိုက်ပျိုးချိန်
---------
ပြောင်းစိုက်ပျိုးချိန်သည် အရေးကြီးသည်။ မိုးများတတ်သည့် လများဖြစ်သော ဇွန်၊ ဇူလိုင်၊ သြဂုတ်လ များတွင် အပင်သက်တမ်းရနေမှသာ မိုးဒဏ်ခံနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မိုးရာသီတွင် စိုက်ပျိုးမည် ဆိုပါက ဧပြီလလယ်မှမေလကုန်အပြီး စိုက်သင့်ပြီး ဆောင်းရာသီ စိုက်ပျိုးမည်ဆိုပါက အောက်တိုဘာလ မှ နိုဝင်ဘာလကုန်အပြီး စိုက်ပျိုးသင့်သည်။
မြေပြုပြင်ခြင်း
------------
မြေပြုပြင်ရာတွင် ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်ထွန်ရန် အရေးကြီးသည်။ မိုးတွင်း ပြောင်းစိုက်မည် ဆိုပါက မိုးကြိုထယ်ရေးဝင်ပေးနိုင်လျှင် ပိုကောင်းသည်။ မြေမပြုပြင်မီ နွားချေးမြေဆွေး (၁၀-၁၅)စီးအထိ ချပေးရမည်။ တောင်စောင်း၊ တောင်ကုန်းများတွင် မြေပြုပြင်ချိန် ပေါက်ပြားများဖြင့် (၂.၅)ပေ အကွာမြောင်းများ ပြုလုပ်၍ မြောင်းများတွင် သဘာ၀ နွားချေးမြေသြဇာများ လိုက်၍ချပေးရမည်။ တစ်ဧကအတွက် ယူရီးယား ၂အိတ်၊ တီစူပါ ၂အိတ်၊ ပိုတက်ရှ် အိတ်တစ်ဝက် အသုံးပြုရန်လိုအပ်သည်။ တီစူပါနှင့် ပိုတက်ရှ်မြေသြဇာကိုမြေပြုပြင်ချိန်တွင် မြေခံအဖြစ်တစ်ကြိမ်တည်း ထည့်သွင်းပေးရမည်။ ယူရီးယားမြေသြဇာအား မြေပြုပြင်ချိန်တွင် မြေခံအဖြစ်တစ်ကြိမ်၊ အပင်ကြီးထွားချိန် ၁လသားတွင်တစ်ကြိမ်၊ ပန်းမပွင့်မီတစ်ကြိမ်၊ ပြောင်းဖူးစေ့အစာဖြည့်သွင်းချိန်တွင် တစ်ကြိမ်ထည့်ပေးရမည်။
စိုက်ပျိုးခြင်း
----------
နွေထွန်ရေးခံထားသော စိုက်ကွင်းများတွင် မိုးရာသီမြေပြုပြင်ချိန်တွင် မိုးရာသီ အစေ့ထုတ်ပြောင်း စိုက်ရန် အကောင်းဆုံးဖြစ်သည်။ နွေထွန်ရေး မခံနိုင်ပါက မိုးကြိုထွန်ရေးခံခြင်းဖြင့် ထွန်ရေးကောင်းပြီး အစိုဓါတ်ပိုရရှိသဖြင့် အထွက်နှုန်းကောင်းစေသည်။ တောင်ကုန်းတောင်စောင်းများတွင် မထွန်ယက် နိုင်ပါက ပေါက်ပြားဖြင့် ထွန်ရေးကောင်းကောင်း မြေပြုပြင်ပြီး တစ်တန်းနှင့် တစ်တန်း ၂ပေခွဲ၊ တစ်ပင်နှင့်တစ်ပင် ၉လက်မခြား၍ မျိုးစေ့ချပေးရမည်။ တစ်ကျင်းလျှင် တစ်စေ့နှုန်းသာ ချပေးရမည်။ မေလ၊ ဇွန်လများတွင် ရွာသွန်းသော မိုးရေတွင် စိုက်ပျိုးထားသော အပင်များကို (၁၄)ရက်အတွင် အချိန်မှီ သားခွဲပေးရမည်။ ပင်ခြေမြေဆွပေးရန် အထူးလိုအပ်ပြီး အချိန်မီ သားမခွဲဘဲ နောက်ကျမှ အပင်သားခွဲပါက အထွက်နှုန်းကျဆင်းသွားတတ်သည်။
အပင်ပြုစုခြင်း
-----------
