menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဓာတုပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ခြင်
🔸ဓာတုပစ္စည်းများဟာ လယ်ယာကဏ္ဍသီးနှံ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ မြို့ပြစည်ပင် သာယာရေးလုပ်ငန်းများမှာ အသုံးများတာတွေ့ရတယ်။ ဒီလိုအသုံးပြုကြရတဲ့ ဓာတုပစ္စည်းတွေဟာ အသုံးပြုမှုနည်းစနစ် မမှန်ကန်ခြင်း၊ လုပ်ငန်းနဲ့ အမျိုးအစား မကိုက်ညီခြင်း၊ သုံးစွဲရန် သတ်မှတ်ထားတဲ့ပမာဏထက် ပိုမိုအသုံးပြုခြင်း၊ သုံးစွဲတဲ့ ဓာတုဆေးများကို စနစ်တကျ မစွန့်ပစ်ခြင်း၊ သုံးစွဲရန်သတ်မှတ်ထားတဲ့ အကြိမ်အရေအတွက်ထက် ပိုမိုအသုံးပြုခြင်း၊ ပြင်းအားများတဲ့ဆေးများကို အသုံးပြုခြင်း၊ မသုံးစွဲဖို့ တားမြစ်ထားတဲ့ ဆေးများကို အသုံးပြုခြင်းများကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်စေပြီး လူ၊ သတ္တဝါတို့ကို အဆိပ်သင့်ခံရတဲ့အထိ ကြုံလာရပါတယ်။
🔸ဓာတုပစ္စည်းများအနက် ဓာတ်မြေသြဇာတွေလည်း ပါဝင်နေပါတယ်။ ဒီနေ့တောင်သူလယ်သမားကြီးတွေရဲ့ လုပ်ငန်းခွင်မှာ ဓာတ်မြေသြဇာနဲ့ကင်းတဲ့လယ်သမား မရှိသလောက်ဖြစ်ပါတယ်။ ကျေးလက်ဒေသတွေမှာ တောင်သူလယ်သမားကြီးများဟာ ဓာတ်မြေသြဇာတွေနဲ့ နိစ္စဓူ၀ နပန်းလုံးနေကြရပါတယ်။ ဒါပေမယ့် တောင်သူလယ်သမားကြီးတွေဟာ ဓာတ်မြေသြဇာများကပေးတဲ့ ညစ်ညမ်းမှုအနိဋ္ဌာရုံနဲ့ အဆိပ်သင့်ခံရမှုကိုတော့ သတိမမူ၊ ဂူမမြင် ဖြစ်နေကြတာ တွေ့ရပါတယ်။သိပ္ပံပညာရှင်တွေက ဓာတ်မြေသြဇာများကြောင့်ဖြစ်ရတဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ အဆိပ်သင့်ခံရမှု အကြောင်းရင်းများကို လေ့လာမှတ်တမ်းတင်ထားပါတယ်။ အဲဒါကတော့ (၁) အာဟာရအချိုးမမှန်ဖြစ်ခြင်း၊ (၂) နိုက်ထရိတ်ညစ်ညမ်းမှုဖြစ်စေခြင်း၊ (၃) ရေနာဖြစ်စေခြင်းတို့ ဖြစ်ပါတယ်။
🔸အာဟာရအချိုး မမှန်ကန်ခြင်းမှာတောင်သူလယ်သမားအများစုဟာ သီးနှံပင်အတွက် လိုအပ်တဲ့ဓာတ် ၁၃ မျိုးအနက် နိုက်ထရိုဂျင်နဲ့ ဖော့စ်ဖရပ်ဓာတ်သာ အလေးထားသုံးစွဲလာရာမှာ တခြားဓာတ်တွေ လျော့နည်းခြင်း၊ ချို့တဲ့ခြင်းများနဲ့ ရင်ဆိုင်လာကြရပါတယ်။ ဓာတ်များ ချို့တဲ့လာခြင်းကြောင့် မြေဆီလွှာအတွင်း ဓာတု၊ ရူပ၊ ဇီဝပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ ထိခိုက်လာစေပါတယ်။ဒါ့ပြင် ဓာတ်မြေသြဇာများအတွင်း မရည်ရွယ်ဘဲ ယူရီးယားမှာပါလာတဲ့ ခဲဓာတ်၊ တီစူပါမှာပါလာတဲ့ ကက်ဒ်မီယမ်ဓာတ်များကြောင့် လူ၊ သတ္တဝါတို့ကို အဆိပ်သင့်စေပါတယ်။ အမေရိကန်နိုင်ငံ ပြောင်းစိုက်ခင်းတွေမှာ အပင်က ၅၀ ရာခိုင်နှုန်းသာ စားသုံးပြီး ပိုနေတဲ့ဓာတ်တွေဟာ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေပြီး လူ၊ သတ္တဝါတို့ကို ဒုက္ခပေးပါတယ်။
