menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဒန့်သလွန် စိုက်ပျိုးနည်း
🌿🌿🌿🌿🌿🌿🌿🌿🌿🌿
မြန်မာအမည် - ဒန့်သလွန်
အင်္ဂလိပ်အမည် - DRUM STICK
ရုက္ခဗေဒအမည် - Moriga oleifera
မျိုးရင်းအမည် - MORINGACEAE
၁။ ရာသီဥတု
ဒန့်သလွန်ပင်သည် အပူပိုင်းသီးနှံ ဖြစ်သော်လည်း တောင်ပေါ် မြေပြန့်မရွေး ဖြစ်ထွန်းသဖြင့် ရာသီဥတုမရွေးသောအပင်ဟုဆိုနိုင်ပါသည်။
၂။ မြေအမျိုးအစား
ဒန့်သလွန်ပင်သည် သဲဆန်လွန်းသောမြေနှင့် ကျောက်စရစ်မြေများမှလွဲ၍ မြေမရွေး ဖြစ်ထွန်းပါသည်။ ဒန့်သလွန်စိုက်ပျိုးရန် မြေဩဇာထက်သန်ပြီး ရေမဝပ်သော နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းမြေစေးများသည် အကောင်းဆုံးဖြစ်ပါသည်။
၃။ စိုက်ပျိုးနည်း
ဒန့်သလွန်ပင်ကို အိမ်ခြံဝင်းများ၌ စားသုံးသီးပင်အဖြစ် တစ်ပင်နှစ်ပင်ခန့် စိုက်ပျိုးကြသော်လည်း စနစ်တကျ စီးပွားဖြစ် စိုက်ပျိုးကြခြင်း မရှိကြသေးပါ။ ဒန့်သလွန်ပင်ကို အကိုင်းဖြတ်၍ လည်းကောင်း၊ အစေ့တိုက်ရိုက် မြေချ၍ လည်းကောင်း စိုက်ပျိုးလေ့ရှိကြသည်။
(က) ကိုင်းဖြတ်စိုက်နည်း
အကိုင်းဖြတ်စိုက်ခြင်းကို မိုးဦးကျချိန် ဇွန်လတွင်ဆောင်ရွက်ရသည်။ ဒန့်သလွန်ပင် ကို တစ်ပင်နှင့်တစ်ပင် ပေ(၂၀) ခန့်ခြား၍ စိုက်ရပါမည်။ ဒန့်သလွန်ပင် စိုက်မည့်နေရာကို (၃ x ၃ x ၃) ပေ ကျင်းတူး၍ မြေသားနှင့် နွားချေးဆွေး (သို့မဟုတ်) သစ်ရွက်ဆွေး မြေဩဇာဆတူခန့်ရော၍ ထည့်ရပါမည်။ ထို့နောက် အချင်းတစ်လက်မခန့် အရှည်ရှိ တစ်နှစ်သား အဖျားကိုင်းများကို ဖြတ်၍ စိုက်ကျင်းတွင် စိုက်ရပါမည်။ စိုက်ကျင်းအတွင်းတွင် အနည်းဆုံး အနက်(၆)လက်မ အထိ အကိုင်းကို မြှုပ်စိုက်ရပါမည်။ အကိုင်းစိုက်ပြီးနောက် မိုးမရွာပါက အနည်းဆုံး တစ်နေ့တစ်ကြိမ် ရေလောင်းပေးရပါမည်။ ဒန့်သလွန်သည် အမြစ်ထွက်လွယ်သော အပင်ဖြစ်သဖြင့် မြေ ချစိုက်ထားသော အကိုင်းသည် စိုက်ပြီး တစ်ပတ်အတွင်း အမြစ်ထွက်ပြီး ရှင်သန် ဖြစ်ထွန်းနိုင်ပါသည်။ ကိုင်းဖြတ်သည့် ဒန့်သလွန်(၂) နှစ်သားအပင်သည် စတင်သီးပွင့်နိုင်ပါသည်။ သို့ရာတွင် (၄)နှစ်သား၊ (၅) နှစ်သားရောက်မှ အသီးများများသီးလေ့ရှိသည်။
(ခ) အစေ့တိုက်ရိုက်ချစိုက်နည်း
ဒန့်သလွန်ပင်ကို အစေ့တိုက်ရိုက်ချ၍လည်းရသည်။ ဒန့်သလွန်ပင်မှ မျိုးစေ့ယူရန် အတွက် နွေကာလ(မတ်လ၊ဧပြီလ) များတွင် ကောင်းစွာရင့်မှည့်သော ဒန့်သလွန်သီးသည် ဖြူ မွဲမွဲအရောင်ရှိပြီး ကောင်းစွာ ရင့်မာနေရပါမည်။ ဒန့်သလွန်သီးမှ အစေ့ယူပြီး မိုးဦးကျချိန် ဇွန်လတွင် မြေချစိုက်ပျိုး ရပါမည်။ စိုက်မည့်နေရာကို(၁ x ၁ x ၁) ပေ ကျင်းတူပြီး မြေသားနှင့် နွားချေး ဆွေး သို့မဟုတ် သစ်ရွက်ဆွေးမြေဩဇာ ဆတူရော၍ထည့်ရပါမည်။ ထို့နောက် ကျင်းအလယ်တွင် အစေ့ကို တစ်လက်မခန့် မြေမြုပ်၍ စိုက်ရပါမည်။ စိုက်ချိန်တွင် မိုးမရွာပါက နေ့စဥ် အနည်းဆုံးတစ်ကြိမ် ရေလောင်းပေးရန်လိုသည်။ အစေ့စိုက်ပြီး တစ်ပတ်အကြာတွင် အပင်ပေါက်လာသည်။ အစေ့စိုက်ပင်တွင်လည်း တစ်ပင်နှင့်တစ်ပင် ပေ(၂၀) ခြား၍ စိုက်ခြင်းဖြင့် တစ်ဧကတွင် (၁၀၈) ပင်ဝင်မည် ဖြစ်သည်။ ဒန့်သလွန် အစေ့စိုက်ပင်သည် ကိုင်းဖြတ်စိုက်ပင်ကဲ့သို့ပင် (၂) နှစ်သားတွင် စတင် ပွင့်သီးနိုင်ပြီး (၄)နှစ်(၅) နှစ်သား ရောက်မှ အသီးဖြိုင်ဖြိုင်သီးလေ့ရှိသည်။ ကိုင်းဖြတ်စိုက်ပင်ထက် အစေ့စိုက်ပင်က အသီးပိုသီးလေ့ရှိသည်။
ဒန့်သလွန်ပင်အကိုင်းကို မြေထုပ်စီးနည်းဖြင့်လည်း စိုက်ပျိုးနိုင်ပါသည်။ မြေထုပ်စီး၍ စိုက်ခြင်းသည် ကိုင်းဖြတ်စိုက်ခြင်းထက် အပင်ဖြစ်ထွန်းရန်ပို၍ သေချာပါသည်။ သို့ရာတွင် ကိုင်းဖြတ်စိုက်နည်းဖြင့် လွယ်ကူစွာ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသဖြင့် မြေထုပ်စီးစိုက်ပျိုးခြင်းကို အသုံးပြုခြင်းမရှိကြချေ။
၄။ အပင်ပြုစုနည်း
ဒန့်သလွန်ပင်စိုက်ပျိုးကြရာတွင် စနစ်တကျပြုစုခြင်းမရှိသေးပါ။ ဒန့်သလွန်စိုက်ခင်းကို မိုးဦး တွင်တစ်ကြိမ်၊ မိုးအကုန်တွင်တစ်ကြိမ်၊ အပင်များကြားတွင် ပေါင်းမြက်များ ရှင်းလင်းပေးရပါမည်။ ဒန့်သလွန်ပင်သည် ရေငတ်ခံနိုင်သော အပင်ဖြစ်သော်လည်း ပူပြင်းခြောက်သွေ့သည့် မတ်လ၊ ဧပြီလများတွင် (၂) ရက်လျှင်တစ်ကြိမ်ကျ ရေသွင်းရေလောင်းပေးသင့်ပါသည်။
၅။ မြေဩဇာကျွေးနည်း
ဒန့်သလွန်ပင် စိုက်ရာတွင်မြေဩဇာကို စနစ်တကျကျွေးခြင်းမရှိသေးပါ။ သို့ရာတွင် ဒန့်သလွန်ပင်သည်အခြားအပင်များကဲ့သို့ပင် မြေဩဇာ စနစ်တကျ ကျွေးမှသာလျှင် အပင်ဖြစ်ထွန်းမှုကောင်ပြီးအသီးဖြိုင်ဖြိုင်သီးပါမည်။ သီးထွက်ရနေသောအပင်ကြီးများတွင် မိုးဦးတွင်တစ်ကြိမ်၊ မိုးအကုန်တွင် တစ်ကြိမ် မြေဩဇာကျွေးသင့်ပါသည်။ မိုးဦးတွင် မြေဩဇာကျွေးခြင်းဖြင့် အပင်ဖြစ်ထွန်းမှု၊ ပွင့်သီးမှု ပိုကောင်းပြီး အသီးများ များတင်နိုင်သည်။ မိုးအကုန်တွင် မြေဩဇာကျွေးခြင်းသည်လည်း ဒန့်သလွန်ပင်အပွင့်အသီး လိုက်ချိန်ဖြစ်သဖြင့် အပွင့်ပွင့်သီးအားကောင်းစေရန်အတွက်အထောက်အကူဖြစ်စေပါသည်။
၆။ ခူးဆွတ်ခြင်းနှင့် အထွက်
ဒန့်သလွန်ညွန့်ကို ဟင်းချိုချက်စားရန် ဆွတ်ခူးလေ့ရှိသည်။ သို့ရာတွင် အသီးဆွတ်ခူးရန် အတွက် စီးပွားဖြစ်စိုက်နိုင်သောစိုက်ခင်းဖြစ်ပါကအညွန့်မခူးသင့်ပါ။ ဖေဖော်ဝါရီလ၊ မတ်လ၊ ဧပြီလများတွင် ဒန့်သလွန်သီးဖြိုင်ဖြိုင်သီးသည်။ သို့ရာတွင် ဒန့်သလွန်သည် တစ်နှစ်ပတ်လုံးပန်းပွင့်သောအပင်တစ်မျိုးဖြစ်သဖြင့် မိုးတွင်းကာလများတွင်လည်း အသီးကို ရက်ခြား ခူးသွားနိုင်ပါသည်။ ပုံမှန်သီးပွင့်နေသော ဒန့်သလွန်ပင်ကြီး တစ်ပင်သည် တစ်နှစ်လျှင် အများဆုံးအသီး(၇၀၀)ထိ သီးနိုင်ပါသည်။ ဒန့်သလွန်ပင်တစ်ပင်သည် ပျမ်းမျှတစ်နှစ်လျှင် အနည်းဆုံးအသီး(၂၀၀) ခန့်သီးနိုင်ပါသည်။
Source - ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း