menu

“သီးနှံပင်များအတွက် လိုအပ်သော အာဟာရဓာတ်များနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များ”


🌱🌱🌱🌱🌱🌱🌱🌱🌱🌱

 ✅သီးနှံပင်များစိုက်ပျိုးကြရာတွင် မိမိတို့၏ သီးနှံပင်များအောင်မြင်ဖြစ်ထွန်းရန် မည်သည့်အာဟာရဓာတ်များလိုအပ်ကြောင်း နှင့် ထိုအာဟာရဓာတ်များ၏ လုပ်ဆောင်ချက်များကို ဗဟုသုတအဖြစ် တင်ဆက်ပေးလိုက်ပါသည်။

၁။ နိုက်ထရိုဂျင်ဓာတ် ( N )

 - အပင်များ၏ရှင်သန်မှုဆိုင်ရာ အဖွဲ့အစည်းများအတွက် အရေးကြီးသောဓာတ်ဖြစ်ပါသည်။
 - ပရိုတင်းတည်ဆောက်ရာတွင် အရေးကြီးသောအခန်းကဏ္ဍတွင် လုပ်ဆောင်ပါသည်။
 - အစိမ်းရောင်ခြယ်ပစ္စည်းဖြစ်ပေါ်မှုကို တိုးပွားစေပါသည်။
 - အပင်များ၏ အရွက်၊ အခက်အလက်၊ ပင်စည်များ ကြီးထွားမှုကို အားပေးပါသည်။
 - အပင်များ၏ အထွက်နှုန်း နှင့် အရည်အသွေးကို တိုးပွားစေပါသည်။

၂။ ဖော့စ်ပရပ်စ်ဓာတ် (P)

 - အပင်များ၏ အရေးကြီးသော ဆဲလ်များအတွက် အထောက်အကူပြုပါသည်။
 - ဆဲလ်ကွဲပွားခြင်း နှင့် ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးပါသည်။
 - အလင်းမီ အစာချက်လုပ်မှုအတွက် လိုအပ်ပါသည်။
 - သကြား နှင့် ကစီဓာတ် ဖြစ်ပေါ်မှုအတွက် ကူညီပါသည်။
 - အပင်များအတွက် လိုအပ်သော စွမ်းအင်များကို ပြောင်းလဲလုပ်ဆောင်ပေးပါသည်။
 - အမြစ်များကို စောစီးစွာထွက်စေခြင်း၊ ပန်းပွင့်စေခြင်း၊ အစေ့အဆံဖြစ်ပေါ် ပြည့်ဝစေခြင်း အစရှိသည်တို့အတွက် ဆောင်ရွက်ပေးပါသည်။

၃။ ပိုတက်ဆီယမ်ဓာတ် (K)

 - အလင်းမီအစာချက်လုပ်ခြင်း နှင့် အစိမ်းရောင်ခြယ်ပစ္စည်း၏ လုပ်ငန်းဆောင်ရွက်ခြင်းတို့တွင် ကူညီပေးပါသည်။
 - မြောက်များစွာသော အင်ဇိုင်းများ၏ လုပ်ငန်းစဉ်များတွင် ကူညီပေးပါသည်။
 - ပရိုတင်းဖြစ်ပေါ်မှုတွင် ပါဝင်ပါသည်။
 - ဆဲလ်များ၏ အတွင်းပိုင်း ဖိအားအတွက် ကူညီဖြေရှင်းပေးသည်။
 - ရာသီဥတု နှင့် ရောဂါဒဏ်များကို ခံနိုင်ရည်ရှိစေပါသည်။
 - ရေလိုအပ်မှုကို ထိန်းချုပ်တိုးတက်စေပြီး ရေငတ်ဒဏ် နှင့် အငံဓာတ်လွန်ကဲမှုကို ခံနိုင်စွမ်း တိုးစေပါသည်။
 - အမြစ်ကြီးထွားမှုအတွက် တိုးတက်စေပြီး အပင်ယိုင်လဲမှုများကို ကာကွယ်ပေးပါသည်။
 - သီးနှံများ၏ အရည်အသွေးကို တိုးမြှင့်ဆောင်ရွက်ပေးပါသည်။

၄။ ကယ်ဆီယမ်ဓာတ် (Ca)

