menu

သီးနှံပင်တွေမှာ ရောဂါတွေကျနေပါလား !!! ဝိစာရရဲ့ ဘယ်မှိုသတ်ဆေးကို ရွေးချယ်သုံးစွဲကြမှာလဲ ?


🌿🌶🌾🥔🌿🥦🌿🧅🌾🍅🌿

✅“အနာနှင့်ဆေး တည့်အောင်ပေးက ပျောက်ရေးမခက်ပါ” ဆိုသကဲ့သို့ပင် သီးနှံပင်များတွင်ကျရောက်သော အပင်ရောဂါအမျိုးမျိုးတို့အတွက် စိုက်ပျိုးနည်းစနစ်ကောင်းများဖြင့် မည်သို့ပင် ကာကွယ်ကုသစေကာမူ မှန်ကန်သော ဓာတုဆေးများဖြင့် ကြိုတင်ကာကွယ်ခြင်း နှင့် အချိန်မှီ ကုသနှိမ်နင်းရန်မှာ အလွန်အရေးကြီးပါသည်။ ထို့ကြောင့် သီးနှံပင်များတွင်ကျရောက်သောရောဂါများ အလိုက် ရွေးချယ်သုံးစွဲရမည့် ဝိစာရ၏ မှိုနှင့် ဘက်တီးရီးယားရောဂါ ကာကွယ်ကုသဆေးများကို စုစည်းတင်ပြလိုက်ရပါသည်။

၁ ။ ဘင်ဇိုကာ ၅၅၀ အက်စ်စီ

 ☑️အစွမ်းရှိပစ္စည်း Chlorothalonil 45.0% + Hexaconazole 3.5% + Cymoxanil 6.5% ပါဝင်ပါသည်။

 ☑️သီးနှံပင်များတွင်ကျရောက်တတ်သော စပါးရွက်ညိုပြောက်ရောဂါ၊ အာလူး စောပင်နာကျ၊ နှောင်းပင်နာကျရောဂါ၊ ခရမ်းချဉ် စောပင်နာကျ၊ နှောင်းပင်နာကျရောဂါ၊ သခွားနှင့် ဟင်းသီးဟင်းရွက် ပင်များတွင် ကျရောက်တတ်သော ဒေါင်းနီးမှိုရောဂါ၊ မီးခိုးရောင်မှိုရောဂါ၊ ဖားဥမှို နှင့် အခြားမှိုရောဂါ အမျိုးမျိုးကို ထိရောက်လျင်မြန်စွာ ကုသပေးနိုင်ပါသည်။

၂ ။ ကာဗာ ၂၅အက်စ်စီ

 ☑️အစွမ်းရှိပစ္စည်း Azoxystrobin 25% ပါဝင်ပါသည်။

 ☑️ကာကွယ်ကုသနိုင်သောရောဂါများမှာ ဂန္ဓမာသံချေးဖြူရောဂါ၊ အာလူးနှောင်းပင်နာကျ၊ ခရမ်းချဉ်နှောင်းပင်နာကျ၊ ကြက်သွန်ဗျောက် နှင့် တောက်တဲ့မြီးရောဂါ၊  စပါးဂုတ်ကျိုးရောဂါနှင့် အခြားမှိုရောဂါအမျိုးမျိုးတို့ဖြစ်သည်။ “ကာဗာ”မှိုသတ်ဆေးကို သီးနှံများစိုက်ပျိုးရာတွင် မျိုးစေ့လူးနယ်ဆေးအဖြစ်လည်းအသုံးပြုနိုင်ပါသည်။

