menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ အစာအဆိပ်သင့်ခံရမှု ကာကွယ်ပါ
➡️ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ အစာအဆိပ်သင့်ခံရခြင်း၏အစမှာ ဟင်းသီးဟင်းရွက်နှင့် သီးနှံစိုက်ခင်းများတွင် ပိုးသတ်ဆေးများသုံးစွဲပြီး ကပ်ကျန်နေသည့် ပိုးသတ်ဆေးများ အဆိပ်မပြယ်ခြင်းကြောင့် ဖြစ်ပါသည်။ အချို့ပိုးသတ်ဆေးများသည် ဓာတ်ပြိုကွဲမှု မရှိပဲ ရေရှည်တည်တံ့နိုင်ခြင်း၊ မိုင်ပေါင်းများစွာရွေ့လျှား နိုင်ခြင်း၊ အဆိပ်ပြင်းလွန်းခြင်း တို့ကြောင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများတွင် ကပ်ငြိပြီး လူသားနှင့် တိရစ္ဆာန်တို့၏ခန္ဓာကိုယ်တွင်းသို့နည်းလမ်းမျိုးစုံဖြင့်ဝင်ရောက်ပါသည်။ ထို့ပြင်တရားဝင်စီစစ် ခွင့်ပြုထားခြင်း မရှိသောပိုးသတ်ဆေးများအသုံးပြုခြင်းဖြင့် အဆီတစ်သျူးများထဲတွင် ဆေးအဆိပ်များစုစည်းလာပြီး အဆိပ်သင့်မှုခံစားရခြင်းဖြစ်သည်။
➡️ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ အဆိပ်သင့်ရခြင်းမှာ သီးနှံပင်များကို ဆေးဖျန်းပြီးဆေးပြယ်သည့်အချိန်ကာလထိမစောင့်ပဲ ချက်ချင်းခူးဆွတ်ရောင်းချခြင်းကြောင့်လည်းဖြစ်သည်။ အခြားအကြောင်းများမှာ ဆေးလွဲမှားစွာသုံးစွဲခြင်း၊ လိုအပ်သည့်ပမာဏထက်လွန်ကဲစွာ သုံးစွဲခြင်း၊ အရည်အသွေးမမီသောဆေးများ သုံးစွဲခြင်း၊ လိုအပ်သည့်အကြိမ်အရေအတွက်ထက် ပိုမိုဖျန်းခြင်း၊ သီးနှံဆွတ်ခူးခါနီးမှ နီးကပ်စွာဆေးဖျန်းခြင်း တို့ကြောင့်အဆိပ်သင့်ရခြင်းများဖြစ်သည်။
➡️ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ အစားအစာများအဆိပ်သင့်ခံရမှု ကင်းဝေးစေရန်လိုက်နာရမည့်အပိုင်း( ၂ )ပိုင်းရှိပါသည်။ (၁) သီးနှံစိုက်ပျိုးထုတ်လုပ်ရောင်းချသူအပိုင်း၊ ( ၂) စားသုံးသူအပိုင်းတို့ဖြစ်ပါသည်။
➡️သီးနှံစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ခူးခါနီးအချိန်ဆေးမဖျန်းရန်၊ ဆေးဖျန်းပြီးလျှင်လည်းဆေးအာနိသင် ပျက်ပြယ်သည့်ကာလကျော်လွန်မှဆွတ်ခူးရောင်းချရန်၊ဆေးဖျန်းပြီးရိတ်သိမ်းခူးဆွတ်ရန်စောင့်ဆိုင်းရမည့်ကာလ (PHI)ကိုဂရုပြုရန်၊ မရောင်းချမီ မိမိသီးနှံပစ္စည်းလန်းဆန်းလတ်ဆတ် နေစေရန် ညပိုင်းတွင်ဓာတ်မြေဩဇာ အရည်ဖျန်းခြင်း၊ဟော်မုန်းဆေးများဖျန်းခြင်းမျိုးမပြုလုပ်ကြရန်၊ မှန်ကန်ပြီး ထိရောက်မှုရှိမည့်ပိုးသတ်ဆေးမျိုး ကိုရွေးချယ်အသုံးပြုကြရန်တို့ဖြစ်ပါသည်။
➡️ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများဝယ်ယူစားသုံးသူအပိုင်းမှလည်း ပန်းမုန်လာ၊ဂေါ်ဖီထုပ်၊ မုန်ညင်းထုပ် ကဲ့သို့ သီးနှံများတွင် အကြိုအကြားအတွင်း ဆေးဓာတ်ကြွင်းများခိုအောင်းတတ်သည့်အတွက် တစ်ပွင့်ချင်း တစ်ဖတ်ချင်းခွာပြီး ရေတွင်ဆားအနည်းငယ်ထည့်၍ ဆေးရန်၊ ပြီးလျှင်ရေနွေးနွေးနှင့်ထပ်ဆေးပြီး ရေအေးမှာ ပြန်စိမ်ထားပြီးမှချက်ပြုတ်စားသုံးရန်၊ ရုံးပတီသီး၊ အာလူး၊ ကြက်သွန်၊ ခရမ်းချဉ်၊မုန်လာဥ၊ ပန်းသီး၊ သစ်တော်သီး၊ ငှက်ပျောသီးစသည့်အသီးများကိုရေအေးဖြင့်တစ်လုံးချင်း စင်အောင်ပွတ်တိုက်ဆေးကြောပြီးမှ စားသုံးရန် သင့်ပါသည်။ ရက်လွန်နေသောဟင်းသီးဟင်းရွက်၊အသီး အနှံများကို လုံးဝမစားသုံးသင့်ပါကြောင်း သတိပြုဖို့လိုအပ်ပါသည်။
- အောင်ဆန်း (စိုက်ပျိုးရေး)
- စိုက်ပျိုးရေးရာ အကြံပြုချက်များ ( ၂ )