menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“သီးနှံများ ရိတ်သိမ်းဆွတ်ခူးချိန် မှန်ကန်ခြင်း၏ သီးနှံအရည်အသွေးများအပေါ် အကျိုးသက်ရောက်မှု”
🌾🌿🍌🍅🍈🥜🍋🍑🌿🌾
✔️သီးနှံတခုချင်းစီတွင်အရည်အသွေးကောင်း ရရှိစေရန် တိကျမှန်ကန်တဲ့ ရိတ်သိမ်းဆွတ်ခူးချိန်များရှိကြပါတယ်။ သီးနှံရိတ်သိမ်းဆွတ်ခူးချိန်ဟာသီးနှံများရဲ့ အရည်အသွေးကောင်းစေမှု၊ ညံ့စေမှုကိုလွှမ်းမိုးထားပါတယ်။ သီးနှံအရည်အသွေးမြင့်မှသာ ရောင်းပန်းလှပြီးစျေးကောင်းရမှာ ဖြစ်ပါတယ်။
✔️ဆန်စပါးဟာ ပြည်တွင်းစားသုံးမှု၊ ပြည်ပတင်ပို့မှုပါ အရေးပါတဲ့သီးနှံဖြစ်ပါတယ်။ စပါးရဲ့အရည်အသွေးကို ရိတ်သိမ်းချိန်မှန်ကန်မှုက လွှမ်းမိုးထားပါတယ်။ စပါးကို နည်းပညာအရ မောင်းညိုချိန်(အနှံထွက်ပြီး ၁၅-၃၀ ရက်အတွင်း) ရိတ်သိမ်းရင် ဆန်အရည်အသွေးအမြင့်ဆုံး ရရှိတယ်လို့ ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာနက ဆိုပါတယ်။ အနှံထွက်ပြီး ၂၅ရက်မှာ ရိတ်သိမ်းပါက ဆန်ထွက် ၆၅% ရရှိပြီး ဆန်ကောင်း ၅၅% ရရှိတယ်လို့ ဆိုပါတယ်။ စပါးကို ရိတ်သိမ်းသင့်တဲ့အချိန်ထက် ၁၀ရက်စောရိတ်မိရင် လေလွင့်ဆုံးရှုံးမှု ၅.၀၄% ရှိပြီး ၁၀ရက်နောက်ကျရိတ်သိမ်းမိရင် ၅.၄၁% လေလွင့်ဆုံးရှုံးခံရတဲ့အပြင် ဆန်စပါးအရည်အသွေးပါ ကျဆင်းစေပါတယ်။
✔️မြေပဲသီးနှံဟာ အရေးပါတဲ့ ဆီထွက်သီးနှံဖြစ်ပါတယ်။ ပင်ထောင်မြေပဲဟာ စိုက်ပျိုးပြီး ရက် (၁၁၀-၁၃၀) ရက်မှာ ရင့်မှည့်ပါတယ်။ သက်တမ်းတို အရည်အသွေးကောင်း မြေပဲမျိုးများဟာ သူ့သက်တမ်းအလိုက် ရင့်မှည့်ရက်များ အမျိုးမျိုးရှိပါတယ်။ မြေပဲအခွံအတွင်း အဆန်အပြည့်အဝ ဖွံ့ဖြိုးပြီးချိန်တွင် မြေပဲတောင့်ရင့်မှည့်ပါတယ်။ အဲ့ဒီအချိန်မှာ မြေပဲခွံ၏ အတွင်းနံရံဟာ မီးခိုးရင့်ရောင်မှသည် အညိုသို့ ပြောင်းလာချိန်မှာ ရိတ်သိမ်းရန် သင့်တော်တဲ့အချိန်ဖြစ်ပါတယ်။ ရိတ်သိမ်းခြင်းစောလွန်းခြင်း၊ နောက်ကျလွန်းခြင်းဟာ မြေပဲဆန်အရည်အသွေး ကျဆင်းစေသည်သာမက