menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ရေဘေးသင့်လယ်ယာမြေများ နှင့် ဖျက်ပိုးအန္တရာယ်
🌾🦗🌾🐛🌾🦗🌾🐛🌾🦗🌾
↗️သီးနှံစိုက်ခင်းများတွင် ကျရောက်ဖျက်ဆီးတတ်သော ဖျက်ပိုးများသည်ရာသီဥတုနှင့်ဆက်စပ်ပြီး ကျရောက်ချိန်၊ ကျရောက်မှုအနည်းနှင့်အများရှိကြသည်။ အထူးသဖြင့်ရေကြီး၊ရေလွှမ်းဖြစ်ပွားပြီးနောက် ရေပြန်လည်ကျသွားသောလယ်ယာမြေများတွင် ဖြစ်ပွားမှုများပြားတတ်သည်။
↗️“ပိုးလောင်မီးဖျက်ပိုး”သည် မိုးရွာမှုပုံမှန်ထက်များသောနှစ်များတွင်ကျရောက်မှုနည်းပါးတတ်သော်လည်း ရေကြီးနစ်မြုပ်ပြီး ရေပြန်လည်ကျသွားသောစိုက်ခင်းများတွင် ရေဝပ်သည့်နေရာ၌ကျန်ရှိတတ်သဖြင့် ဂရုစိုက်ကာကွယ်ရသည်။ စပါးပင်တွင်စပါးရွက်ထိပ်ဖျား၌ဥများအုတတ်သဖြင့် ဥများပါရှိသော စပါးရွက်ထိပ်ဖျားများ ဖြတ်ပစ်ခြင်း၊ ပျိုးခင်းနှင့်စိုက်ခင်းတွင် မစိုက်မီဆေးရွက်ကြီးမှုန့်ထည့်ပေးခြင်း ပြုလုပ်သင့်သည်။
↗️“စပါးရွက်လိပ်အိမ်ပိုး”သည် မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ အများဆုံးတွေ့ရတတ်သည်။ ရေကြီး ရေလွှမ်း ရေနစ်မြုပ်သောဒေသများတွင် ကျရောက်မှုများတတ်သည်။ စွတ်စိုထိုင်းသောအခြေအနေကို ပိုကြိုက်သဖြင့် မိုးရာသီစိုက်ခင်းများ၌ကျရောက်မှုများသည်။ ရေဘေးသင့်ဒေသ စပါးပြန်လည်စိုက်ပျိုး သောအခါ စိုက်ချိန်မီရန် ပျိုးထောင်စိုက်ပျိုးခြင်းထက် တိုက်ရိုက်မျိုးစေ့ချစိုက်ကြလေ့ရှိသည်။ ဂရုပြုသင့်သည်။ စိုက်ခင်းတွင်ရေဝပ်သောနေရာ၊ အရိပ်ကျသောနေရာများ၌ ပွားများမှုမြန်သဖြင့် စိုက်ခင်းမြေမျက်နှာပြင် ညီညာအောင်ပြုလုပ်ပေးသင့်သည်။
↗️“စပါးဆစ်ပိုး”သည်စပါးတိုက်ရိုက်မျိုးစေ့ချစိုက်ခင်းတွင် ကောက်ပင်ထူထပ်လျှင် ပေါင်းမြက်များပြား လျှင်မိုးစပါးတွင်ဂရုပြုရသည်။ နွေစပါးနှင့်မိုးစပါးတွင် မိုးစပါးစိုက်ခင်း၌ပိုမိုကျရောက်တတ်သည်။ မြန်မာနိုင်ငံအထက်ပိုင်းဆစ်ပိုးကျခဲ့ဘူးသောဒေသများ၊ ရေဘေးသင့်ဒေသများ ဂရုပြုသင့်သည်။
↗️“စပါးကြက်သွန်မြိတ်ပိုး”သည် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ဖျက်ဆီးကျရောက်မှုများပြား သည်။ ပေါင်းမြက်ထူလျှင်ကျတတ်သည်။ ရေဘေးသင့်ဒေသ ပြန်လည်စိုက်ပျိုးသောစိုက်ခင်းများ ဂရုပြုရသည်။
