menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ရော်ဘာအထွက်တိုးရေးနဲ့ အရည်အသွေးကောင်းရေး
🔸ဒီတစ်ပတ် ဆွေးနွေးချင်တာကတော့ ရော်ဘာစိုက်ပျိုထုတ်လုပ်သူ လယ်သမားကြီးများအတွက် အကြံပြုပေးချင်ပါတယ်။ပထမတစ်ချက်ကတော့ ရော်ဘာအထွက်နှုန်းတွေ တဖြည်းဖြည်းကျလာခြင်းပါ၊နောက်တစ်ချက်ကတော့ ရော်ဘာအရည်အသွေးမကောင်းလို့ဈေးကောင်းမရတဲ့ပြဿနာပဲဖြစ်ပါတယ်။
🔸ပထမအချက် ရော်ဘာအထွက်တိုးရေး အရင်အကြံပြုပါ့မယ်။ ရော်ဘာကို အစေးလှီးရက်များများရရှိအောင် ရက်ပျက်မရှိ လူပြည့်ကွက်ပြည့်လှီးပါ။ အစေးလှီးရက် ရက် ၂၂၀မှ ရက် ၂၄၀ ရရှိအောင် လှီးပါ။ အစေးလှီးကြောင်း အစောင်းဒီဂရီမှန်အောင် လှီးဖို့လိုပါတယ်။ အစေ့စိုက်ပင်ဆိုရင် မြေပြင်အမြင့်မှ လက်မ ၂၀ အမြင့်၊ အစောင်းဒီဂရီ ၃၀ ဒီဂရီမှ ၃၅ ဒီဂရီ၊ ဘယ်မြင့်ညာနိမ့်ရအောင် လှီးပါ။ ဖူးဆက်ပင်ဆိုရင် မြေပြင်အမြင့်မှ လက်မ ၅၀၊ အစောင်းဒီဂရီ ၃၅ ဒီဂရီမှ၄၀ ဒီဂရီ၊ ဘယ်မြင့်ညာနိမ့်အနေအထားရအောင် လှီးပါ။ အစေးလှီးမှ အမြင့် လက်မ ၄၀၊ ဒုတိယမြေပြင်မှ အမြင့် လက်မ ၅၀၊ တတိယနဲ့အထက် မြေပြင်အမြင့်မှ လက်မ ၄၀ မှစ၍လှီးရမှာဖြစ်ပါတယ်။
🔸ပင်စည်လုံးပတ်ဝက် နေ့ခြားလှီးစနစ်နဲ့လှီးပါ။ အခေါက်အတွင်းပိုင်း အသားတိုးလွှာကို ထိခိုက်မှုမရှိအောင် လှီးပါ။ အခေါက်ကုန်နှုန်း တစ်လ တစ်လက်မခွဲထက် လက်မပိုအောင် လှီးပါ။ ကာဗိုဒ်မီးခွက်သုံး၍ နံနက်၃ နာရီ စောစောထ၍ လှီးပါ။ အစေးထွက်လှုံ့ဆော်ဆေးနဲ့ ခေတ်မီအစေးလှီးစနစ်များကို အသုံးပြုပါ။ သက်တမ်း ၁၅ နှစ်အထက်ရှိ အပင်ကြီးများကို အီသရယ်ပြင်းအား ၂ ဒသမ ၅ ရာခိုင်နှုန်းဖျော်၍ အစေးထွက်တဲ့ကာလ အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလ၊ မေလ၊ ဇွန်လတွေမှာ သုတ်လိမ်းပြီးမှ အစေးခြစ်ပါလို့ အကြံပြုပါရစေ။
🔸ဒုတိယအချက်ကတော့ ရော်ဘာအရည်အသွေးမြင့်မားအောင် ဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။ ရော်ဘာအရည်အသွေးညံ့ရင် ဈေးလျော့နိုင်ပါသည်။ရော်ဘာအရည်အသွေး မြင့်ဖို့အတွက်အစေးစုစည်းသိမ်းရာမှာ အသုံးပြုတဲ့ ပုံး၊ခွက်များ သန့်ရှင်းရမယ်။ သန့်ရှင်းတဲ့ရေကိုညသိပ်ထားပြီး ၈၀ ဆန်ခါနဲ့စစ်ပြီးမှ အစေးခံရာမှာ အသုံးပြုရမယ်။ ဆာလ်ဖြူရစ်အက်စစ်ကို အသုံးမပြုဘဲ ဖော့မစ်အက်စစ်ကို အသုံးပြုပြီး အစေးခဲရမယ်။ အစေးခဲပြီး တစ်နာရီမှ နှစ်နာရီအထိ အစေးခဲကန်အတွင်းရေသန့်ထပ်ဖြည့်ပြီး ထားရမယ်။ အစေးခဲထားစဉ် ခွက်များအတွင်းသို့ ဖုန်၊ ခဲ၊ သဲ၊ အမှိုက်များမကျစေရန် ပလတ်စတစ်အကြည်ဖြင့် ဖုံးထားရမယ်။
🔸အစေးပြားကြိတ်နေစဉ် ကြိတ်လုံးကိုရေနဲ့ အမြဲဆေးပေးနေရမယ်။ ရော်ဘာကိုမှိုမတက်စေရန် ရေကောင်းကောင်းစစ်ထားရမယ်။ ရော်ဘာပြားများကို နေမလှန်းဘဲ မှိုင်းရုံမှာ ပထမနေ့ ၁၁၀ ဒီဂရီဖာရင်ဟိုက်၊ဒုတိယနေ့ ၁၂၀ ဒီဂရီဖာရင်ဟိုက်၊ တတိယနေ့ ၁၃၀ ဒီဂရီဖာရင်ဟိုက်၊ စတုတ္ထနေ့ ၁၄၀ဒီဂရီဖာရင်ဟိုက်ထား၍ လှန်းရမယ်။ ရော်ဘာပြားများကို တယ်လ်ကန်ပေါင်ဒါကို ရေနံဆီဖြင့်ဖျော်ပြီးမှ သုတ်လိမ်းရမယ်။ရော်ဘာထုပ်ပိုးရာမှာ ဏမနျ သြထ ကို အသုံးပြုပြီး ကျစ်နေအောင် ထုပ်ပိုးရမယ်။ ဒါဆိုရင် ရော်ဘာအရည်အသွေးမြင့်လာပြီး စံချိန်မီ ဈေးကောင်းရပြီဖြစ်ပါတယ်။
- အောင်ဆန်း (စိုက်ပျိုးရေး)