ပျက်စီးမှုများပြီး အထွက်နှုန်းထိခိုက်ပါတယ်။ မြေပဲကို တစ်ပင်လုံးရဲ့ အရွက် ၇၅% ခြောက်သွေ့ပြီး အရွက်ကျချိန်၊ မြေပဲတောင့်အတွင်း အညိုရောင် ငါးကြင်းကွက်များ ဖြစ်ပေါ်ချိန်မှာ ရိတ်သိမ်းခြင်းဟာ အရည်အသွေးနဲ့ ဆီပါဝင်မှု အမြင့်မားဆုံးကို ပေးစွမ်းနိုင်ပါတယ်။
✔️နှမ်းသီးနှံဟာ ပြည်တွင်းစားသုံးမှု၊ ပြည်ပတင်ပို့မှုပါ အရေးပါတဲ့သီးနှံတခု ဖြစ်ပါတယ်။ နှမ်းသီးနှံဟာ ပျမ်းမျှခြင်းအားဖြင့် စိုက်ပျိုးပြီး ရက်(၇၀-၁၀၀) အတွင်း ရိတ်သိမ်းရပါတယ်။ နှမ်းသီးနှံဟာ နှမ်းမျိုးများ အလိုက် ယေဘူယျအားဖြင့် စိုက်ပျိုးပြီး (၆၅-၇၅) ရက်အတွင်း ရင့်မှည့်ပါတယ်။ နှမ်းပင်စည်နဲ့ အရွက်ဟာ အစိမ်းရောင်မှ အနီရောင်သန်းတဲ့ အဝါရောင်သို့ ပြောင်းသွားပါတယ်။ နှမ်းကိုစောရိတ်သိမ်း ပါက အစိုဓာတ်များပြီး ဆီပါဝင်မှုလျော့ကျစေပါတယ်။ နောက်ကျရိတ်သိမ်းပါက နှမ်းသီးများ အက်ကွဲ အစေ့များ လွင့်စင်သွားတဲ့အတွက် လေလွင့်ဆုံးရှုံးမှုများပြီး အရည်အသွေးပါ ကျဆင်းစေပါတယ်။ နှမ်းပင်ရဲ့ အရွက်အားလုံး ၇၅% အဝါရောင်သန်းလာချိန် နှမ်းသီးများ အညိုရောင်သို့ ပြောင်းလာချိန်မှာ ရိတ်သိမ်းခြင်းဟာ အရည်အသွေးကောင်းမွန်မှု၊ ဆီပါဝင်မှု ပမာဏ၊ ဆီ၏အရည်အသွေးကိုပါပေးစွမ်းနိုင်ပါတယ်။
✔️နေကြာသီးနှံဟာ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် တဖက်တလမ်းမှ အထောက်အကူပေးနေသော သီးနှံဖြစ်ပါတယ်။ သက်တမ်းရှည်သော နေကြာမျိုးဟာ စိုက်ပျိုးပြီး ရက်(၁၀၀-၁၄၀)တွင် ရင့်မှည့်ပါတယ်။ နေကြာကိုစောရိတ်ပါက အစေ့တွင်း အစိုဓာတ်ပါဝင်မှုများပြီး အရည်အသွေးကျစေပါတယ်။ နေကြာကို နောက်ကျရိတ်သိမ်းပါက နေကြာစေ့အတွင်း ဆီ၏ဖွဲ့စည်းမှုပြောင်းလဲစေပြီး ဆီအရည်အသွေး ကျဆင်းစေပါတယ်။ အလွန်နောက်ကျရိတ်သိမ်းပါက နေကြာစေ့အတွင်းဆီ၏ ဖွဲ့စည်းမှုပြောင်းလဲစေပြီး ဆီအရည်အသွေးကျဆင်းစေပါတယ်။ နေကြာပွင့်ရဲ့နောက်ကြောဘက် အဝါရောင်မှအညိုရောင် ပြောင်းလဲလာချိန်၊ အစေ့တွင်း အစိုဓာတ် ၁၀-၁၂% ရှိချိန်တွင် ရိတ်သိမ်းခြင်းဟာနေကြာဆီရဲ့ အရည်အသွေးကိုထိန်းထားနိုင်ပါတယ်။