 - အပင်များ၏ ဆဲလ်နံရံများကို တောင့်တင်းခိုင်မာစေပါသည်။
 - ဆဲလ်ကွဲပွားခြင်း နှင့် ဆဲလ်ရှည်ထွက်ခြင်းကို ကူညီပေးပါသည်။
 - အသီးတင်မှုကို ဖြစ်ပေါ်စေပြီး အသီးထိပ်ပုပ်ခြင်းကို ကာကွယ်ပေးပါသည်။
 - မြေဆီလွှာ အချဉ်ဓာတ်လွန်ကဲမှုကို လျော့နည်းစေပါသည်။

၅။ ဆာလ်ဖာဓာတ် (S)

 - အပင်များအတွက် အရေးကြီးသော ပရိုတင်းဖြစ်စေရန် အမိုင်နိုအက်စစ်ထုတ်လုပ်မှုကို လုပ်ဆောင်ပေးပါသည်။
 - အစိမ်းရောင်ခြယ်ပစ္စည်း ဖြစ်ပေါ်မှုအတွက် ကူညီပေးပါသည်။
 - ပဲမျိုးနွယ်ဝင် အပင်များတွင် နိုက်ထရိုဂျင်ကို ဖမ်းယူပေးသော ပဲမြစ်ဖုဖြစ်ပေါ်မှုအတွက် ဆောင်ရွက်ပေးပါသည်။
 - ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ မုံညင်း၊ မုံလာ အစရှိသော သီးနှံများ၏ အနံ့ကို ကောင်းမွန်စေပါသည်။
 - အချို့အင်ဇိုင်းများ၏ စွမ်းရည်ကို တိုးတက်စေရန် ကူညီပေးပါသည်။

၆။ မဂ္ဂနီဆီယမ်ဓာတ် (Mg)

 - အပင်များအတွက် အစိမ်းရောင်ခြယ်ပစ္စည်း၏ မော်လီကျူးများတွင် ပါဝင်ဖွဲ့စည်းသော ဓာတ်ပစ္စည်းများကို ဖြစ်ပေါ်အားပေးပါသည်။
 - သကြားဓာတ် နှင့် ကစီဓာတ် ဖြစ်ပေါ်မှုကို ကူညီပေးပါသည်။
 - ဖော့စ်ပရပ်စ်ဓာတ်ကို ချိတ်ဆက်သယ်ဆောင်ရာတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပါသည်။
 - အပင်များအတွက် များစွာသော အင်ဇိုင်းများ၏ လုပ်ငန်းတာဝန်များကို ကူညီပေးပါသည်။

၇။ ဘိုရွန်ဓာတ် (B)

 - ဆဲလ်ကွဲပွားခြင်းအတွက် ဆောင်ရွက်ပေးပါသည်။
 - ကယ်ဆီယမ်ဓာတ်ကို ချိတ်ဆက်သယ်ယူရာတွင် ကူညီပေးပါသည်။
 - ပရိုတင်းဖြစ်ပေါ်မှုကို အားပေးပါသည်။
 - ကာဘိုဟိုက်ဒြိတ်ဖြိုခွဲမှုအတွက် ကူညီပေးပါသည်။
 - ဝတ်မှုန်ကူးမှုကို တိုးတက်ကောင်းမွန်စေပါသည်။
 - အပွင့် နှင့် အသီး ဖြစ်ပေါ်မှုတို့အတွက် ကူညီဆောင်ရွက်ပေးပါသည်။
 - အပင်များအတွက် လိုအပ်သော ဟော်မုန်းဖြစ်ပေါ်မှုကို ဆောင်ရွက်ပေးပါသည်။

၈။ ကော့ပါးဓာတ် (Cu)

 - အစိမ်းရောင်ခြယ်ပစ္စည်း ထုတ်လုပ်မှုအတွက် လိုအပ်ပါသည်။
 - အလင်းမီအစာချက်လုပ်မှုအတွက် ကူညီပေးပါသည်။
 - အင်ဇိုင်းများ၏ ပရိုတင်းထုတ်လုပ်ခြင်းတွင် ကူညီပေးပါသည်။
 - အင်ဇိုင်းများ၏ ဖွဲ့စည်းမှုတွင် ပါဝင်ပါသည်။
 - ဓာတ်တိုးဓာတ်လျော့ လုပ်ငန်းစဉ်တွင် ပါဝင်ပါသည်။
 - အပင်များတွင် ရေရွေ့လျားမှုကို ထိန်းချုုပ်ကူညီပေးပါသည်။
 - အစေ့ထုတ်လုပ်ခြင်းအတွက် လိုအပ်ပါသည်။
 - အမြစ်များ ဇီဝဓာတ်ပြုမှုအတွက် ကူညီပေးပါသည်။

