menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ချိန်ဆသင့်သည့် ခါးရေ၊ ကြားရေ၊ အောင်ရေ
🌿🌻🌽🌾🌿🌻🌽🌾🌿🌻🌽🌾
🔳သီးနှံများစိုက်ပျိုးရာတွင် မိုးရာသီကာလ၏ မိုးရွာမှုကိုအခြေခံ၍ ဆောင်းသီးနှံများစိုက်ကြသည်။ အများစုသည်စိုက်ပျိုးမှုအောင်မြင်ကြသည်။ စိုက်ပျိုးချိန်ကရရှိသောမြေကြီးအစိုဓာတ်နှင့်ရေရှိနေ၍ အောင်မြင်ကြခြင်းဖြစ်ပါသည်။ စိုက်ချိန်စောစောစိုက်ပျိုးခဲ့သော ဆောင်းသီးနှံများမှာ အစိုဓာတ်မှီပြီး နွေမကူးခင် သိမ်းနိုင် ရိတ်နိုင်သဖြင့် အဆန်ပြည့်အထွက်တိုးခဲ့ကြသည်။ နောက်ကျစိုက်ခဲ့ရသော ဆောင်းသီးနှံများတွင် ပူပြင်းသောကာလ၌ အပင်များ ပန်းပွင့်ချိန်နှင့်ကြုံတတ်ကြသည်။
🔳အပင်၏ရေလိုအပ်ချက်အတွက် စိုက်ချိန်တွင်အဆင်ပြေသော်လည်း ရေအလိုအပ်ဆုံးအချိန်ဖြစ်သည့် ပန်းပွင့်ချိန်တွင် ရေမရနိုင် ရေမပေးနိုင်၊ မြေအစိုမထိန်းနိုင် သဖြင့် ကြားကာလတွင် “ခါးရေ” ဟုခေါ်သော အပွင့်မှအသီးဖြစ်ရန်လိုအပ်သောရေ၊ အပွင့်မှအစေ့ အဆန်ဖြစ်ရန်လိုအပ်သောရေ ကို မပေးနိုင်လျှင် သီးနှံအထွက်သိသိသာသာ ကျဆင်းနိုင်ပါသည်။ စိုက်ချိန်ကတည်းက ချိန်ဆလုပ်ကိုင်ကြပါမှ ခါးရေ ကြားကာလ(ကြားရေ) ရနိုင်ပြီးအပြည့်အဝအောင်မြင် နိုင်ပါမည်။
🔳အထူးသဖြင့် နေကြာခင်းများ၊ ပဲစိုက်ခင်းများ၊ ပြောင်းစိုက်ခင်းများအတွက်ဖြစ်သည်။ ချည်မျှင်ချည်ဝါခင်း အတွက်လည်းခါးရေတစ်ကြိမ်တော့လိုပါသည်။ သီးနှံစိုက်ဧကများဖြစ်ထွန်းသော်လည်း ခါးရေ၊ အပွင့်ဖြစ်ရေ ၊ အသီးဖြစ်ရေ မပေးနိုင်၍သီးနှံစိုက်ခင်းများ ပျက်စီးလျော့နည်းကြရသည်။ ရေမရရှိလျှင် မတ်လတွင်ပန်းပွင့်သောသီးနှံများတွင် ပို၍အခက်အခဲတွေ့ရတတ်သည်။ နေကြာခင်းများတွင် မျိုးကောင်းပါသော်လည်း အပင်ပုခြင်း၊ နေကြာအပွင့်သေးခြင်း၊ အစေ့အဆန်သေးခြင်း များဖြစ်တတ် သည်။
🔳နွေစပါးတွင်လည်း အတူတူပင်ဖြစ်ပါသည်။ “အောင်ရေ”ပေးနိုင်မှသာနွေစပါးအထွက်ကောင်းမည်။ စိုက်ရေရသည်နှင့် ပြီးပြီ အောင်ပြီဟုသတ်မှတ်ကြလျှင် စိုက်ဧက၏သုံးချိုးတစ်ချိုးလောက်သာ ရိတ်သိမ်းနိုင်ပေမည်။ ဒေသအများစုတွင် စပါးမှာဆည်ရေရသောသီးနှံဖြစ်ပေသည်။ ဒေသအချို့တွင် နွေစပါးစိုက်ရေပေးချိန်မှာ (၅-၆)လခန့် ရေပေးသည်များရှိတတ်၍ အဆင်ပြေသည်ကများပါသည်။
🔳သီးနှံစိုက်ပျိုးရေးတွင် မှီတည်နေရသော အချက်များစွာရှိပါသည်။ မျိုး၊ မြေ၊ ရေ၊ပိုး၊ ရောဂါ၊ အလေအလွင့်၊ နည်းစနစ်၊ နည်းပညာ၊ ရိတ်သိမ်းချိန်၊ ဈေးကွက်၊ သိုလှောင်မှု တို့ဖြစ်ပြီး ၎င်းတို့မှ တစ်မျိုးမျိုးချို့ယွင်းထိခိုက် ပျက်စီးလျှင် တောင်သူတို့အတွက် ဆုံးရှုံးမှုများကြုံကြရပေမည်။ ထို့ကြောင့် တစ်နှစ်ထက်တစ်နှစ် နွေရာသီပူပြင်းလာသောပြောင်းလဲမှုတွင် သီးနှံစိုက်ပျိုးရေး၌ ရေရရှိရေးကိုလည်း တွက်ဆကြရပါမည်။ အထူးသဖြင့်ဆောင်းသီးနှံနှင့် နွေစပါးတွင်ဖြစ်ပါသည်။
Sources : ကိုရဲ (စိုက်ပျိုးရေး)