menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“ငှက်ပျော နှင့် အပင်ရောဂါ”
🎋🍌🎋🍌🎋🍌🎋🍌🎋🍌🎋
▶️ငှက်ပျောသီးရောင်းဝယ်မှုဈေးကွက်သည် ကမ္ဘာတစ်ဝန်းရှိနေဆဲဖြစ်သည်။ အာဆီယံနိုင်ငံများတွင်လည်း ဈေးကွက်ကျယ်ပြန့်သည်။ ဖိလစ်ပိုင်နိုင်ငံသည် ခွံဝါငှက်ပျောဖြင့် ကမ္ဘာ့ဈေးကွက်ကိုလွှမ်းမိုးထားသည်။ ထို့အတူ ထိုင်း၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ်နိုင်ငံတို့သည်လည်း စံချိန်မီ၊ အရည်အသွေးကောင်းသည့် ခွံဝါငှက်ပျောပင်များကို မဲခေါင်မြစ်၊ မြစ်နီမြစ်ဝှမ်းတစ်ကြောတွင် ကြီးမားကျယ်ပြန့်သောငှက်ပျော စိုက်ခင်းကြီးများဖြင့် ကမ္ဘာ့ဈေးကွက်ဝင်နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ရောက်ထိုးဖောက်ကြသည်။
▶️ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့သည် သူတို့၏နိုင်ငံထွက်ကုန်အနေဖြင့် တင်ပို့ကြသကဲ့သို့ ၎င်းတို့ နိုင်ငံနှင့် နီးစပ်နီးကပ်သောဒေသသို့ပို့ပြီး တင်ပို့နိုင်ငံမှထုတ်လုပ်သည့် သီးနှံထွက်ကုန်ကဲ့သို့လည်း ဈေးကွက်ချဲ့ကြသည်။ အထူးသဖြင့် ငှက်ပျော၊ သရက်၊ လိမ္မော်၊ နဂါးမောက်၊ ကျွဲကောသီးများ ဖြစ်ကြ သည်။ ပန်းမျိုးစုံလည်းဤသို့ကူးသန်းရောင်းဝယ်ကြသည်။
▶️ငှက်ပျောပင်သည် ရေဝင်မှု၊ လေပူပြင်းပြင်းတိုက်ခတ်ခံရမှုနှင့် နှင်းခါးကျမှုကိုကြောက်သည်။ အေးမြသောဒေသ (၁၀)ဒီဂရီစင်တီဂရိတ် မှ ပူပြင်းသော(၄၀) ဒီဂရီစင်တီဂရိတ် အထိလည်းပေါက်ရောက်သည်။ လစဉ်မိုးရေချိန်ရရှိသောဒေသတွင် ဖြစ်ထွန်းသဖြင့် မိုး၊နွေရာသီရှိဒေသများတွင်ပို၍ဖြစ်ထွန်း သည်။
▶️သီးနှံပင်များကို မျိုးတူတစ်မျိုးတည်းဧရိယာတစ်ခုတွင် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးမှုကြောင့် ပိုးကျလျှင် လည်းကောင်း၊ အပင်ရောဂါကျလျှင်လည်းကောင်း ပျက်စီးမှုများသည်။ ဤအထဲတွင်စပါးသီးနှံပြီးပါက ငှက်ပျောပင်သည် ငှက်ပျောမျိုးမည်မျှပင်ကွဲပြားပါသော်လည်း (ဖီးကြမ်း၊ သီးမွှေး၊ ခွံစိမ်း) မျိုးတူ ဗီဇဖွဲ့စည်းမှုတူညီကြသဖြင့် တစ်ပင်တွင်ရောဂါဖြစ်လျှင်တစ်ခင်းလုံးကူးစက်တော့၏။
