menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
GAP နှင့်အညီ ကော်ဖီရရှိရေး နည်းလမ်းများ
🌐GAP နှင့်အညီ ကော်ဖီရရှိရေး နည်းလမ်းများ🌐
▪️နိုင်ငံဖွံ့ဖြိုးတိုးတက်လာစေရန် စိုက်ပျိုးရေးကဏ္ဍများ ဖွံ့ဖြိုးလာရန် လိုအပ်ပါသည်။စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရန် နည်းပညာများ၊ အရင်းအနှီးများ၊ ဈေးကွက်များလည်း လိုအပ်ပါသည်။မြန်မာနိုင်ငံတွင် စပါး၊ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ ကော်ဖီပင်များအပါအဝင် စိုက်ပျိုးသည့်သီးနှံများကို GAP စိုက်ပျိုးနည်းများနှင့်အညီ စိုက်ပျိုးပေးလျက် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်း၌ GAP ဖြင့် စိုက်ပျိုးထားသော မြန်မာ့ကော်ဖီများသည် နိုင်ငံတကာဈေးကွက်များသို့ ထိုးဖောက်နေပြီဖြစ်ရာ အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်ရန် ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်လာစေရေး ကြိုးပမ်းကြရမည် ဖြစ်သည်။
▪️မြန်မာနိုင်ငံ၌ အများဆုံးစားသုံးလျက်ရှိသည့် သီးနှံများနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့သည့် သီးနှံများဖြစ်သည့် သရက်၊ ကျွဲကော၊သခွားမွှေး၊ ဖရဲသီး၊ ထောပတ်သီး၊ ငရုတ်၊ခရမ်းချဉ်၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံ (ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွမ်း)၊ နှမ်း၊ မြေပဲ စပါးနှင့် ကော်ဖီစသည့်သီးနှံများကိုလည်း GAP နှင့်အညီ စိုက်ပျိုးလျက်ရှိသည်။
▪️ကော်ဖီသီးနှံကို GAP နည်းဖြင့် စိုက်ပျိုးထုတ်လုပ်ကြရာတွင် အဓိကလိုက်နာဆောင်ရွက်ရမည့် အချက်များမှာ (၁) စိုက်ပျိုးမည့်မြေ၊ (၂)စိုက်ပျိုးရေ၊ (၃) မျိုးစေ့ပျိုးပင်၊ (၄) မြေသြဇာနှင့် မြေဆီလွှာဖြည့်စွက်ပစ္စည်းများ၊ (၅) စိုက်ပျိုးရေးသုံး ဓာတုဆေးများနှင့် အခြားဓာတုပစ္စည်းများ၊ (၆) အပင်ပြုစုစောင့်ရှောက်ခြင်း၊ (၇) စိုက်ပျိုးရေးနှင့်အခြားဆက်စက်ပစ္စည်းများ၊ (၈) ရိတ်သိမ်းခြင်းနှင့် ထုတ်ကုန်ပြုပြင်ခြင်း၊ (၉) သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း၊ (၁၀)အဆောက်အအုံ ဆောက်လုပ်ထားခြင်း၊ (၁၁) တိရစ္ဆာန်နှင့် ဖျက်ပိုးများထိန်းချုပ်ခြင်း၊ (၁၂) အထောက်အထားနှင့်မှတ်တမ်းများ၊ (၁၃) နောက်ကြောင်းပြန်စစ်ဆေးခြင်းနှင့် ပြန်လည်သိမ်းဆည်းခြင်း၊ (၁၄) သင်တန်းများ၊ (၁၅) ဆောင်ရွက်ကျင့်သုံးမှုများကို ပြန်လည်သုံးသပ်ခြင်း၊ (၁၆) တစ်ကိုယ်ရေသန့်ရှင်းခြင်းနှင့်လုပ်သားများဘ၀ သာယာဝပြောရေး စသည့်အချက်များပါဝင်ကာ လိုက်နာဆောင်ရွက်ရပါမည်။
▪️ကော်ဖီသီးနှံကို GAP နှင့်အညီ စိုက်ပျိုးကြရာတွင် ကော်ဖီအသီးဆွတ်ခူးရန် ရာသီမတိုင်မီကာလများတွင် ကော်ဖီစိုက်ခင်းများအားလုံး ပေါင်းမြက်ရှင်လင်းထားရမည်။ ကော်ဖီပင် ပင်ခြေလိုင်းများ သန့်ရှင်းစွာထားရပါမည်။ မျိုးယူမည့် ကော်ဖီစိုက်ခင်း၊ မျိုးယူမည့် ကော်ဖီမိခင်အပင်များကိုအမှတ်အသားများ ပြုလုပ်၍ ကော်ဖီသီးနှံမျိုးကွဲများအလိုက် သီးခြားခူးယူနိုင်ရန် စီမံထားရပါမည်။ကော်ဖီသီး စတင်မခူးဆွတ်မီအချိန်တွင် အသုံးပြုမည့်စက်များ၊ ကြိတ်ခွဲရေးကိရိယာများ၊ အချဉ်ဖောက်သည့်ကန်များ၊အသီးလှန်းသည့်စင်များ၊ အသီးလှန်းသည့်တလင်းများ၊ သိုလှောင်ရုံများအားလုံးကိုလည်း သန့်ရှင်းစွာ ကြိုတင်ထားရှိရမည်။
