menu

“သီးနှံစိုက်ပျိုးသူများ ယင်ဖြူသတိထား”

🌱🐛🌱🐛🌱🐛🌱🐛🌱🐛🌱

✅ဆောင်းရာသီပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုသည် အင်နှင့်အားနှင့်ရှိသည်။ မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံ နှင့် ပဲမျိုးစုံစိုက်ပျိုးမှုသည် မိုးရွာမှုအခြေပြုစိုက်ပျိုးကြရသဖြင့် မိုးရွာမှရေရရှိပြီးစိုက်ပျိုးရသောအညာဒေသ တွင် မိုးစိုက်ပဲနှင့် မိုးရာသီမှရရှိသောမြေကြီးအစိုဓာတ်ကိုမှီ၍ ဆောင်းရာသီစိုက်ကြသောဆောင်းပဲတို့ ရှိကြသည်။ မိုးများသောမြန်မာနိုင်ငံအောက်ပိုင်းဒေသများသည် မိုးကုန်မှပဲစိုက်ကြရသည်။ မိုးစပါး ရိတ်သိမ်းပြီး မြေမခြောက်ခင် ပဲမျိုးစေ့မြေချစိုက်နိုင်မှ အပင်ပေါက်ကောင်းသည်။ ရာသီမှီသည်။ အများဆုံးစိုက်ကြသည့် ဆောင်းပဲမှာ ဈေးကွက်ရှိသော ပဲတီစိမ်း နှင့် မတ်ပဲဖြစ်သည်။

✅ပဲစိုက်ခင်းများတွင် အပင်ဖြစ်ချိန်ကျသောဖျက်ပိုးနှင့် အသီးတောင့် အစေ့အဆံဖြစ်ချိန်ကျရောက်သော ဖျက်ပိုးတို့များစွာရှိသည်။ ဤသို့သောပိုးများစွာထဲမှ အပင်ဖြစ်ချိန်တွင် “ယင်ဖြူ နှင့် ပဲပင်စည်ထိုးယင်” ကို အထူးသတိထားရမည်။ ယင်ဖြူသည် ပူပြင်းခြောက်သွေ့သောအချိန်တွင် ပို၍တွေ့ရသောဖျက်ပိုး ဖြစ်သည်။ ဆောင်းရာသီဟုဆိုသော်လည်း နေ့ခင်းနေ့လည်နေပူရှိန်သည်ပူပြင်းပါသည်။ ယင်ဖြူသည် ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် အဓိကကျရောက်သော ဖျက်ပိုးအမျိုးအစားမဟုတ်သော်လည်း ဟင်းသီးဟင်းရွက်စိုက်ခင်းမှန်သမျှတွင် ကျယ်ကျယ်ပြန့်ပြန့် ကျရောက်တတ်သည်။ ဆောင်းရာသီတွင် ဒေသအနှံ့ နေရာအနှံ့ ဟင်းသီးဟင်းရွက်စိုက်ပျိုးကြသည်ကများပြားပါသည်။

✅ယင်မသည် အကြေးဖြူများရှိနေသည်။ အပင်ကိုလှုပ်ခါကြည့်ပါက အဖြူရောင်ယင်ဖြူများပျံထွက်လာ တတ်သည်။ အစာကိုစုပ်စားသည်။ ယင်ဖြူသည် အစာကိုစုပ်စားဖျက်ဆီးပြီး ခန္ဓာကိုယ်ထဲရှိ သယ်ဆောင် နိုင်သော ဗိုင်းရပ်စ်ရောဂါကို အပင်သို့ရောက်ရှိစေပြီး ရောဂါထပ်မံကျစေသည်။ ဥဘဝ ခုနှစ်ရက်၊ အကောင်ဘဝ (၂၈)ရက်နှင့် အကောင်ကြီးဖြစ်ရသဖြင့် (၃၅)ရက်ခန့်ဖြင့် ဘဝတစ်ခုပြန်လည်စတင် ဖြစ်ပွားသည်။ 

✅ယင်ဖြူ ကို ခရမ်း၊ ရုံးပတီပင်များ၊ ချည်မျှင်ရှည်ဝါစိုက်ခင်းများနှင့် ပဲတီစိမ်း၊ ပဲစဉ်းငုံစိုက်ခင်းများတွင် အများဆုံး တွေ့ရသည်။ ယင်ဖြူပွားများမှုသည် မိုးနှောင်းရာသီ၊ ဆောင်းရာသီများ၌ များပြားသည်။ ပဲတီစိမ်းတွင် ပန်းပွင့်ပြီးနောက်ပိုင်း၌ တွေ့ရှိရမှုပိုများသည်။

✅ယင်ဖြူကို စိုက်ခင်းထဲ၌ အပင်လှုပ်ခါကြည့်မှု အရွက်၏အောက်ဘက်မျက်နှာပြင်ကို လှန်ပြီးကြည့်မှုဖြင့် တွေ့နိုင်သည်။ ငြိမ်သက်နေထိုင်တတ်သော ဖျက်ပိုးအမျိုးအစားဖြစ်သည်။ ဥကိုလည်းအရွက်၏ အောက်ဘက်တွင်လုပ်သည်။ ထို့ကြောင့် ဥနှင့် ပိုးကောင်ကိုမြင်တွေ့မှုနည်းပါးသည်။ အရွက်လှန်ကြည့်မှ မြင်ရသည်။ အမပိုးကောင်သည် သက်တမ်းတစ်လျှောက် တစ်လခန့်အသက်ရှင်ချိန်တွင် ဥပေါင်း ၁၀၀ကျော် အုနိုင်သည်။ ဥအုနိုင်သောအကောင်ကြီးသည် တစ်ပတ်ခန့်ကြာကြာ အသက်ရှင်နေနိုင်သည်။ 

✅ကာကွယ်မှုအနေဖြင့် မီးခိုးမှိုင်းတိုက်ပေးခြင်းဖြင့် ယင်ဖြူများပျံပြေးကြသည်။ တမာပိုးသတ်ဆေးဖြင့် ဦးစွာနှိမ်နင်းပက်ဖျန်းပါ။ ဖျက်ပိုးအရေအတွက်များပြားပါက ဝိစာရ၏ “ကေလာ၊ နိုးဝမ်း” ဆေးများဖြင့် ပက်ဖျန်းနှိမ်နင်းပေးရပါမည်။

✅“ယင်ဖြူ”ကို ရာသီဥတုဖြစ်ပေါ်ပြောင်းလဲမှုမြန်ဆန်သော ဥတုရာသီဖောက်ပြန်သည့် အချိန်ကာလ မျိုးတွင် ပိုမိုဂရုပြုရသည်။ “ယင်ဖြူ” သည် နေ့ပူ၍ ညဘက်အေးချမ်းသော ဆောင်းရာသီကာလမျိုးနှင့် နေ့နှင့်ညအပူချိန် ပြောင်းလဲမှုကွာခြားသောဒေသမျိုးများတွင် ပိုမို၍ဂရုပြုသင့်သော ဖျက်ပိုးအမျိုးအစား ဖြစ်ပါသည်။ 

Sources : စိုက်ပျိုးရေးရာအကြံပြုချက်များ