menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“ရှောက်၊ သံပုရာ ကင်ကာရောဂါ” စနစ်တကျ ကာကွယ်ပါ .....
🍃🍋🍃🍋🍃🍋🍃🍋🍃🍋🍃
⏭ ရှောက်သံပုရာကင်ကာရောဂါ (Citrus Canker)
⏭ ရှောက်သံပုရာမျိုးနွယ်ဝင်အပင်များတွင် အဓိကဖြစ်ပွားသော ဘက်တီးရီးယားရောဂါဖြစ်သည်။
⏭ ရှောက်ချဉ်သီး၊ သံပုယိုသီးနှင့် ဂရိတ်ဖရုသီးတို့ကို အဓိကတိုက်ခိုက်ခံရသည်။ အရွက်မျက်နှာပြင်၊ ပင်စည် နှင့် အပင်များတွင်တွေ့ရလေ့ရှိသည်။ ၎င်းရောဂါတိုက်ခိုက်ခံရခြင်းဖြင့် အပင်ပုံစံပျက်သွားခြင်းမရှိပါ။ ဒဏ်ရာများသည် အဝါရောင်စက်ဝိုင်းကဲ့သို့ လုံးဝိုင်းသောပုံရှိပြီး အရွက်မျက်နှာပြင်နှစ်ဘက်စလုံးတွင် ပေါ်လာကြပြီး အဓိက ရှောက်ချဉ်ပင်တွင်ဆိုးရွားစွာကျရောက်သည်။
⏭ ပင်စည်ကိုင်းများတွင် ဒဏ်ရာများသည် အကွင်းလိုက်ဖြစ်ပြီး ကိုင်းများသေသွားတတ်သည်။ ရောဂါပြင်းထန်စွာ ခံစားရပါက အသီးများ မမှည့်မီ ကြွေကျခြင်း၊ အရွက်များကြွေကျခြင်းများ ဖြစ်ပေါ်စေသည်။
⏭ ရောဂါရ အသီးများမှာ စားသုံးဖို့အတွက် ဖြစ်နိုင်သော်လည်းဈေးကွက်အတွင်း အသီးမလှခြင်းကြောင့် တန်ဖိုးလျော့ကျခြင်း၊ ရောင်းတန်းမဝင်ခြင်းများ ဖြစ်ပေါ်စေသည်။
⏭ ဤရောဂါကို ကာကွယ်နှိမ်နင်းရန်မှာ .....
▪️ အရွက်၏ဒဏ်ရာများမှရောဂါဝင်ရောက်နိုင်ပါသဖြင့် အရွက်များ များစွာမထွက်မီ ရွက်ထွင်းပိုးအန္တရာယ်ကာကွယ်ပါ။
▪️ အရွက်မျက်နှာပြင် နှင့် ပင်စည်၊အကိုင်းများပေါ်တွင် ရောဂါလက္ခဏာစတွေ့သည်နှင့် ဝိစာရ၏ “ကျူပရိုမက်စ် ၊ ကာစင်” ဆေးများကို (၁၀) ရက်ခြားတစ်ခါ အလှည့်ကျဖျန်းပက်ပေးပါ။
▪️ အပင်ကိုကိုင်းများပြွတ်သိပ်အောင်မထားပဲ ကိုင်းများချိုင်ပေးပါ။
Sources : သီးနှံပိုးမွှားရောဂါများ ကာကွယ်နှိမ်နင်းခြင်း