↗️“သရစ်လှေးပိုး” သည် ရေကြီးရေမြုပ်ပြီးပြန်လည်စိုက်သည့်စပါးခင်းများ၊ ရေကျနောက်စိုက်လယ်များ၊ တိုက်ရိုက်မျိုးစေ့ချစပါးခင်းများတွင်ကျရောက်တတ်သည်။ အထူးသဖြင့်မွန်ပြည်နယ်တွင် ကျရောက်မှု များပြားတတ်သည်။ ကာကွယ်နှိမ်နင်းမှုလက်နှေးလျှင် ထိခိုက်ပျက်စီးမှုများသည်။
↗️“ဖြုတ်ပိုး”သည်ရာသီဥတုနှင့် အများဆုံးဆက်စပ်ပတ်သက်နေသောဖျက်ပိုးဖြစ်သည်။ စိုစွတ်သော ရာသီဥတု၊ မိုးရွာမှုများသောဒေသ၊ ရေဘေးသင့်ဒေသစပါးခင်းများတွင် ဂရုပြုရသောဖျက်ပိုးဖြစ်သည်။ စပါးပင်အောက်ခြေရွက်ဖုံးများထဲတွင် နေထိုင်ပြီးစပါးပင်ကိုစုပ်စားသည်။ နေ့ဘက်တွင် အမှောင်တွင်း ခိုနား၍စုပ်စားသဖြင့် စပါးပင်ပျက်စီးမှသိကြသည်ကများပြားသည်။ ရေထုတ်မှုဖြင့်နှိမ်နင်းကြသည်။
↗️ရေလွှမ်းဒေသ စပါးစိုက်ခင်းများ စပါးနှံထွက်ချိန်တွင်ဆည်ရေသွင်းဒေသများ၌ဂရုပြုရသည်မှာ “နှံစုပ်ပိုး” ဖြစ်သည်။ မိုးဦးမိုးများများရွာပြီးနောက် မိုးခေါင်၊မိုးနည်းသောနှစ်တွင် “နှံဖြတ်ပိုး”လည်းကျရောက်လေ့ ရှိသည်။ မိုးဦးကောင်းပြီးမိုးလယ်မိုးခေါင်လျှင် ကျရောက်မှုများသည်။ ဖျက်ဆီးမှုဆိုးရွားသည်။
↗️“ငမြှောင်တောင်”ဖျက်ပိုးသည်ဒေသမရွေးလည်းကျနိုင်သည်။ ဖျက်ဆီးမှုလည်းများသည်။ ရေဘေးသင့် ဒေသပြန်လည်စိုက်ပျိုးသောသီးနှံများ၊ ရေကျချိန်ထိခိုက်သောသီးနှံများတွင် ကျရောက်ဖျက်ဆီးသည်။ စပါးခင်းတစ်ခင်းလုံး၊ တစ်ကွင်းလုံးဆူညံသောကိုက်ဖြတ်သံများကြားရအောင်ဖျက်ဆီးသောဖျက်ပိုး ဖြစ်သည်။ မိုးစပါးတွင်မိုးဦးကောင်းပြီးမိုးလယ်မိုးခေါင်လျှင်ဖြစ်စေ၊ တိုက်ရိုက်စပါးစိုက်ခင်း၌ဖြစ်စေ၊ ရေဘေးသင့် စိုက်ခင်းများ၌ဖြစ်စေကျရောက်မှု ပိုများသည်။ စပါးပင်သာမကသီးနှံမျိုးစုံတွင်ကျရောက်ဖျက်ဆီးသည့်ပိုးဖြစ်သည်။ ရေလွှမ်းခံရသောမြစ်ကမ်းဘေးရှိယာစိုက်ခင်းများတွင်လည်းကျရောက်မှု များသည်။
↗️ထို့ပြင်ရေဘေးသင့်ဒေသများတွင် ကြွက်ဖျက်ဆီးမှုနှင့် မြွေအန္တရာယ်ကိုလည်းစိုက်ပျိုးသူများ ဂရုပြုသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
Sources : ကိုရဲ(စိုက်ပျိုးရေး)