🔸နိုက်ထရိတ်မြေသြဇာတွေဟာ ရေမှာပျော်ဝင်စေပြီး မြေဆီလွှာအတွင်း အောက်သို့စိမ့်ဝင်သွားသဖြင့် မြေအောက်ရေကို ညစ်ညမ်းစေပါတယ်။ မြေအောက်ရေ တစ်လီတာမှာ နိုက်ထရိတ်ဓာတ် ၂၅ မီလီဂရမ်ပါဝင်နေပါက လူ၊ သတ္တဝါတို့ရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ သောက်သုံးရေမှာ နိုက်ထရိတ် ၁၀ မီလီဂရမ်ထက်ပို၍ ပါဝင်နေပါက သွေးကို အဆိပ်သင့်စေပါတယ်။ ဒါကြောင့် လူတွေအသုံးပြုတဲ့ ရေတွင်း၊ ရေကန်တွေနဲ့ ပေ ၁၀၀ ကွာထားပြီး နိုက်ထရိတ်မြေသြဇာတွေကို အသုံးပြုသင့်ပါတယ်။ အနီးအနားမှာလည်း သိုလှောင်မထားသင့်ပါ။ ထို့အတူ ကြက်၊ ဝက်၊ကျွဲ၊ နွားတွေရဲ့ အညစ်အကြေးမှ နိုက်ထရိတ်ဓာတ်တွေ အရည်ပျော်စီးဆင်းနိုင်တဲ့အတွက် နီးစပ်ရာနေရာမှာ မမွေးမြူသင့်ပါ။ အညစ်အကြေးများကိုလည်း စုပြုံမထားသင့်ပါ။
🔸ရေနာခြင်းဖြစ်စဉ်မှာ နိုက်ထရိုဂျင်မြေသြဇာများနဲ့ ဖော့စ်ဖရပ်မြေသြဇာများကို လွန်ကဲစွာအသုံးပြုပါက ပိုနေတဲ့ဓာတ်တွေဟာ မြစ်၊ ချောင်းအင်းအိုင်များသို့ စိမ့်ဆင်းသွားပါတယ်။ ဒီအကျိုးဆက်ကြောင့်ရေများ ရေညှိပေါက်ခြင်း၊ ရေညှိပင်များသေခြင်း၊ ပုပ်သိုးခြင်းတွေ ဖြစ်ပေါ်ပြီး ရေများညစ်ညမ်း၍ အဆိပ်သင့်စေပါတယ်။ ရေနေသတ္တဝါများ သေကြရပါတယ်။ လူတို့သောက်သုံးလို့မရတဲ့ရေအဖြစ် ပြောင်းလဲသွားပါတယ်။ ရေညှိပင်များ ပုပ်သိုးခြင်းဖြစ်ဖို့ ရေထဲက အောက်ဆီဂျင်ကို အသုံးပြုရာရေတွင်းအောက်ဆီဂျင် ခန်းခြောက်ခြင်း ဖြစ်စေပါတယ်။ လေမဲ့အခြေအနေ ဖြစ်ပေါ်ပြီးသက်ရှိများအားလုံး သေကျေပျက်စီးခြင်းဖြစ်ရပြီး ရောဂါပိုးမွှားတွေနဲ့ ဘက်တီးရီးယားတချို့သာ အသက်ရှင်ကျန်ပါတော့တယ်။ သက်ရှိတွေကို ဒုက္ခပေးပါတယ်။
🔸သီးနှံတွေ အထွက်တိုးရေးအတွက်ဓာတ်မြေသြဇာတွေကို မရှိမဖြစ် အသုံးပြုနေရဦးမှာ ဖြစ်ပါတယ်။ သို့သော်လည်း တန်ဆေး၊ လွန်ဘေးဆိုသလို ဓာတ်မြေသြဇာတွေကို သတ်မှတ်နှုန်းထားအတိုင်း အသုံးပြုကြဖို့ လိုအပ်ပါတယ်။ ဓာတ်မြေသြဇာတွေကိုလျှော့သုံးခြင်းထက် ပို၍သုံးစွဲခြင်းက အန္တရာယ်နယ်ပယ်ကို တွန်းပို့ရာရောက်စေကြောင်း သတိပြုကြရန် တိုက်တွန်းလိုက်ရပါတယ်။
- အောင်ဆန်း(စိုက်ပျိုးရေး)
- မြန်မာတောင်သူကြီးများဂျာနယ်