၃ ။ ကျူပရိုမက်စ် ၈၅ဒဗလျူပီ

 ☑️အစွမ်းရှိပစ္စည်း Copper oxychloride 85% ပါဝင်ပါသည်။

 ☑️ကာကွယ်ကုသနိုင်သောရောဂါများမှာ သီးနှံမျိုးစုံခါးရိရောဂါ၊ ပင်ရင်းပုပ်၊ နှမ်းရိုးမဲ၊ အာလူးဥပုပ်၊ အာလူးစောပင်နာကျ၊ ကွမ်းရိုးမဲဆစ်ပြုတ်၊ လိမ္မော်အနာချိုင့်၊ ကြက်သွန်အပျော့ပုပ်၊ ဂေါ်ဖီအပျော့ပုပ် နှင့် စပါး ဘက်တီးရီးယားရွက်ခြောက်ရောဂါ၊ ဘက်တီးရီးယားရွက်စင်းရောဂါ၊ စပါးမှိုသီးရောဂါ၊ စပါးဂုတ်ကျိုးရောဂါ၊ စပါးရွက်ဖုံးခြောက်ရောဂါတို့ဖြစ်သည်။

၄ ။ ဆိုင်မိုဇက် ၇၂ ဒဗလျူပီ

 ☑️အစွမ်းရှိပစ္စည်း Cymoxanil 8% + Mancozeb 64% ပါဝင်ပါသည်။

 ☑️ကာကွယ်ကုသနိုင်သောရောဂါများမှာ အာလူး ခရမ်းချဉ်နှောင်းပင်နာကျရောဂါ နှင့် ဖရဲ၊ ကြက်သွန်၊ စပျစ် ဒေါင်းနီးရွက်ခြောက်ရောဂါ၊ မှည့်ပြောက်စွန်းရောဂါများ ဖြစ်သည်။

၅ ။ ဒိုင်ကိုဇက် ၈၀ ဒဗလျူပီ

 ☑️အစွမ်းရှိပစ္စည်း Mancozeb 80% ပါဝင်ပါသည်။

 ☑️“ဒိုင်ကိုဇက်”သည် သီးနှံပင်များတွင် မှိုရောဂါအမျိုးမျိုးမကျရောက်နိုင်စေရန် အကောင်းဆုံးကြိုတင် ကာကွယ်ဆေးဖြစ်သည်။ မြေအောင်းရောဂါမှိုများကို ကြိုတင်ကာကွယ်နိုင်ရန် မစိုက်မီ မျိုးစေ့နှင့် လူးနယ်စိုက်ပျိုးနိုင်ပါသည်။

၆ ။ ဒိုင်ဇီ ၃၂.၅ အက်စ်စီ

 ☑️အစွမ်းရှိပစ္စည်း Difenoconazole 12.5% + Azoxystrobin 20% ပါဝင်ပါသည်။

 ☑️အစွမ်းထက်ဆေးနှစ်မျိုးပေါင်းစပ်ထားပြီး ခရမ်းချဥ်စောပင်နာကျရောဂါ၊ငရုတ်အသီးမှည့်ပျောက်စွန်း နှင့် ကိုင်းဖျားခြောက်ရောဂါ၊ ပဲအမျိုးမျိုးတွင်ကျရောက်တတ်သော ဆာကိုစပိုးရားရွက်ပြောက်ရောဂါ၊ ကြက်သွန်တောက်တဲ့မြီးရောဂါ၊ ဂန္ဓမာသံချေးဖြူ(ကျောက်ရောဂါ)၊ အာလူးလောင်မဲရောဂါ နှင့် အခြားမှိုဆေးများဖြင့်နှိမ်နင်းရန်ခက်ခဲသည့် မှိုရောဂါအမျိုးမျိုးကို အမြစ်ပြတ်သုတ်သင်ရှင်းလင်းပေးနိုင်ပါသည်။

