menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“ဂျုံပင် စိုက်ပျိုးနည်း”
🎋🎋🎋🎋🎋🎋🎋🎋🎋🎋
▶️ ဂျုံသည် ကောက်ပဲသီးနှံပင်တစ်မျိုးဖြစ်ပါသည်။ ဂျုံတွင် အသားဓာတ်နှင့် ကာဗွန်ဟိုက်ဒရိတ်ဓာတ်များစွာ ပါဝင်နေပါသည်။ ဂျုံသီးနှံသည် ပြောင်းနှင့်စပါးပြီးလျှင် စိုက်ပျိုးထုတ်လုပ်မှု တတိယအများဆုံးသီးနှံဖြစ်ပါသည်။ ဂျုံသီးနှံကို ယခုအခါတွင် ကမ္ဘာတစ်ဝန်း၌ စိုက်ပျိုး ထုတ်လုပ်နေကြပါသည်။ ဂျုံကို မြန်မာနိင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးခြင်းမရှိပါ။ စစ်ကိုင်း၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့တွင် အနည်းငယ်စိုက်ပျိုးကြပါသည်။ ပြည်တွင်းစားသုံးရန် အတွက်သာရရှိပါသည်။
မူရင်းဒေသ
--------
ဂျုံ၏မူရင်းဒေသမှာ တူရကီနိုင်ငံ အရှေ့တောင်ဘက်ပိုင်းရှိ တောင်တန်းဒေသများဖြစ်သည် ဟု သိရှိရပါသည်။
မြေမျက်နှာသွင်ပြင်နှင့် ရာသီဥတု
-----------------------------
ဂျုံပင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၀,၀၀၀ ရှိသော ဒေသများတွင် အများဆုံး စိုက်ပျိုးဖြစ်ထွန်းပါသည်။ နှစ်စဥ် မိုးရေချိန် ၁၀ လက်မ မှ ၄၀ လက်မ အတွင်းရှိပြီး မြေဆီသြဇာ ကြွယ်ဝသောဒေသများတွင် ကောင်းစွာဖြစ်ထွန်းပါသည်။ နွေရာသီတွင် စိုက်ပျိုးသော ဂျုံသီးနှံအတွက် အသင့်တော်ဆုံး အပူချိန်မှာ ၂၂ ဒီဂရီစင်တီဂရိတ် မှ ၃၄ ဒီဂရီစင်တီဂရိတ်အတွင်း ဖြစ်ပါသည်။ ဆောင်းရာသီတွင်စိုက်ပျိုးသော ဂျုံသီးနှံအတွက် အသင့်တော်ဆုံး အပူချိန်မှာ ၅ ဒီဂရီစင်တီဂရိတ် မှ ၂၅ ဒီဂရီစင်တီဂရိတ်အတွင်း ဖြစ်ပါသည်။ ဂျုံစိုက်ပျိုးရာတွင် အစေ့အဆန် ဖြည့်တင်းရန်အတွက် နေရောင်ခြည်အပြည့်အဝရရှိရန် လိုအပ်ပါသည်။
စိုက်ပျိုးသောနည်းစနစ်များ
----------------------
ဂျုံစိုက်ပျိုးရာတွင် ကြဲပက်စိုက်ပျိုးခြင်း၊ ထယ်ထိုးပြီးချစိုက်ခြင်း၊ စိုက်ကြောင်းဆွဲ၍မျိုးစေ့ချစိုက်ခြင်းနှင့် ဆူးထိုးစိုက်ပျိုးခြင်း စသည့် စိုက်ပျိုးနည်းများဖြင့် စိုက်ပျိုးကြပါသည်။
မြေအမျိုးအစား
-----------
နုန်းမြေအမျိုးအစားသည် ဂျုံစိုက်ပျိုးရန်အတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။ ဂျုံစိုက်ပျိုးရန်အတွက် အသင့်တော်ဆုံး မြေချဥ်ငံကိန်းမှာ ၆.၄ ဖြစ်ပါသည်။ အေးသောဒေသများတွင် ဂျုံစိုက်ပျိုးရန်အတွက် အသင့်တော်ဆုံး မြေချဥ်ငံကိန်းမှာ ၅.၅ မှ ၇.၅ အတွင်း ဖြစ်ပါသည်။
စိုက်ပျိုးခြင်းနှင့် အပင်ပြုစုခြင်း
--------------------------