✔️ပဲပုတ်သီးနှံဟာ ပရိုတိန်းဓာတ်ပါဝင်ပြီး ဒေသအစားအစာရော ဆီထုတ်လုပ်မှုပါ အရေးပါတဲ့ သီးနှံတစ်ခု ဖြစ်ပါတယ်။ ပဲပုတ်ပင် အရွက်များ (၈၀) ရာခိုင်နှုန်း ခြောက်၍ကြွေကျချိန် ၊ ပဲပုတ်အစေ့များ အဝါရောင်ဖြစ်ပေါ်ချိန်၊ ခြောက်သွေ့ချိန်၊ အစေ့တွင်း အစိုဓာတ် (၁၄) ရာခိုင်နှုန်းရှိချိန်ဟာ ရိတ်သိမ်းချိန်မှန်ဖြစ်ပြီး အရည်အသွေးကောင်း ပဲပုတ်စေ့ကို ရရှိနိုင်ပါတယ်။ ပဲပုတ်အတောင့်ဟာ အခွံဖျော့ရောင်ပြောင်းလာချိန်ဟာ ဇီဝကမ္မဖြစ်စဉ်အရ လုံးဝရင့်မှည့်ချိန်သို့ရောက်ရှိပါတယ်။
✔️ကုလားပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ သီးနှံများဟာ တစ်ပင်လုံးရှိအရွက်ရဲ့ (၇၅)ရာခိုင်နှုန်းခြောက်သွေ့ကြွေကျချိန်၊ အတောင့်များကောင်းမွန်စွာ ခြောက်သွေ့ချိန်၊ အစေ့တွင်းအစိုဓာတ် (၁၅-၂၀) ရာခိုင်နှုန်း ရှိချိန်ဟာ အရည်အသွေးကောင်းရရှိရန် ရိတ်သိမ်းချိန်မှန် ဖြစ်ပါတယ်။ ပဲသီးနှံကို စောရိတ်သိမ်းနှင့်ပါက အစေ့တွင်း အစိုဓာတ်များပြီး အပူပြန် ပုတ်ရိသွားမှာဖြစ်ပါတယ်။ ပဲအစေ့များလည်း ပိန်ရှုံ့သွားပြီး အရည်အသွေး ကျဆင်းသွားစေပါတယ်။ ပဲသီးနှံများကို နောက်ကျရိတ်သိမ်းပါက ပဲတောင့်များ ကွဲအက်ပြီး အစေ့များ လွင့်စင်ထွက်ခြင်း ပဲစေ့များနေလောင်တဲ့အတွက် နေလောင်ဒဏ်ရာ အပျက်အကွက်များဖြစ်ပေါ်ခြင်းတို့ကြောင့် ပဲစေ့အရည်အသွေးကို ကျဆင်းစေပါတယ်။
✔️ပဲသီးနှံများ ရိတ်သိမ်းချိန် မမှန်ပါက အရည်အသွေးကို ကျဆင်းစေတဲ့အပြင် မြေပဲတွင် (၂၅-၅၀) ရာခိုင်နှုန်း၊ ပဲစင်းငုံတွင် (၄-၆) ရာခိုင်နှုန်း၊ မတ်ပဲတွင် (၆.၂) ရာခိုင်နှုန်း၊ ကုလားပဲတွင် (၆.၆) ရာခိုင်နှုန်း၊ ပဲတီစိမ်းတွင် (၅.၃) ရာခိုင်နှုန်း လေလွင့်ဆုံးရှုံးသွားကြောင်း ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနက ဆိုထားပါတယ်။