၇ ။ ဟက်ဇာဂွန် ၅ အက်စ်စီ

 ☑️အစွမ်းရှိပစ္စည်း Hexaconazole 5% ပါဝင်ပါသည်။

 ☑️ပဲမျိုးစုံတွင်ကျရောက်သော ဖားဥမှိုရောဂါ၊ ဖရဲ သခွားမွှေး ဖားဥမှိုရောဂါ၊ ဂန္ဓမာသံချေးဖြူရောဂါ၊ နှင်းဆီအနက်ပြောက်ရောဂါ၊ ပဲမျိုးစုံသံချေးရောဂါ၊ မြေပဲရွက်ပြောက်ရောဂါ၊ နှမ်းရိုးမဲရောဂါ၊ ကြက်သွန်တောက်တဲ့မြီး၊ ငရုတ်မှည့်ပြောက်စွန်း နှင့် ကိုင်းဖျားခြောက်ရောဂါ၊ စပျစ်ငှက်မျက်စိရောဂါ၊ ငှက်ပျောစီဂါတိုကာ (Sigatoka) နှင့် Cercospora musae ရွက်ခြောက်ရောဂါများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။

၈ ။ ကာစင် ၂ အက်စ်အယ်လ်

 ☑️အစွမ်းရှိပစ္စည်း Kasugamycin 2% ပါဝင်ပါသည်။

 ☑️စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါ၊ စပါးဂုတ်ကျိုးရောဂါ၊ အာလူး၊ ခရမ်းချဉ် နှင့် ဖရဲ၊ သခွား ဘက်တီးရီးယားပင်ညှိုးရောဂါ၊ ဘက်တီးရီးယားရွက်ပြောက်ရောဂါ၊ ပဲမျိုးစုံတွင်ကျရောက်သော ဘက်တီးရီးယားရွက်ပြောက် နှင့် မှဲ့ပြောက်စွန်းရောဂါ၊ ကြက်သွန်အပျော့ပုပ် နှင့် ကွမ်းဆီစွန်း ရိုးမဲ ဆစ်ပြုတ်ရောဂါများအတွက် ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်ပါသည်။ ရောဂါကျရောက်မှုဆိုးရွားပါက “ကျူပရိုမက်စ်” နှင့် ရောစပ်အသုံးပြုပေးရပါမည်။

၉ ။ မက်တယ်လဇီး ၂၅ ဒဗလျူပီ

 ☑️အစွမ်းရှိပစ္စည်း Metalaxyl 25% ပါဝင်ပါသည်။

 ☑️သီးနှံမျိုးစုံတွင်ကျရောက်သော လောင်မဲရောဂါ၊ ဖားဥမှိုရောဂါ၊ ခါးရိရောဂါ၊ အကိုင်းခြောက်၊ ပင်စည်ပုပ်၊ အမြစ်ပုပ်၊ အသီးပုပ်ရောဂါများ၊ မြေတွင်းအောင်းမှိုများ၊ မျိုးစေ့တွင်တွယ်ကပ်နေသောရောဂါမှိုများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းပေးသည်။ မြေတွင်းအောင်းမှိုရောဂါများကို ကာကွယ်နှိမ်နင်းရန် မျိုးစေ့နှင့် လူးနယ်စိုက်ပျိုးပေးရပါမည်။

၁၀ ။ နိုက်စ် ၅၂၅ အက်စ်အီး

 ☑️အစွမ်းရှိပစ္စည်း Propiconazole 12.5 % + Tricyclazole 40 % ပါဝင်ပါသည်။

 ☑️စပါးတွင်ကျရောက်သော စပါးဂုတ်ကျိုးရောဂါအမျိုးမျိုး၊ ရွက်ပြောက်ရောဂါ၊ ရွက်ဖုံးပုပ်ရောဂါ၊ ရွက်ဖုံးခြောက်ရောဂါ နှင့် စပါးမှိုသီးရောဂါများကို အထိရောက်ဆုံး ကာကွယ်ကုသပေးနိုင်ပါသည်။

၁၁ ။ ပိုင်ရီဆိုက် ၄၀ အက်စ်စီ

 ☑️အစွမ်းရှိပစ္စည်း Tricyclazole 40 % ပါဝင်ပါသည်။

 ☑️စပါးပင် အရွက်၊ ပင်စည်၊ အကိုင်းအခက် နှင့် စပါးနှံများတွင် ကျရောက်သော ဂုတ်ကျိုးရောဂါ အဆင့်တိုင်းကို ကာကွယ်ကုသနိုင်ပါသည်။ 

