menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ကောက်ရိုး၊ နှမ်းရိုးဖြင့် မြေဆွေးပြုလုပ်ခြင်း
🌾🌿🌳🌶🌽🍆🍅🌳🌿🌾
🔸တောင်သူဦးကြီးများ သီးနှံများရိတ်သိမ်းပြီးချိန်တွင် လယ်ယာများမှထွက်ရှိသော ကောက်ရိုး၊ နှမ်းရိုးများ ကို လွယ်ကူရိုးရှင်းစွာအသုံးပြုပြီး ကုန်ကျစရိတ်သက်သက်သာသာဖြင့် အကျိုးရှိစွာပြန်လည်အသုံးချနိုင်သော ကောက်ရိုး၊ နှမ်းရိုးများဖြင့် မြေဆွေးပြုလုပ်နည်းကို တင်ပြအပ်ပါသည်။
🔸မြေဆွေးပြုလုပ်နည်း အဆင့်ဆင့်မှာ .....
▪️ စည်းပိုင်းပြတ်ထဲသို့ ရေဂါလံ (၂၀) ထည့်ပါ။
▪️ ၎င်းရေထဲသို့ အသင့်သုံး အီးအမ် (EM) ဖျော်ရည် (၁)လီတာ နှင့် တင်လဲရည် (၁)လီတာ လောင်းထည့်၍တုတ်ဖြင့်မွှေပါ။ (၁ လီတာ = နို့ဆီခွက် (၃) ခွက်)
▪️ အရိပ်အောက်တွင် လယ်ယာစွန့်ပစ် ပစ္စည်းများဖြစ်တဲ့ ( ကောက်ရိုး၊ နှမ်းရိုးများကို) အလျား ( ၆ ပေ)x အနံ ( ၃ ပေ) x ထု( ၆ လက်မ) ရှိအောင် တစ်လွှာချင်းပုံပါ။
▪️ လယ်ယာထွက်စွန့်ပစ်ပစ္စည်းများ တစ်လွှာချင်းပေါ်တွင် ရေရောစပ်ပြီး အီးအမ် (EM) ဖျော်ရည် ( ၃) ဂါလံကို ဖျန်းပေးရပါမည်။
▪️ နွားချေးနှင့်ဖွဲနု (၈)ပြည် ရောပြီး ထပ်၍ဖြူးပါ။
▪️ ယင်းကဲ့သို့ အလွှာခြောက်လွှာအထိ ထပ်၍ပုံပါ။
▪️ ပြီးလျှင် အပေါ်မှ ပလပ်စတစ်ဖြင့်လုံအောင်ဖုံးပါ။
▪️ ( ၄-၅) ရက်ကြာလျှင် မြေဆွေးပုံးအတွင်း လက်ဖြင့်စမ်းကြည့်၍ တအားပူလျှင် အထပ်အောက်လှန်ပေးပါ။ ခြောက်နေလျှင်ရေဖျန်းခရားဖြင့် ရေဖျန်းပေးပါ။
▪️ အဖြူရောင်မှိုမျှင်စုများ စတွေ့လျှင် ဆွေးမြေ့နေကြောင်းသိရှိနိုင်ပါသည်။
▪️ (၁၀-၁၂) ရက်ခန့်အကြာ တစ်ဝက်တစ်ပျက် ဆွေးမြေ့နေသည့် အခြေအနေတွင်ပင် စတင်အသုံးပြုနိုင်ပါသည်။
▪️ တစ်ဧကအတွက် ( ၈ပုံ = ၂ တန်) မှ ( ၂၀ ပုံ= ၅ တန်) အထိအသုံးပြုနိုင်ပါသည်။
▪️ ကောင်းစွာဆွေးမြေ့ပြီးပါက စိုက်ခင်းအတွင်း စိုက်ထယ်ရေးပြင်ချိန်တွင် ဖြန့်ထည့်၍ အသုံးပြုနိုင်ပါသည်။
▪️ နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်နှင့် ဥယျဉ်ခြံသီးနှံပင်များတွင် အစိုဓာတ်ရှိချိန်တွင် အပင်ခြေတွင်ထည့်ပေး၍ မြေဖုံးပြီးသုံးနိုင်ပါသည်။
Sources : စိုက်ပျိုးရေးဦးစီးဌာန