▪️ကော်ဖီကြိတ်ခွဲရာမှ စွန့်ပစ်အသီးအခွံများကို စနစ်တကျ စွန့်ပစ်ရပါမည်။ ကော်ဖီလှန်းသည့် တလင်းနှင့် လှန်းစင်များ အမြဲသန့်ရှင်းနေရပါမည်။ ကော်ဖီအသီး အစို၊အခြောက် ထည့်မည့်အိတ်များကို အိတ်အသစ်များဖြင့်သာ အသုံးပြုရပါမည်။ ဓာတ်မြေသြဇာအိတ်ခွံများ၊ အနံ့စွဲလွယ်သော အိတ်များကို အသုံးမပြုရပါ။ကော်ဖီကြိတ်ခွဲရာတွင် အသုံးပြုမည့်ရေများ ကောင်းမွန်သန့်ရှင်းစေရပါမည်။ကော်ဖီအသီး တစ်ကီလိုလျှင် ရေတစ်ဂါလန်နှုန်းဖြင့် ၂၄ နာရီကြာအတွင်း အသီးအခွံချွတ်ခြင်း၊ ၄၈ နာရီအချဉ်ဖောက်ခြင်းများ၊ ရေဆေးခြင်းများ ဆောင်ရွက်ရပါမည်။
▪️လုပ်သားများအသုံးပြုရန် လည်ရှည်ဖိနပ်၊ လက်အိတ်၊ ဆန်ကော၊ ဆန်ခါ၊ တံမြက်စည်း အကြမ်း၊ အချော၊ ထန်းခေါက်တောင်း၊ ထန်းခေါက်ဖျာ၊ ပိုက်အပြာ၊ ဂေါ်ပြား၊ တွန်းခုံစသည့် အသုံးအဆောင်ပစ္စည်းများကြိုတင်စုဆောင်းထားရှိရပါမည်။ကော်ဖီပင်များရှိ ကော်ဖီအသီးများ ကောင်းစွာရင့်မှည့်ချိန်တွင် ကော်ဖီပင်ကိုမထိခိုက်စေရန် မှည့်သော (နီရဲသော) အသီးများကိုသာ ခူးရပါမည် (အညှာမပါစေရ၊ကိုင်းအလိုက် သပ်မခူးရပါ။ အစိမ်းအသီးများ၊ ခေါင်းစိမ်းသီးများ မပါစေရပါ)။ ကော်ဖီမျိုးကွဲများပါရှိပါက မျိုးကွဲအလိုက် မှတ်တမ်းများထားရှိရပါမည်။ ကော်ဖီခူးဆွတ်ခြင်းကာလကို နိုဝင်ဘာလမှ မတ်လအထိသတ်မှတ်၍ မတ်လကုန်တွင် ကော်ဖီအသီးများကို အပြီးခူးဆွတ်၍ မှတ်တမ်းများဖြင့်ထားရှိဆောင်ရွက်ရပါမည်။
▪️ကော်ဖီပင်များမှ အစေ့အဆန်ပြည့်ဝသော အရည်အသွေးမြင့် အထူးတန်းဝင်ကော်ဖီများရရှိစေရန် စိုက်ပျိုးပြီး အပင်သက်တမ်း လေးနှစ်ကျော်တွင် စတင်အသီးသီးပါသည်။ ကော်ဖီ၏ ရိတ်သိမ်းချိန်လွန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များမှာ အစေ့အခွံချွတ်ခြင်း၊ လေမှုတ်သန့်စင်ခြင်း၊ ကော်ဖီအတန်းအစားခွဲခြားခြင်း၊ ကော်ဖီရွေးသန့်ခြင်း၊ အိတ်သွတ်ထုပ်ပိုးခြင်း၊ ဈေးကွက်သို့တင်ပို့ခြင်း (သို့) စက်ရုံသို့ တင်ပို့ခြင်း၊ ကော်ဖီအစေ့လှော်ခြင်း၊ ကော်ဖီအမှုန့်ကြိတ်ခြင်း၊ထုပ်ပိုးသိုလှောင်ခြင်း၊ ဈေးကွက်များသို့ တင်ပို့ရောင်းချခြင်းများကို GAP နှင့်အညီသန့်ရှင်းစွာ ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါသည်။
▪️မြန်မာ့ကော်ဖီကို ပြည်ပသို့ တင်ပို့ရောင်းချရာတွင်ကော်ဖီ၏အရည်အသွေးများအပေါ် မူတည်၍ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၀၀ မှ ၆၀၀၀ ကျော်အထိရရှိပါသည်။ ကော်ဖီထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း လူအား၊ စက်အားများဖြင့် မြှင့်တင်ပေးသွားရန် လိုအပ်ပါသည်။ မြန်မာ့ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုပိုမိုကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ကော်ဖီအသင်းနှင့် လက်တွဲညှိနှိုင်း၍ ကော်ဖီစိုက်တောင်သူကြီးများကိုယ်တိုင် ပါဝင်ကာ ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါသည်။
▪️စိုက်ပျိုးရေးလုပ်ငန်းကို အခြေခံသောမြန်မာနိုင်ငံအနေဖြင့် ပြည်ပပို့ကုန်ကော်ဖီတင်ပို့နိုင်ရေးသည်လည်း အဓိကကဏ္ဍတစ်ခုဖြစ်ပါသည်။ ကော်ဖီတိုးချဲ့စိုက်ပျိုးရေး၊ကော်ဖီအရည်အသွေး ကောင်းမွန်စေရေးတို့အတွက် မြန်မာတောင်သူလယ်သမားကြီးများက GAP နှင့်အညီ ကော်ဖီစိုက်ပျိုးရေးနည်းလမ်းများဖြင့် ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ပါသည်။
- ရွှေမင်းအောင် (ကျောက်ပန်းတောင်း)
- မြန်မာတောင်သူကြီးများဂျာနယ်