menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
သိရှိမှတ်သားထားရမည့် “ပိုးစေးနှဲ” ဖျက်ပိုးအကြောင်း
🐛🐛🐛🐛🐛🐛🐛🐛🐛🐛
မြန်မာအမည် - ပိုးစေးနှဲ
အင်္ဂလိပ်အမည် - Mealybug
သိပ္ပံအမည် - Pseudococcidae (Various species)
⏩ ပိုးစေးနှဲ များကို ပူနွေး၍ စွတ်စိုထိုင်းမှိုင်းသော ရာသီဥတုရှိသည့် နေရာဒေသများတွင်တွေ့ရများပြီး စုပ်ယူနိုင်သော ပါးစပ်အစိတ်အပိုင်း(Mouth part) ပါရှိသည့် စုပ်စားပိုး( Sucking pests ) တစ်မျိုးဖြစ်သည်။ ပိုးစေးနှဲများသည် အပင်၏ သစ်ရည်တို့ကိုစုပ်ယူစားသုံးလေ့ရှိသည်။ အခြားသော ဒေသများထက် နွေးသမပိုင်းနှင့် အပူပိုင်းဒေသတို့တွင် ပိုးစေးနှဲ မျိုးစိတ်အရေအတွက် ပိုများသည်ကို တွေ့ရှိရသည်။ ပိုးစေးနှဲ၏ ခန္ဓာကိုယ်သည် ပျော့ပြောင်း၍ အဖြူရောင် ဝါဂွမ်းစနှင့် ဆင်သည်။ ၎င်းတို့၏ခန္ဓာကိုယ်အား ဝါဂွမ်းနှင့်ဆင်သော အဖြူရောင် ဖယောင်းလွှာ( Waxy layer )ကိုဖုံးကာထားသဖြင့် အရွယ်ရောက်သည့်တိုင် သတိမထားမိကြပါ။
⏩ ယေဘုယျအားဖြင့် ၎င်းတို့တွင် ဥအဆင့်၊ ပိုးမမည်အဆင့်၊ အရွယ်ရောက်အကောင်ကြီးအဆင့် ဟူ၍ ဘဝစက်ဝန်း (၃)ဆင့် ရှိသည်ဟု အကြမ်းဖျင်း သတ်မှတ်နိုင်သည်။ ပိုးစေးနဲ အထီး/အမ နှစ်မျိုးစလုံး ပိုးမမည် (Nymphs) အဆင့်တွင် ခြေထောက်များပေါက်လာပြီး ရွေ့လျားနိုင်သည်။ အထီးများသည် သက်တမ်းတိုပြီး ပိုးရုပ်ဖုံးအဆင့်နှင့် အရွယ်ရောက်ကောင် ဘဝအဆင့်တွင် အစာမစားတော့ပဲ အမများ၏ အနီးနားတွင်သာ သီးခြားနေထိုင်တက်ကြသည်။ အတောင်ရှိသော အရွယ်ရောက်အကောင်သည် နကျယ်( Wasp )နှင့် ဆင်သည်။
⏩ ပိုးစေးနဲများကို ပူနွေး၍ စွတ်စိုထိုင်းမှိုင်းသောရာသီဥတုရှိသည့် နေရာဒေသများတွင်တွေ့ရများပြီး အပင်၏သစ်ရည်တို့ကို စုပ်ယူစားသုံးလေ့ရှိသည်။ စိုက်ပျိုးသီးနှံပင်တွေအတွက် စိုးရိမ်ရတဲ့ ဖျက်ပိုးတစ်မျိုးဖြစ်ပြီး ပင်စည်၊ အရွက်နှင့် အသီးများတွင် တွေ့ရလေ့ရှိသည်။ လက်ခံပင်တွင် တွယ်ကပ်၍ ၎င်းတို့ထုတ်သောဖယောင်းလွှာအား အကာအကွယ်ပြုလုပ်ကာ ပင်ရည်ကိုစုပ်ယူသည်။
⏩ ပိုးစေးနှဲများမှာ အကောင်သေးငယ်သော်လည်း အများအပြားကျရောက်ခံရသော အပင်သည် ပုံပျက်သွားပြီး ကြီးထွားမှု နှေးကွေးသွားသည်။ ကျရောက်သောနေရာတွင် ဒဏ်ရာတွေ ဖြစ်ကျန်ခဲ့နိုင် သည်။ ပိုးစေးနှဲတို့ စွန့်ထုတ်သော အချိုရည်(Honeydew) ကြောင့် စုပ်ယူခံရသောအပင်တွင် စေးကပ်နေသည်။ ယင်းအချိုရည် (Honeydew)သည် အချိုဓာတ်မြင့်မားသဖြင့် အပင်၌ ကြပ်ခိုးမှို (Sooty mold) ဟု ခေါ်သော Black powdery fungus ရောဂါကိုဖြစ်စေပြီး အပင်နှင့် အသီး အရည်အသွေးကို ကျစေသည်။ ရှောက်သံပုရာပင်များ နှင့် သရက်ပင်၊ မာလကာပင်များတွင် ကျရောက်သော ပိုးစေးနှဲ မျိုးစိတ်များသည် ဆိုးရွားသောဖျက်ပိုးများ ဖြစ်သည်။