✔️အစေ့ထုတ်ပြောင်းသီးနှံဟာ ပြည်တွင်းရိက္ခာအတွက်ရော တိရစ္ဆာန်အစားအစာအတွက်ပါ အရေးပါတဲ့သီးနှံဖြစ်ပါတယ်။ အစေ့ထုတ်ပြောင်း အရည်အသွေးကောင်း ရရှိစေရန် နို့ရည်ခဲအစချိန်မှာ ရိတ်သိမ်းရမယ်လို့ ဆိုထားပါတယ်။ (ဒေါက်တာထွန်းဆိုင်ရဲ့ ပြောင်းဖူးစိုက်ပျိုးနည်းပညာ ၁၉၉၀) အစေ့ထုတ်ပြောင်းသီးနှံကို စောပြီး ရိတ်သိမ်းမယ်ဆိုရင် အစေ့များစံချိန်မမှီပဲ ပိန်ရှုံ့နေ၍ အရည်အသွေးကျဆင်းစေပါတယ်။ အစေ့ထုတ်ပြောင်းကို နောက်ကျပြီး ရိတ်သိမ်းပါက အပူချိန်ကြောင့် ပြောင်းဖူးဖက်များအက်ကွဲပြီး ပြောင်းစေ့များ နေလောင်ဒဏ်ရာရစေမှာဖြစ်ပါတယ်။
✔️ရိတ်သိမ်းချိန်မှန်ကန်ခြင်းဟာ ကောက်ပဲသီးနှံများအပြင် သစ်သီးဝလံများ၏အရည်အသွေးပေါ်တွင်လည်း များစွာလွှမ်းမိုးနေတာကိုတွေ့ရပါတယ်။ ဒူးရင်း၊ကျွဲကော၊ ကြက်မောက်၊ မင်းဂွတ်၊ မာလကာ၊ သရက်၊ ပိန္နဲ၊ ပန်းသီး၊ လိမ္မော်၊ သစ်တော်၊ နံနတ်၊ ငှက်ပျော စတဲ့သစ်သီးပင်များခူးဆွတ်ချိန်မမှန်ပါက အရသာချိုမြမှုမရှိခြင်း၊ အနံ့မမွှေးခြင်း၊ အသားမညက်ညောခြင်း၊ မနူးညံ့ခြင်း စတဲ့ မကောင်းတဲ့ အရည်အသွေး လက္ခဏာများသာရရှိနိုင်ပါတယ်။
✔️သစ်သီးဝလံများဟာ ပျမ်းမျှအားဖြင့် ပန်းဖူးစပေါ်ပြီး ရက်ပေါင်း (၁၅၀) ကျော်မှသာ ပြည့်စုံစွာရင့်မှည့်သော သစ်သီးဝလံကိုရရှိနိုင်ပါတယ်။ ပန်းဖူးပေါ်ပြီး ရက်ပေါင်း(၁၅၀) မကျော်ဘဲ ခူးဆွတ်မိပါက အရည်အသွေးလုံးဝစံမမှီပဲ ဒုက္ခနဲ့သာတွေ့ကြုံကြရမည်ဖြစ်ပါတယ်။
✔️ဒူးရင်းသီးဟာ ပန်းဖူးပေါ်ပြီးရက် (၁၅၀)ကျော်မှသာ အသီးညှာအရစ်ကြဲလာချိန် အသီးရောင် အစိမ်းရောင်မှ အညိုရောင်ပြောင်းလာချိန် ဆူးကြဲလာချိန်ဟာ ဆွတ်ခူးရန် အသင့်တော်ဆုံးအချိန် ဖြစ်ပါတယ်။ ဒီအချိန်မှာခူးရင် အရသာချိုမြမယ်၊ မွှေးမယ်၊ အသားနူးညံ့မယ်၊ အရည်အသွေးကောင်းပြီး စားသုံးသူတို့ ကျေနပ်နှစ်သက်ကြမှာဖြစ်ပါတယ်။ ဒူးရင်းသီးကို စောခူးပြီး အညှာကို မှည့်ဆေးတို့ရင်တော့ အရည်အသွေးပျက်စီးသွားမှာဖြစ်ပါတယ်။
