menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ"
🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿
♻️ မြန်မာနိုင်ငံအတွင်း ကုလားပဲစိုက်ဧကများစွာရှိပြီး စိုက်ပျိုးလျှက်ရှိကြသည့်ကုလားပဲမျိုးများအနက်မှ ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများကို ဗဟုသုတအဖြစ်သိရှိနိုင်ပါရန်တင်ပြအပ်ပါသည်။
ရေဆင်းကုလားပဲ - ၃
------------------
▪️ သက်တမ်းအားဖြင့် (၈၀-၈၅)ရက်ရှိပြီး ၅၀% ပန်းပွင့်ရက်မှာ (၃၅) ရက်ခန့်ရှိပါသည်။
▪️ တစ်ပင်ပါသီးတောင့် (၂၅-၃၀) ရှိပြီး တစ်တောင့်ပါအစေ့ (၁) စေ့နှင့် အစေ့ (၁၀၀) အလေးချိန် (၂၈) ဂရမ်ရှိသည်။ အစေ့အရောင်မှာ ခရင်မ် (Cream) ရောင်ဖြစ်ပါသည်။
▪️ ရေမြေရာသီဥတုအခြေအနေပေးပါက တစ်ဧကလျှင် (၂၀-၂၂) တင်းထိ ထွက်ရှိနိုင်ပါသည်။
▪️ အသက်လျင်ပြီး ဈေးကွက်ဝင်အရည်အသွေးရှိ၍ တောင်သူများ အထူးကြိုက်နှစ်သက်ကြပါသည်။
ရေဆင်းကုလားပဲ - ၄
-------------------
▪️ အပင်သက်တမ်းအားဖြင့် (၈၅-၉၀) ရက်ရှိပြီး ၅၀% ပန်းပွင့်ရက်မှာ (၃၅)ရက်ခန့်ရှိပါသည်။
▪️ တစ်ပင်ပါသီးတောင့် (၂၀-၂၅) ရှိပြီး တစ်တောင့်ပါအစေ့ (၁) စေ့နှင့် အစေ့ (၁၀၀) အလေးချိန် (၂၂) ဂရမ်ရှိသည်။ အစေ့အရောင်မှာ နီဝါရောင်ဖြစ်ပါသည်။
▪️ တစ်ဧကအထွက်နှုန်းမှာ (၁၈-၂၀) တင်းဖြစ်ပါသည်။
▪️ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဆည်ရေသောက်ဒေသများတွင် စပါးပြီး သီးထပ်အဖြစ်စိုက်ပျိုးရန် အထူးသင့်တော်ပါသည်။
ရေဆင်းကုလားပဲ - ၆
-------------------
▪️ သက်တမ်းအားဖြင့် (၉၀-၉၅) ရက်ရှိပြီး ၅၀% ပန်းပွင့်ရက်မှာ (၄၀-၄၅) ရက်ခန့်ရှိပါသည်။
▪️ တစ်ပင်ပါသီးတောင့် (၃၀-၃၅) ရှိပြီး တစ်တောင့်ပါအစေ့ (၁) စေ့နှင့် အစေ့ (၁၀၀) အလေးချိန် (၃၀)ဂရမ်ရှိသည်။ အစေ့အရောင်မှာ နီဝါရောင်ဖြစ်ပါသည်။
▪️ တစ်ဧကအထွက်နှုန်းမှာ (၂၅-၃၀) တင်းဖြစ်ပါသည်။
▪️ သက်လတ်ကုလားပဲအနီမျိုးဖြစ်၍ အပူဒဏ်ခံနိုင်သောမျိုးဖြစ်ပါသည်။ လယ်သီးထပ်နှင့် စိုက်ချိန်နောက်ကျသောဒေသများတွင် သင့်တော်ပါသည်။
ရေဆင်းကုလားပဲ - ၈
-------------------
▪️ သက်တမ်းအားဖြင့် (၈၅-၉၀) ရက်ရှိပြီး ၅၀% ပန်းပွင့်ရက်မှာ (၄၀-၄၅) ရက်ခန့်ရှိပါသည်။
▪️ တစ်ပင်ပါသီးတောင့် (၂၅-၃၅) ရှိပြီး တစ်တောင့်ပါအစေ့ (၁) စေ့နှင့် အစေ့ (၁၀၀) အလေးချိန် (၃၂) ဂရမ်ရှိသည်။ အစေ့အရောင်မှာ အဖြူရောင်ဖြစ်ပါသည်။
▪️ တစ်ဧကအထွက်နှုန်းမှာ (၂၂-၂၅) တင်းဖြစ်ပါသည်။
▪️ သက်လျင်၊ အစေ့ကြီး ကုလားပဲအဖြူမျိုးဖြစ်ပြီး ပြည်ပဈေးကွက်ဝင်အရည်အသွေးရှိပါသည်။
ရေဆင်းကုလားပဲ - ၁၁
--------------------
▪️ သက်တမ်းအားဖြင့် (၉၀-၉၅) ရက်ရှိပြီး ၅၀% ပန်းပွင့်ရက်မှာ (၄၀-၄၅) ရက်ခန့်ရှိပါသည်။
▪️ တစ်ပင်ပါသီးတောင့် (၃၅-၄၀) ရှိပြီး တစ်တောင့်ပါအစေ့ (၁) စေ့နှင့် အစေ့ (၁၀၀) အလေးချိန် (၃၅) ဂရမ်ရှိသည်။ အစေ့အရောင်မှာ ခရင်မ်ရောင်ဖြစ်ပါသည်။
▪️ တစ်ဧကအထွက်နှုန်းမှာ (၂၅-၂၇) တင်းဖြစ်ပါသည်။
▪️ သက်လတ်ပြည်ပဈေးကွက်ဝင် အရည်အသွေးရှိ အစေ့ကြီး ကုလားပဲအဖြူမျိုးဖြစ်ပါသည်။
ရေဆင်းကုလားပဲ - ၁၂
--------------------
▪️ သက်တမ်းအားဖြင့် (၈၅-၉၀) ရက်ရှိပြီး ၅၀% ပန်းပွင့်ရက်မှာ (၃၀-၄၀) ရက်ခန့်ရှိပါသည်။
▪️ တစ်ပင်ပါသီးတောင့် (၃၀-၄၀) ရှိပြီး တစ်တောင့်ပါအစေ့ (၁) စေ့နှင့် အစေ့ (၁၀၀) အလေးချိန် (၃၂)ဂရမ်ရှိသည်။ အစေ့အရောင်မှာ နီဝါရောင်ဖြစ်ပါသည်။
▪️ တစ်ဧကအထွက်နှုန်းမှာ (၂၅-၂၈) တင်းဖြစ်ပါသည်။
▪️ သက်လျင်ပြည်ပဈေးကွက်ဝင် အရည်အသွေးရှိ (အစေ့ကြီး) ကုလားပဲအနီမျိုးဖြစ်ပါသည်။
Sources : စိုက်ပျိုးရေးဦးစီးဌာန