ဂျုံစိုက်ပျိုးရန်အတွက် အသင့်တော်ဆုံးကာလမှာ အောက်တိုဘာလနှောင်းပိုင်း နှင့် နိုဝင်ဘာလ အစောပိုင်းဖြစ်ပါသည်။ မိုးရေ၏အစိုဓာတ်ကို အမိအရစိုက်ပျိုးပါက အောက်တိုဘာ (၁၅ မှ ၃၀) အတွင်း စိုက်ပျိုးနိုင်ပါသည်။ ရေသွင်းစိုက်ပျိုးပါက နိုဝင်ဘာ (၁ မှ ၁၅) အတွင်း စိုက်ပျိုးနိုင်ပါသည်။ မြန်မာနိုင်ငံရှိ တောင်သူများမှာ နိုဝင်ဘာ (၁၅ မှ ၃၀) အတွင်း စိုက်ပျိုးကြပါသည်။ မိုးရေ၏အစိုဓာတ်ဖြင့် အမိအရ ဖမ်းကာ စိုက်လိုသောဒေသများတွင် မြေအနက် ၃.၄ လက်မမှ ၄ လက်မအတွင်း စိုက်ပျိုးနိုင်ပါသည်။ ရေသွင်းစိုက်ပျိုးလိုသောဒေသများတွင် မြေအနက် ၁.၃ လက်မ မှ ၂.၁ လက်မအတွင်း စိုက်ပျိုးနိုင် ပါသည်။ မိုးရေ၏အစိုဓာတ်ဖြင့် စိုက်ပျိုးပါကမျိုးစေ့နှုန်းထား ၁ဧကလျှင် ၁တင်းခွဲ အသုံးပြုကြပြီး ရေသွင်းစိုက်ပျိုးပါက ၁ ဧကလျှင်( ၂ )တင်း အထိ အသုံးပြုကြပါသည်။ စိုက်ပျိုးပြီး(၂၅) ရက်သားတွင် တစ်ကြိမ်၊ (၄၅)ရက်သားတွင် တစ်ကြိမ်၊ (၆၀)ရက်သားတွင်တစ်ကြိမ် ရေသွင်းပေးရမည်ဖြစ်ပါသည်။ စိုက်ပျိုးပြီး (၂၅) ရက်သားနှင့် (၄၅)ရက်သားတို့တွင် ပေါင်းမြက်ကင်းရှင်းစေရန်အတွက်ကြားပေါင်းလိုက်ရမည် ဖြစ်ပါသည်။
မြေသြဇာကျွေးခြင်း
---------------
ဂျုံမစိုက်ပျိုးမီ ရက်သတ္တပတ် (၄)ပတ်မှ (၆)ပတ်ခန့်ကတည်းကကြိုတင်၍ သဘာဝမြေသြဇာများကို ထည့်သွင်းထားရမည်ဖြစ်ပါသည်။ ယူရီးယားမြေသြဇာကို (၁)ဧကလျှင် (၁)အိတ်နှုန်း အသုံးပြုရမည် ဖြစ်ပါသည်။ ယူရီးယားမြေသြဇာ၏ အိတ်ဝက် (သို့မဟုတ်) ၃ ပုံ ၂ ပုံအား စစိုက်ချိန်ကတည်းက ထည့်သွင်းနိုင်ပါသည်။ ကျန်တစ်ဝက် (သို့မဟုတ်) ၃ ပုံ ၁ ပုံအား ပထမဆုံးအကြိမ် ရေသွင်းချိန်၌ ထည့်သွင်းရမည် ဖြစ်ပါသည်။ တီစူပါနှင့် ပိုတက်မြေသြဇာများကို (၁)ဧကလျှင် အိတ်တစ်ဝက်နှုန်း အသုံးပြုပေးရမည်ဖြစ်ပြီး သီးနှံစစိုက်သည့်အချိန်ကတည်းက ထည့်သွင်းနိုင်ပါသည်။
ပိုးမွှား နှင့် ရောဂါ ကာကွယ်နှိမ်နင်းခြင်း
----------------------------------
ဂျုံပင်တွင်ကျရောက်ဖျက်စီးလေ့ရှိသော ဖျက်ပိုးများမှာ ပျ၊ ငမြောင်တောင်၊ ခြ စသည်တို့ဖြစ်ပြီး ရောဂါများအနေဖြင့် သံချေးရောဂါနှင့် ကြပ်ခိုးမှိုရောဂါများ ကျရောက်လေ့ရှိပါသည်။ ဖော်ပြပါ ပိုး၊ ရောဂါများအတွက် ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးများဖြင့် အစားထိုးစိုက်ပျိုးခြင်း နှင့် ဓာတုဆေးဖြင့်ကာကွယ်နှိမ်နင်းရန် ပျပိုးအတွက် “ကေလာ၊ ဆိုင်လာ”၊ ငမြှောင်တောင်ပိုးအတွက် “နိုက်ဝမ်း၊ အီမာလန်ဒါ”၊ ခြ နှင့် မြေတွင်းအောင်းပိုးများကာကွယ်ရန် “ဒီပါ” ဆေးခဲများကို အသုံးပြုပေးရပါမည်။ မှိုရောဂါများကာကွယ်နှိမ်နင်းရန်အတွက် “ဟက်ဇာဂွန်၊ ဘင်ဇိုကာ” ဆေးများကို အသုံးပြုနိုင်ပါသည်။
ရိတ်သိမ်းခြင်း
---------
ဂျုံပင်၏ ရိုးတံနှင့် အနှံများ အဝါရောင်ပြောင်းချိန် (သို့မဟုတ်) စိုက်ပြီး ရက်(၉၀ မှ ၁၁၅) ရက်သားခန့် ရောက်လျှင် ရိတ်သိမ်းနိုင်ပြီဖြစ်ပါသည်။ တစ်နည်းအားဖြင့် အနှံအားလုံး (၈၀) ရာခိုင်နှုန်းရင့်မှည့်ချိန်တွင် ရိတ်သိမ်းနိုင်ပါသည်။
Sources : စိုက်ပျိုးနည်းပညာများ