menu

သီးနှံများစိုက်ပျိုးတိုင်း“ဝိစာရမျိုးစေ့လူးနယ်ဆေး”လူးနယ်စိုက်ပျိုးရန်မမေ့ပါနှင့်



✅သီးနှံများစိုက်ပျိုးတိုင်း“ဝိစာရမျိုးစေ့လူးနယ်ဆေး”လူးနယ်စိုက်ပျိုးရန်မမေ့ပါနှင့်✅ 🌾🌶🌿🥔🍀🧄☘️🌽🍃🍅🎋🍉🌱 

▪️တောင်သူဦးကြီးတို့၏စိုက်ပျိုးမြေများတွင် သီးနှံစိုက်ပြီးချိန် မြေအောင်းပိုးများအမြစ်ကိုကိုက်ခြင်း၊ ပင်စည်ထိုးယင်ကျရောက်ခြင်း၊ မြေဆောင်မှိုကြောင့် အပင်ငယ်စဉ်မှာခါးရိရောဂါဖြစ်ခြင်း၊ အပင်ကြီးမှ ဖျူဆေရီယမ်ပင်ညှိုးရောဂါ၊ အမြစ်ဆွေးအမြစ်ပုပ်ရောဂါများဖြစ်ခြင်းတို့ကြောင့် စိုက်ပျိုးပြီးသီးနှံပင်များ တဖြုတ်ဖြုတ်သေတတ်ကြပါသည်။ ထိုအချိန်မှ ဆေးဖျန်းကာကွယ်နှိမ်နင်းလို၍ ရမည်မဟုတ်တော့ပါ။ 

▪️ထိုကဲ့သို့အဖြစ်မျိုးမဖြစ်ပေါ်စေရန်ကြိုတင်ကာကွယ်နိုင်မည့်တစ်ခုတည်းသောနည်းလမ်းမှာ သီးနှံစိုက်ပျိုးချိန်တွင် သီးနှံမျိုးစေ့များကို “ဝိစာရမျိုးစေ့လူးနယ်ဆေး” လူးနယ်စိုက်ပျိုးကြရန် ဖြစ်ပါသည်။ 

▪️စိုက်ချိန်တွင် “ဝိစာရမျိုးစေ့လူးနယ်ဆေး” လူးနယ်စိုက်ပျိုးခြင်းအားဖြင့် မျိုးစေ့တိုင်းအပင်ပေါက်၍ အပင်ပေါက်နှုန်းကောင်းခြင်း၊ ပေါက်လာသည့်အပင်ငယ်များအပင်ပေါက်ညီညာ၍ လျင်မြန်စွာ ကြီးထွားပြီးကျန်းမာသန်စွမ်းခြင်း၊ အပင်ပေါက်ပြီး (၃)ပတ်သားမှ (၁)လသားအထိ အပင်အသေ အပျောက်မရှိဘဲ မြေတွင်းအောင်းပိုး၊စုပ်စားပိုးများ၊ ခါးရိရောဂါ၊ ပင်ခြေပုပ်ရောဂါ၊ ဗိုင်းရပ်စ်ရောဂါ များမှကြိုတင် ကာကွယ်နိုင်ပါသည်။ 

▪️အသုံးပြုရမည့်နည်းလမ်းမှာ မျိုးစေ့လူးနယ်ဆေးထုပ်အတွင်းပါဝင်သောဆေးများကို ရေ(၁)လီတာ (ရေသန့်တစ်ဘူး)နှင့်ရောစပ်ပြီးမျိုးစေ့၊မျိုးကိုင်း၊မျိုးပိုင်း၊ပျိုးပင်များကိုလူးနယ်၍ အရိပ်အောက်တွင် (၁၀)မိနစ်ခန့်အခြောက်ခံထားပြီး စိုက်ပျိုးရန်ဖြစ်ပါသည်။ 

▪️ဆေးအိတ်တစ်အိတ်တွင်ပါဝင်သောဆေးများကို ပဲမျိုးစုံ၊ မြေပဲ၊နှမ်း၊နေကြာ၊ဂျုံ နှင့်ပြောင်း မျိုးစေ့ တစ်တင်းခွဲ ဖြင့်လူးနယ်နိုင်ပါသည်။ ဝါသီးနှံအတွက် မျိုးစေ့(၁၀-၁၅)ပိဿာနှင့်လူးနယ်စိုက်ပျိုး နိုင်ပါသည်။ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့်လည်းလူးနယ်စိုက်ပျိုးနိုင်ပါသည်။ 👉“ဝိစာရ၏မျိုးစေ့လူးနယ်ဆေး”များကိုနှစ်မျိုးထုတ်လုပ်ထားပါသည်။ (၁) မျိုးစေ့လူးနယ်ရာတွင်အသုံးပြုနိုင်သောဆေးများ။ - ဒဗလျူတောနစ်(ဟော်မုန်းအားဆေး)၊ အေမီဒါ ၂၀ဒဗလျူပီ(ပိုးသတ်ဆေး) နှင့် ကာဗာ ၂၅အက်စ်စီ (မှိုသတ်ဆေး)များဖြင့်မျိုးစေ့ကိုလူးနယ်စိုက်ပျိုးနိုင်ပါသည်။ (၂) သီးနှံစုံမြစ်ဆွေးခြောက်ရောဂါ ကာကွယ်ရန်အသုံးပြုနိုင်သောဆေးများ။ - ကာဗာ ၂၅အက်စ်စီ(မှိုသတ်ဆေး)၊ မက်တယ်လဇီး ၂၅ဒဗလျူပီ(မှိုသတ်ဆေး)၊ အေမီဒါ ၂၀ဒဗလျူပီ (ပိုးသတ်ဆေး)နှင့် ဟီးရိုးပလပ်စ်(မျိုးစေ့လူးနယ်ဆေးနှင့်တွယ်ကပ်ဆေး)များဖြင့် မျိုးစေ့ကိုလူးနယ် စိုက်ပျိုးနိုင်ပါသည်။ 

 👉စိုက်ပျိုးချိန်တွင် အဆင်သင့်အသုံးပြုနိုင်ရန် “ဝိစာရ၏မျိုးစေ့လူးနယ်ဆေးများကို” ကြိုတင်ဝယ်ယူထားရန်ဖြစ်ပါသည်။ 

 ♻️စစ်မှန် ပြည့်ဝ ဝိစာရ♻️