menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဆီနေကြာများ မန္တလေးဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်လာ
🌿🌻🌿🌻🌿🌻🌿🌻🌿🌻🌿
↗️ဆောင်းသီးနှံအဖြစ်စိုက်ပျိုးခဲ့သည့် ဆီနေကြာများ ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်သို့ နေ့စဉ် လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း မန္တလေးပဲကုန်သည်များထံက သိရသည်။ ↗️မြန်မာပြည်အနှံ့ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးခဲ့သည့် နေကြာများမှာ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အဓိကဝင်ရောက်လာပြီး ဈေးနှုန်းအနေဖြင့် ယခင်နှစ်ကာလတူက ဆီနေကြာ ၂၇ ပိဿာ သုံးတင်းဝင်တစ်အိတ် ကျပ် ၅၀,၀၀၀ ဈေးရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ် ၇၀,၀၀၀ ထိရှိလာသည်။
↗️"ယခင်ကာလက ဆီနေကြာကို ကြားသီးနှံအဖြစ်ပဲ စိုက်ပျိုးကြပါတယ်။ အခုအချိန်မှာ နေကြာတွေကို အခင်းလိုက်စိုက်ပျိုးနေတာကို တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာတာ တွေ့ရှိရတယ်။ နေကြာကို စိုက်ပျိုးတဲ့အခါမှာ ကုန်ကျစရိတ်သက်သာတဲ့အတွက် တောင်သူတွေလည်း အဆင်ပြေပါတယ်။ လက်ရှိအချိန်မှာ နိုင်ငံတော်အနေနဲ့ကလည်း ဆီနေကြာကိုစိုက်ပျိုးဖို့ တိုက်တွန်းနေပါတယ်။ ယခုနှစ် ထူးခြားချက်ကတော့ ဈေးကွက်အတွင်းမှာ နေကြာတွေ ပိုမိုဝင်ရောက်နေတာတွေ့ရှိရတယ်။ နေကြာဆီက ကျန်းမာရေးကို အထောက်အကူပြုတယ်။ ပြည်တွင်းက ထွက်ရှိတဲ့အတွက် ဈေးနှုန်းအနေနဲ့ကလည်း သင့်တင့်မျှတတဲ့ဈေးရှိတယ်။ ခုဆိုရင် ဈေးကွက်မှာ နေကြာဆီတစ်ပိဿာက ငွေကျပ် ၆,၀၀၀ နဲ့ ၆,၅၀၀ ဈေးရှိတယ်။ နေကြာဖတ်ကလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုလိုရပါတယ်။ တစ်ချို့ဒေသတွေက ဆီစက်တွေမှာဆိုရင် နေကြာကို ကြိတ်နေကြပါပြီ" ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။
↗️နေကြာသီးနှံကို စားသုံးသည့် လှော်နေကြာနှင့် ဆီထွက်သီးနှံအဖြစ်စိုက်ပျိုးသည့် နေကြာဟူ၍ နှစ်မျိုးစိုက်ပျိုးပြီး၊ စားသုံးသည့် လှော်နေကြာကို ဧရာဝတီမြစ်ရိုးတစ်လျောက်နှင့် တောင်ကြီး၊ အောင်ပန်းဒေသတို့တွင် စိုက်ပျိုးကြကာ ဆီထွက်သီးနှံအဖြစ် စိုက်ပျိုးကြသည့် နေကြာကို မြန်မာပြည်အနှံ တောင်ပေါ်မြေပြန့်နေရာဒေသမရွေးစိုက်ပျိုးကြလျက်ရှိသည်။
↗️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (The Farmer Media)