၉။ သံဓာတ် (Fe)

 - အရွက်များအတွင်း အောက်စီဂျင်ကို သယ်ယူရာတွင် ဓာတ်ကူပစ္စည်းအဖြစ် ကူညီပေးပါသည်။

၁၀။ မဂ္ဂနိစ်ဓာတ် (Mn)

 - အပင်များ၏ အစိမ်းရောင်ခြယ်ပစ္စည်းထုတ်လုပ်ခြင်း နှင့် အလင်းမီအစာချက်လုပ်ခြင်းအတွက် အရေးကြီးပါသည်။
 - ဓာတ်တိုးဓာတ်လျော့ လုပ်ငန်းစဉ်များအတွက် ထိန်းညှိပေးပါသည်။
 - များစွာသော အင်ဇိုင်းများ၏ စွမ်းအင်အတွက် ပါဝင်ပါသည်။
 - အပင်ကြီးထွားမှုဖြစ်စဉ်တိုင်းတွင် ကော့ပါးဓာတ်၊ သံဓာတ်၊ သွပ်ဓာတ် တို့နှင့်အတူ ပေါင်းစပ်ကူညီပါသည်။

၁၁။ မိုလီဒီနမ်ဓာတ် (Mo)

 - လေထုထဲမှ နိုက်ထရိုဂျင်ဓာတ်ကို ဖမ်းယူပေးသော ပဲမြစ်ဖုဇီဝဘက်တီးရီးယားအတွက် လိုအပ်ပါသည်။
 - အင်ဇိုင်းများ ဓာတ်ပြုမှုအတွက် ကူညီပေးပါသည်။

၁၂။ သွပ်ဓာတ် (Zn)

 - အစိမ်းရောင်ခြယ်ပစ္စည်း ဖြစ်ပေါ်မှုအတွက် လိုအပ်ပါသည်။
 - အင်ဇိုင်းများ နှင့် ကြီးထွားဟော်မုန်းများအတွက် ပါဝင်ပါသည်။
 - အပင်များ ရေစုပ်ယူမှု နှင့် ရေအသုံးပြုမှုကို ထိန်းညှိကူညီပေးပါသည်။

၁၃။ ကလိုရင်းဓာတ် (Cl)

 - အပင်အတွင်း ရေရွေ့လျားခြင်း နှင့် ရေအသုံးချမှုကို ကူညီဆောင်ရွက်ပေးပါသည်။
 - Stomata ခေါ် လေရှူပေါက်များ၏ အဖွင့်အပိတ်လုပ်ငန်းစဉ်အတွက် ကူညီပေးပါသည်။
 - အပင်ကြီးထွားမှု နှင့် အပွင့်ဖြစ်ပေါ်မှုကို အားပေးပါသည်။

၁၄။ ဆီလီကာဓာတ် (Si)

 - အပင်အတွက် ပင်စည်ရှည်ထွက်မှုကို တိုးလာစေရန် အထောက်အကူပြုပါသည်။
 - ရေငတ်ဒဏ်၊ ရေဝပ်ဒဏ်ကို ခံနိုင်ရည်ရှိစေသည်။
 - အာဟာရစုပ်ယူမှုကောင်းမွန်စေရန် ကူညီသည်။
 - အချို့ Metal များ၏ လောင်ကျွမ်းခြင်းကို ကာကွယ်ပေးသည်။
 - စပါးပင်အတွက် မရှိမဖြစ်သော အာဟာရဓာတ်ဖြစ်သည်။
 - စပါးပင်ကြီးထွားရေးအတွက် လိုအပ်သော အရွက် ပင်စည် နှင့် အမြစ်ပိုင်းဆိုင်ရာ အားလုံးတွင် ဆောင်ရွက်ပေးပါသည်။
 - စပါးရွက် Cuticle ဖယောင်းလွှာကို ထူစေသောကြောင့် မှိုရောဂါ ၊ ဘက်တီးရီးယားရောဂါ နှင့် အင်းဆက်ပိုးများ၏ ဖျက်ဆီးမှုမှ ကာကွယ်ပေးပါသည်။

Ref : Plants & Nutrients