⏩ ကြံ၊ စပျစ်၊ နာနတ်၊ ပီလောပီနံ၊ ကော်ဖီပင်၊ ပိုးစာပင်၊ သင်္ဘောပင်၊ နေကြာ၊ ရှားစောင်းပင်များ၊ သစ်ခွ၊ ဇီဇဝါပန်းပင် နှင့် Fernsပင်များတွင် ကျရောက်လေ့ရှိသည်။ ပိုးစေးနှဲ ကျရောက်နေသော လက်ခံပင်များတွင် ပုရွက်ဆိတ်များကို တွေ့ရှိရပြီး ပိုးစေးနှဲတို့နှင့် သဟဇီဝဖြစ်စွာ တူယှဉ်တွဲ နေထိုင်ကြသည်။ ထို့ကြောင့် စိုက်ပျိုးသီးနှံပင်များတွင် ပုရွက်ဆိတ်များတွေ့ရှိရသည်နှင့် ပိုးစေးနဲ ရှိနေကြောင်းသိရှိနိုင်သည်။ သို့သော် အခြားသော စုပ်စားပိုးမျိုးနွယ်များလည်း ဖြစ်နိုင်သောကြောင့်သေသေချာချာ ကြည့်ရှု့စစ်ဆေးသင့်သည်။
⏩ ပိုးစေးနှဲသည် ဥ၊ သားလောင်း၊ အရွယ်ရောက်ကောင်ဆိုသည့် ဘဝစက်ဝန်းကို ပိုင်ဆိုင်ထားပြီး ဘဝစက်ဝန်းတစ်ပတ်ပြည့်ရန် (၆-၈)ပတ်ခန့် ကြာနိုင်သည်။ ရာသီဥတု ပူနွေးသောအချိန် (သို့) အိမ်တွင်းစိုက်အပင်များတွင် ကြီးထွားမှုအဆင့်တိုင်းကို တစ်နှစ်ပတ်လုံးတွေ့နိုင်ပြီး မျိုးစိပ်နှင့် ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်၍ တစ်နှစ်တွင် မျိုးဆက် (၆-၈)ဆက် ရှိနိုင်သည်။
ဖျက်ဆီးပုံ လက္ခဏာများ .....
ပိုးစေးနှဲ ဖျက်ဆီးပုံမှာ အသီးနှစ်လုံး ထိစက်နေသောနေရာ၊ အပင်၏ ကန်တော့နေရာ၊ ကိုင်းဆက်နေရာ၊ မြေကြီးနှင့်နီးစပ်နေသောပင်စည်၊ အရွက်နှင့်ထိစပ်နေသောပင်စည်များတွင် အစုလိုက် အပြုံလိုက် စားသောက်ဖျက်ဆီးနေသည်ကို တွေ့ရတတ်သည်။ အချို့သောပိုးစေးနှဲများသည် အမြစ်ပေါ်တွင် စားသောက်ဖျက်ဆီးသည်။ ပိုးစေးနှဲသည် အပင်၏ ရေကြောမှတစ်ဆင့် ပင်စည်များကို စုပ်ယူပြီး အပင်ကို ခံနိုင်ရည်နည်းစေသည်။ အရွက် (သို့) ပင်စည်ပေါ်တွင် ပမာဏများစွာ ကျရောက်ပါက အပင်ကြီးထွားမှု ရပ်တန့်ပြီး အရွက်များ ကြွေကျနိုင်သည်။ သို့သော် ခံနိုင်ရည်ရှိသော အပင်များသည် ပမာဏာအနည်းငယ်ကျရောက်မှုကို ခံနိုင်ရည်ရှိပြီး သိသာထင်ရှားသော လက္ခဏာများမပြပါ။
ပိုးစေးနှဲ ကာကွယ်နှိမ်နင်းရန်နည်းလမ်းများ …..
- ခံနိုင်ရည်ရှိသော၊ ကျန်းမာသန်စွမ်းသော မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးပါ။
- မိတ်ဆွေပိုးများ ပွားများအောင် လုပ်ဆောင်ပါ။
- ရေများ အလွန်အကျွံပေးခြင်း၊ အာဟာရအလွန်အကျွံကျွေးခြင်းများရှောင်ပါ။
- ဓာတုဆေးအသုံးပြုမည်ဆိုပါက “အီမာလန်ဒါ၊ လန်ဒါ ၅၊ ဘီတာစီ” ပိုးသတ်ဆေး တစ်မျိုးမျိုးကို “ဟီးရိုး” တွယ်ကပ်ဆေးနှင့် ရောစပ်ပက်ဖျန်းပေးရပါမည်။
🐛စစ်မှန် ပြည့်ဝ ဝိစာရ🐛