✔️မင်းဂွတ်သီးဟာ ပန်းဖူးစပေါ်ပြီးရက် (၁၅၀)ကျော်ရင် အသီးပေါ်မှာ ခရမ်းရောင် ဖြစ်ပေါ်မှုဟာ အသီးတစ်လုံး၏ (၂၅)ရာခိုင်နှုန်းထိ ဖြစ်ပေါ်ပါက အရည်အသွေးအမြင့်ဆုံးအချိန် ရောက်ရှိပါတယ်။ စောခူးရင်တော့ မချိုမမွှေး၊ မနူးညံ့၊ အတွင်းသားမှာ ကြပ်ဖြစ်တဲ့ ဒုက္ခနဲ့ကြုံရတတ်ပါတယ်။
✔️ကျွဲကောသီးဟာလဲ ပန်းဖူးပေါ်ပြီး ရက်(၁၅၀)ကျော်ရင် အသီးခွံရောင် အစိမ်းရောင်မှ စိမ်းဝါဝါအရောင် ပြောင်းချိန်၊ အညှာကျွတ်ချိန်ဟာ အရည်အသွေးကောင်းကို ပေးစွမ်းနိုင်ပါတယ်။ စောခူးရင်တော့ မချိုမမွှေး၊ အရည်မရွှန်းဘဲ အတွင်းသားကြပ်ဖြစ်နေတတ်ပါတယ်။
✔️ငှက်ပျောဟာ အပင်သက် (၈-၁၀)လခန့်မှ အဖူးစတင်ဝင်ပါတယ်။ တချို့ဖီးကြမ်းမျိုးဟာ (၆)လနဲ့ အဖူးထွက်တတ်ပါတယ်။ အဖူးစထွက်ပြီး တစ်နှစ်အတွင်းခုတ်သိမ်နိုင်ပါတယ်။ ငှက်ပျောသီးများ စောင်းလုံးချိန် ပြည့်စုံသော ရင့်မှည့်မှု ရှိချိန်ဟာ အရည်အသွေးမြင့်မားဆုံးအချိန်ဖြစ်ပါတယ်။ ငှက်ပျောကို စောခုတ်ပြီး မှည့်ဆေးတို့မယ် ဆိုရင်တော့ အရည်အသွေးလုံးဝ ကျဆင်းသွားမှာ ဖြစ်ပါတယ်။ ခရီးဝေးဝေးတင်ပို့ရမည်ဆိုပါက ငှက်ပျောတစ်ခိုင်လုံးရဲ့ (၇၅-၈၀)ရာခိုင်နှုန်း ရင့်မှည့်ချိန်၊ ခရီးနည်းသောဒေသများသို့ တင်ပို့ရမည်ဆိုပါက တစ်ခိုင်လုံး၏ (၈၅-၉၀)ရာခိုင်နှုန်း ရင့်မှည့်ချိန်တွင် ခုတ်သိမ်းခြင်းဟာ အရည်အသွေးကောင်းကို ထိန်ထားနိုင်ပါတယ်။
✔️ယခုအခါတွင် ထုတ်လုပ်သူများဟာ သီးနှံစောစောပေါ်ပြီး စျေးကောင်းရရှိရေး တစ်ခုတည်းကိုသာ ဦးတည်ပြီး စောဆွတ်ခူးပြီး မှည့်ဆေးတို့၍ စျေးကွက်တင်နေကြပါတယ်။ အပြင်ပန်းကြည့်ရင် ဝင်းဝါရွှန်းစို၍ သွားရည်ကျလောက်အောင် စွဲမက်ချင်စရာဖြစ်ပြီး ထိုသစ်သီးကို ဝယ်စားမိလျှင် အတွင်းသားလုံးဝ အရည်အသွေးမမှီတဲ့ ဒုက္ခကြုံကြရမှာဖြစ်ပါတယ်။
✔️သို့ပါ၍ သီးနှံများ အရည်အသွေးစံချိန်မှီပြီး မြန်မာ့ထုတ်ကုန်သီးနှံများ ကမ္ဘာအထိပါ မျက်နှာပန်းလှစေရန် ရိတ်သိမ်းခူးဆွတ်ချိန်မှန်ကန်အောင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။
Sources : အောင်ဆန်း(စိုက်ပျိုးရေး)