တစ်ပင်လျှင် စံနှုန်းပြည့် တစ်ဖူးနှုန်းရရှိစေရန် အပင်သက်တမ်း(၃၅-၄၀) ရက်သားအတွင်း ဘောင်တင် မြေတောင်မမြှောက်မီ ယူရီးယား ၂၈ ပေါင်ကို နွားချေးဆွေးနှင့် ရော၍ စိုက်တန်းများကြားတွင် ချပြီး မြေတောင်မြှောက်ပေါင်းတင်ပေးရမည်။ ထိုသက်တမ်း အရွယ်မှာပင် အဖိုနှံသည် လျင်မြန်စွာကြီးထွား လာပြီး ပင်စည်ခြောက်ဆစ်မှစ၍ ပြောင်းဖူးအစို့သားလောင်းများထွက်လာသည်။ ၎င်းကြီးထွားရန် အတွက် အစိုဓါတ်နှင့် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ် ဓါတ်များလိုအပ်သည်။ အပင်သက် (၈)ပတ်သားအရွယ်တွင် အဖိုနှံများ စတင်ထွက်လာပြီး (၆၀-၆၆) ရက်သားတွင် အဖိုနှံမှ အဖိုဝတ်မှုန်များ စတင်ကွဲထွက်လာသည်။ ထိုအချိန်တွင် အမမြိတ်ဆာများလည်း ပြောင်းဖူး အပြင်သို့ထွက်လာသည်။ ထိုအမအမြိတ်များပေါ်သို့ အမဝတ်မှုန်များ ကျရောက်ပြီးမျိုးအောင်သည်။ ထိုအချိန်တွင် ပင်ပိုင်းကြီးထွား မှုမှာလည်း ရပ်တန့်သွားသည်။ မျိုးအောင်ပြီး (၁၂)ရက်မှစတင်၍ ပြောင်းစေ့သားလောင်း စတင်ကြီးထွား ပြီး အစေ့အတွင်း ကစီဓါတ်ဖြည့်တင်းသည်။ အမမြတ်ဆာထွက်လာပြီး (၂၄)ရက်သားခန့်တွင် အစေ့မှာ ရာနှုန်းပြည့်ကြီးထွားလာပြီး အစာဖြည့်တင်းမှု ရပ်ဆိုင်းသွားသည်။ ပြောင်းစေ့အတွင်း ကစီဓါတ် ဖြည့်တင်းချိန်တွင် အရွက်ကချက်လုပ်သော အစာ၏ ၆၀% ကို အစေ့ဖြစ်စေရန်အတွက် အသုံးချသည်။ ထိုအချိန်တွင် အောင်စေ့များစေရန်အတွက် ယူရီးယား ၂၅ပေါင်ကို နွားချေးဆွေးနှင့် ရော၍ကျွေးရမည်။
ပိုးမွှားများကာကွယ်ခြင်း
---------------------
ပြောင်းဖူးပင်(၄၅)ရက်သားအရွယ်တွင် ရွက်စားပိုးနှင့် ခေါင်ညွန့်ထိုးပိုးများကျရောက်တတ်သည်။ ပန်းပွင့်ချိန်တွင် ပိုးဖြတ်ပါက ပျပိုးများ ကျရောက်တတ်သည်။ ကြွက်၊ ကြက်တူရွေးနှင့် ရှဉ့်တို့သည် နို့ရည်တည်ချိန်တွင် ဖျက်ဆီးတတ်သဖြင့် ဆေးဖျန်းခြင်း၊ ခြောက်လှန့်ခြင်းဖြင့် ကာကွယ်နိုင်သည်။ ပြောင်းများ အဝါရောင်သန်းပြီး ပြောင်းရိုးအညှာတွင် အညိုရောင်ကွင်း မတွေ့ရမီ (၁၀)ရက်ခန့် အလိုတွင် အပင်ကြားရှိပေါင်းများကို ပေါင်းသတ်ဆေးဖျန်း၍ နှိမ်နင်းပေးရမည်။
ရိတ်သိမ်းခြင်း
-----------
အစေ့ထုတ်ပြောင်းဖူးဖက်အဝါရောင်သန်းပြီး အဖူးအညှာတွင် အညိုရောင်ကွင်းပေါ်လာပါက ရိတ်သိမ်းသင့်သည်။ ထိုအချိန်တွင် အစေ့တွင်း အစိုဓါတ် (၂၅-၃၅)% ခန့် ရှိနိုင်သဖြင့် ဖက်ကို ချက်ချင်းခွာပြီး (၅-၇) ရက်ခန့် ခပ်ပါးပါးနေလှန်းပေးပါ။ အစေ့ချွေပြီးပါက တစ်နေထပ်လှန်းပြီး အဖျင်း၊ အမှော်၊ လုံးပိန်၊ လုံးညှပ်များကို သန့်စင်ရမည်။
Sources : လယ်ယာသီးနှံများစိုက်ပျိုးနည်း