▶️ငှက်ပျောပင်ကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ခင်းပုံစံဖြင့် စိုက်ပျိုးကြသည်မှာလည်းမြစ်ဘေး၊ ချောင်းဘေး ဖြစ်၍ရေကြီးလျှင်ရေမြုပ်၍ပျက်စီးခံရမှုကို တွေ့ကြုံရသည်။ (ဧရာဝတီ၊ မူးမြစ်)တစ်ကြောတွင် ဖျက်ပိုးလည်း ကျတတ်သည်။ ထိုအထဲတွင် “ပနားမားပင်ညှိုးရောဂါ” သည် ငှက်ပျောပင်တွင်အဆိုးဆုံး ရောဂါဖြစ်သည်။ အမြစ်တွင်ဒဏ်ရာရလျှင် မှိုရောဂါဝင်ပြီး ငှက်ပျောပင်၏အစာကြော ရေကြောသို့ တိုက်ခိုက်တော့သည်။ အပင်ရောဂါလက္ခဏာသည် အရွက်များအရောင်ဝါလာခြင်းမှစတင်သည်။ အရွက်ဝါရာမှငိုက်ကျ ညှိုးလာသည်။ အပင်သေသည်။
▶️ခွံဝါငှက်ပျောသည် ပင်ညှိုးရောဂါကိုခံနိုင်ရည်အသင့်အတင့်ရှိသည်။ မြန်မာနိုင်ငံအလယ်ရိုးမတွင် ပေါက်ရောက်သောဒေသမျိုးဖြစ်သည့် ခွံဝါကိုစိုက်ပျိုးရေးဌာနမှ လွန်ခဲ့သောနှစ်ပေါင်း(၃၀)ကျော်က မျိုးအဖြစ်ရယူပြီး ဧရာဝတီတိုင်းဒေသကြီး ရေကြည်၊ ကျုံပျော် မြို့နယ်များသို့မျိုးပွားခဲ့သဖြင့် ယခု ရန်ကုန်ဈေးကွက်တွင် ခွံဝါငှက်ပျောသည်ဈေးကွက်ကြီးမားနေသည်။ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် ခွံဝါငှက်ပျောများနှင့် ယှဉ်နိုင်သော မြန်မာ့ခွံဝါငှက်ပျောဖြစ်သည်။
▶️သို့သော် စိုက်ပျိုးမှုစနစ်၊ မျိုးထိန်းသိမ်းမှုစနစ်၊ အပင်ရောဂါကာကွယ်နှိမ်နင်းမှုတွင် လိုအပ်ချက်များ ရှိနေဆဲဖြစ်၍ ငှက်ပျောသီးခွံအဝါရောင်တွင်လှပမှုမရှိပဲ အမဲစက်များရှိနေသည်။ ပြည်ပဈေးကွက်သို့ ချဲ့နိုင်ပါလျက် ယှဉ်နိုင်ပါလျက် အရည်အသွေး(အမြင်မလှပ၍) မမှီ၍ ဈေးကွက်မချဲ့နိုင်သေးပါ။ ကမ္ဘာတွင် ငှက်ပျောကိုစီးပွားဖြစ်စိုက်ပျိုးနေသော တောင်အမေရိက၊ ဩစတြေးလျ၊ ဖိလစ်ပိုင်ကျွန်းစု၊ ဖီဂျီကျွန်းစုတို့ကဲ့သို့ စီးပွားဖြစ်စိုက်ပျိုးမှုပုံစံပြုလုပ်ပါမှ အပင်ရောဂါကင်းရှင်းမည်။ ငှက်ပျော၏မူရင်း ဒေသသည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဒေသများဖြစ်၍ သေချာစွာပြုပြင်စိုက်ပျိုးပါက မြန်မာနိုင်ငံသည်ငှက်ပျောဖြင့် ကမ္ဘာ့ဈေးကွက်လှမ်းတက်နိုင်သည်။
▶️သို့သော် ပနားမားညှိုးသေရောဂါနှင့် ငှက်ပျောရွက်ပျောက်ရောဂါကို ကာကွယ်နှိမ်နင်းနိုင်မှသာ စင်းလုံးချောလှပသော ငှက်ပျောသီးရရှိမည်။ သီးလာသောငှက်ပျောကို ပလပ်စတစ်အိတ်အပြာရောင်ဖြင့် အိတ်စွပ်ပေးကြရပါသေးသည်။ အဆိုပါရောဂါနှစ်မျိုးသည် ငှက်ပျောစိုက်ပျိုးကြသောနိုင်ငံများတွင် ဒုက္ခပေးလျက်ရှိသောရောဂါများဖြစ်ကြပါသည်။
Sources : ကိုရဲ (စိုက်ပျိုးရေး)