menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
သီးနှံအရည်အသွေး နှင့် အထွက်မကျစေဖို့ရာ “မွှားပင့်ကူနီ” ကို စနစ်တကျ ကာကွယ်ပါ .....
🌿🕷️🌿🕷️🌿🕷️🌿🕷️🌿🕷️🌿
မြန်မာအမည် - မွှားပင့်ကူနီ
အင်္ဂလိပ်အမည် - Red spider mite
သိပ္ပံအမည် - Tetranychus urticae
↗️ သီးနှံပင်များတွင် ဆိုးဝါးစွာကျရောက်လေ့ရှိသည့် ဖျက်ပိုးပေါင်းများစွာတွင် “မွှားပင့်ကူနီ” သည် အပါအဝင်ဖြစ်သည်။ မွှားပင့်ကူနီ ကျရောက်ပါက သီးနှံပင်များ၏ ပင်ရည်များကိုစုပ်ယူစားသောက်ပြီး အရွက်များတွန့်ခြင်း၊ အပင်ကြီးထွားမှုရပ်တန့်ခြင်း စသည်တို့ဖြစ်ပေါ်တတ်ပြီး သီးနှံပင်အရည်အသွေး ကျဆင်းကာ အထွက်နှုန်းကိုပါ လျော့ကျထိခိုက်စေနိုင်သည်။
↗️ မွှားပင့်ကူနီသည် အရွယ်အစား (၁) မီလီမီတာထက်သေးငယ်ပြီး ခန္ဓာကိုယ်တစ်ဖက်စီမှာ အဝါရောင် (သို့) အဝါဖျော့ရောင် အစက်လေးများရှိသည့် ပင့်ကူငယ်လေးများဖြစ်သည်။ ၎င်းအကောင်ငယ်လေးများကို အပင်ရဲ့အရွက်အောက်မျက်နှာပြင်များတွင် အမြောက်အများတွေ့ရှိနိုင်ပါသည်။ ဆိုးရွားစွာကျရောက်ချိန်တွင် အပင်အရွက်များပေါ်တွင် ပင့်ကူမျှင်လေးများကိုပါ တွေ့ရှိနိုင်သည်။ နေ့တာတိုသည့်ဆောင်းရာသီတွင် ပိုးကောင်လေးများသည်အနီရောင်ရင့်ရင့်သို့ပြောင်းသွားပြီး ဆောင်းခိုရန်အတွက် သီးနှံပင်များကို စွန့်ခွာသွားတတ်ကြသည်။
↗️ မွှားပင့်ကူနီသည် ပူပြင်းခြောက်သွေ့သော ရာသီဥတုတွင် မျိုးပွားနှုန်း နှင့် အသက်ရှင်သန်နိုင်မှုနှုန်း များပြားသည်။ မွှားပင့်ကူနီများသည် ကြီးထွားမှုအဆင့် (၅) ဆင့်ရှိပြီး ဥအဆင့် မှ အကောင်ကြီး အဆင့်အထိ (၇ မှ ၁၄) ရက်အထိ ကြာမြင့်နိုင်ပါသည်။ အမတစ်ကောင်သည် သုံးပတ်အတွင်းမှာ ဥပေါင်း ၁၀၀ ကျော်ကို အုနိုင်ပါသည်။ ဥတွေကို အရွက်ရဲ့အောက်မျက်နှာပြင်မှာ အုကြပြီး မွှားပင့်ကူနီ (၁၀) ကောင်မှ တစ်လအတွင်း အကောင်ရေ ၁,၀၀၀ မှ နှစ်လအတွင်း အကောင်ရေ ၁၀၀,၀၀၀ ထိ မျိုးပွားနိုင်ကြပါသည်။ ပတ်ဝန်းကျင် အစိုဓာတ်မြင့်မားခြင်းက မွှားပင့်ကူနီများ ဥအုနှုန်းကို လျော့ကျစေပါသည်။ မွှားပင့်ကူနီသည် ခြေချောင်းများဖြင့် နေရာတိုင်းပြန့်နှံ့နိုင်သလို လေနှင့် အင်းဆက်ခန္ဓာကိုယ်များမှတစ်ဆင့် ကပ်တွယ်၍လည်း အဝေးသို့ပြန့်နှံ့နိုင်သည်။
↗️ မွှားပင့်ကူ၏ ဖျက်ဆီးပုံလက္ခဏာမှာ အရွက်အောက်မျက်နှာပြင်မှနေ၍ အပင်ဆဲလ်များကို ထိုးဖောက်ခြစ်စားသဖြင့် အရွက်များအောက်သို့ တွန့်ကုပ်သွားသည်။ ၎င်းပိုးစကျသည့်အချိန်တွင် အရွက်အပေါ်မျက်နှာပြင်၌ အဖြူရောင်အစက်အပြောက်များကိုတွေ့ရပြီး အကောင်ရေများပြား လာသည်နှင့်အမျှ အဖြူရောင် အစက်အပြောက်များ ပိုမိုများပြားလာပြီး အရွက်အရောင်ပျောက်ကာ နောက်ဆုံးမှာ အပင်သေဆုံးသွားနိုင်ပါသည်။ သီးနှံပင်အရွက်အောက်မျက်နှာပြင်များတွင် မွှားပင့်ကူနီ အမြောက်အများရှိနိုင်သော်လည်း မှန်ဘီလူးဖြင့်ကြည့်မှသာ သေချာကွဲပြားစွာ မြင်တွေ့နိုင်ပါသည်။ အကောင်ရေများပြားလာမှသာ အကောင်အစုအဝေးများစွာနှင့် ပင့်ကူမျှင်များကို တွေ့မြင်နိုင်မှာ ဖြစ်သည်။
↗️ မွှားပင့်ကူနီများသည် အစာမစားပဲ ဆောင်းခိုနိုင်ပြီး နွေနှင့်မိုးရာသီများတွင် သီးနှံပင်များကိုပြန်လည်ဖျက်ဆီးတတ်ကြပါသည်။ အထူးသဖြင့် မတ်လ မှ အောက်တိုဘာလအတွင်း သီးနှံပင်များပေါ်တွင် ကျရောက် ဖျက်ဆီးနိုင်ပါသည်။
↗️ “မွှားပင့်ကူနီ”ကျရောက်မှုကို ကာကွယ်နှိမ်နင်းရန်မှာ .....
☑️ မွှားပင့်ကူနီ ကျရောက်ထားသောအခင်း၏ လေအောက်ကျသောနေရာများတွင် သီးနှံခင်းအသစ် စိုက်ပျိုးခြင်းကိုရှောင်ကြဉ်ပါ။
☑️ ပိုးကျထားသော အပင်များကို နှုတ်၍ မီးရှို့ဖျက်ဆီးပြီး (၁-၂)ပတ် မြေလှပ်ထားပါ။
☑️ စိုက်ခင်း နှင့် စိုက်ခင်းဘေးပတ်လည်တွင် ပေါင်း၊မြက်များ ပြောင်စင်အောင်ရှင်းလင်းထားရမည်။
☑️ ဓာတုပိုးသတ်ဆေးအသုံးပြုရန်မှာ ဝိစာရ၏ “အီမာလန်ဒါ၊ မိုက်အိုကေ၊ ရော့ကက်၊ ဆာဗိတ်” ဆေးများမှ တစ်မျိုးမျိုးကို ပက်ဖျန်းအသုံးပြုပေးနိုင်ပါသည်။
🌿စစ်မှန် ပြည့်ဝ ဝိစာရ🌿