၁၂ ။ ဆာဗိတ် ၈၀ ဒဗလျူဒီဂျီ

 ☑️အစွမ်းရှိပစ္စည်း Sulphur 80% ပါဝင်ပါသည်။

 ☑️မြေပဲရွက်ပြောက်ရောဂါ၊ သံချေးရောဂါ၊ ဂျုံနနွင်းရောဂါ၊ ပဲမျိုးစုံဖားဥမှိုရောဂါ၊ စပျစ်ဖားဥမှိုရောဂါ၊ နှင်းဆီ အနက်ပြောက် နှင့် သံချေးရောဂါများကို ကာကွယ်ကုသနိုင်သည်။ “ဆာဗိတ်” သည် မှိုရောဂါအမျိုးမျိုးကို ကာကွယ်ကုသနိုင်သည့်အပြင် မွှားပင့်ကူသတ်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ ထို့အပြင် ကန့်ဓာတ်ပါဝင်သဖြင့် အပင်အစာချက်လုပ်မှုအားကောင်း၍ အပင်ကြီးထွားကြံ့ခိုင်ပြီး ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိစေသဖြင့် သီးနှံအရည်အသွေး နှင့် အထွက်နှုန်းကို မြင့်မားစေနိုင်ပါသည်။

၁၃ ။ စူပါမော့ ၅၀၀ ဒဗလျူပီ

 ☑️အစွမ်းရှိပစ္စည်း Dimethomorph 500g/kg ပါဝင်ပါသည်။

 ☑️ဖရဲ၊ သခွားမွှေး၊ စပျစ်၊ ကြက်သွန် ဒေါင်းနီးရွက်ခြောက်၊ ခရမ်းချဉ် အာလူး လောင်မဲရောဂါ၊ ဆေးရွက်ကြီး ပင်ခြေမဲ၊ ကွမ်းဒေါင်းမြီးကွက်၊ ရွက်ပုပ်ရောဂါများကို ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်ပါသည်။

၁၄ ။ ဆိုင်မောက် ၂၅၀ ဒဗလျူပီ

 ☑️အစွမ်းရှိပစ္စည်း Cymoxanil 25 % ပါဝင်ပါသည်။

 ☑️သီးနှံပင်များတွင်ကျရောက်သောမှိုရောဂါအမျိုးမျိုး အထူးသဖြင့် စပျစ်၊ ဖရဲ၊ သခွားတွင်ကျရောက်သော ဒေါင်းနီးရွက်ခြောက်ရောဂါ၊ အာလူး ခရမ်းချဉ် လောင်မဲရောဂါများနှင့် ကွမ်းရွက်ဒင်္ဂါးကွက်ရောဂါများအတွက် ထုတ်လုပ်ထားပါသည်။ “ဆိုင်မောက်”ကို အခြားမှိုသတ်ဆေးများနှင့် ရောစပ်ပက်ဖျန်းပေးခြင်းဖြင့် ဆေးအာနိသင်ကြာရှည်ခံပြီး ပိုမိုထိရောက်စေပါသည်။

၁၅ ။ တိုက်တန် ၇၅ အက်စ်စီ

 ☑️အစွမ်းရှိပစ္စည်း Propamocarb hydrochloride 37.5% + Chlorothalonil 37.5% ပါဝင်ပါသည်။

 ☑️“တိုက်တန်”သည် စပျစ်ဒေါင်းနီးရောဂါ၊ ဖရဲ၊ သခွားမွှေးဒေါင်းနီး နှင့် အစေးထွက်ရောဂါ၊ ကြက်သွန် ဒေါင်းနီး ရောဂါ၊ ငရုတ်ပင်ခြေပုပ်ရောဂါများကို ကာကွယ်ကုသနိုင်ပြီး အာလူး၊ ခရမ်းချဉ်လောင်မဲရောဂါ ၊ ကွမ်းရိုးမဲဆစ်ပြုတ်ရောဂါတို့အတွက် အကောင်းဆုံး ကာကွယ်ကုသဆေးဖြစ်သည်။ ထို့ပြင်သီးနှံအမျိုးမျိုး နှင့်ဟင်းသီးဟင်းရွက် ပန်းမာန်များတွင်ကျရောက်တတ်သော ပစ်သီယမ်အမြစ်ပုပ် ခါးရိ နှင့်ပင်ငယ်သေ ရောဂါများအတွက်လည်း အပင်ခြေမြေကြီးကို ပက်ဖျန်းပေးခြင်းဖြင့်အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါ သည်။ ၎င်းအပြင် မက်တယ်လဇီးဆေး ကိုခံနိုင်ရည်ရှိနေသော အာလူးနှောင်းပင်နာကျရောဂါကို “တိုက်တန်” ကထိရောက်စွာ ကာကွယ်ကုသနိုင်ပါသည်။

၁၆ ။ ဘာလီဆိုဒ် ၅ အက်စ်အယ်လ်

 ☑️အစွမ်းရှိပစ္စည်း Validamycin 5 % ပါဝင်ပါသည်။

 ☑️သီးနှံမျိုးစုံခါးရိရောဂါ၊ ပင်ရင်းပုပ်၊ နှမ်းရိုးမဲ၊ အာလူးဥပုပ်၊ ကွမ်းရိုးမဲဆစ်ပြုတ်၊ လိမ္မော်အနာချိုင့်၊ ကြက်သွန်အပျော့ပုပ်၊ ဂေါ်ဖီအပျော့ပုပ်ရောဂါများ၊ စပါး ဘက်တီးရီးယားရွက်ခြောက်ရောဂါ၊ ဘက်တီးရီးယားရွက်စင်းရောဂါ၊ စပါးမှိုသီးရောဂါ၊ စပါးဂုတ်ကျိုးရောဂါ၊ စပါးရွက်ဖုံးခြောက်ရောဂါများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။ ထို့အပြင် “ဘာလီဆိုဒ်”သည် သီးနှံမျိုးစုံခါးရိရောဂါအတွက် အထူးကာကွယ်နှိမ်နင်းဆေးဖြစ်သည်။ “ဘာလီဆိုဒ်” ကို မျိုးစေ့ဖြင့်လူးနယ်ခြင်း၊ မြေပြင်ပေါ်ပက်ဖျန်း ခြင်း နှင့် သီးနှံပင်ပေါ်ပက်ဖျန်းခြင်းတို့ဖြင့် အသုံးပြုနိုင်ပါသည်။

၁၇ ။ ဇိုလာ ၂၅ အီးစီ

 ☑️အစွမ်းရှိပစ္စည်း Difenoconazole 25 % ပါဝင်ပါသည်။

 ☑️သီးနှံမျိုးစုံတွင်ကျရောက်သော မှိုရောဂါအမျိုးမျိုးကို ကာကွယ်နှိမ်နင်းနိုင်သော ဘက်စုံအစွမ်းထက် မှိုသတ်ဆေးဖြစ်သည်။ အထူးသဖြင့် အာလူး ခရမ်းချဉ် စောပင်နာကျရောဂါ၊ ပဲမျိုးစုံသံချေးရောဂါ၊ ဆာကိုစပိုးရားရွက်ပြောက်ရောဂါ နှင့် စပါးရွက်ညိုပြောက်ရောဂါများအတွက် ထုတ်လုပ်ထားပါသည်။ “ဇိုလာ”ကို မျိုးစေ့နှင့် လူးနယ် စိုက်ပျိုးခြင်း၊ အပင်ပေါ်ပက်ဖျန်းခြင်းတို့ဖြင့် ရောဂါဖြစ်စေသောမှိုမျှင်များ ကြီးထွားမှုကိုရပ်တန့်စေနိုင်သည်။

✅စစ်မှန် ပြည့်ဝ ဝိစာရ✅