menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် သာ၍ကောင်း၏ ။
တခါတရံ....
အချို့သော ပိုးမွှားရောဂါနှင့် သီးနှံပြဿနာများသည် ဖြစ်လာမှနှိမ်နင်းကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက သာ၍ကောင်းပါသည်။ တခါတရံနှင့် အချို့သော ဟုသာဆိုပါသည်။ ပိုးတစ်ကောင် နှစ်ကောင်တွေ့တိုင်း.... တစ်ပင် နှစ်ပင် ရောဂါကျတိုင်း.... အမြဲတမ်း ဆေးဖျန်းပြီး ကြိုတင်ကာကွယ်ရမည်ဟု မဆိုလိုပါ။
ထိုကဲ့သို့ ပိုးတစ်ကောင်နှစ်ကောင်တွေ့တိုင်း.. တစ်ပင်တလေ ရောဂါဖြစ်တိုင်း ဆေးဖျန်းကာကွယ်နေမည် ဆိုပါက..
အလဟဿ ငွေကုန်ကြေးကျများခြင်း
အချိန်ကုန်လူပမ်းခြင်း
မိတ်ဆွေပိုးများသေကျေပျက်စီးခြင်း
ပိုးမွှားရောဂါများ ဆေးဒဏ်ခံနိုင်ရည် ရှိလာခြင်း
စသည့်ဆိုးကျိုးများကို မလွဲမသွေ ခံစားကြရမည် ဖြစ်ပါသည်။
သို့သော်..
အချို့ပိုးမွှားရောဂါနှင့် သီးနှံပြဿနာများသည် ဖြစ်လာမှ နှိမ်နင်းကုသရန်အတွက်..
အချိန်မပေးနိုင်ခြင်း
ဆေးဖျန်းနှိမ်နင်းခြင်း လုပ်ငန်းဆောင်ရွက်ရန် ခက်ခဲခြင်း
ကြိုတင်ဆောင်ရွက်မှရမည့် လုပ်ငန်းဖြစ်ခြင်း
နှိမ်နင်းကုသဆေး မရှိသေးခြင်း
စသည့်အခက်အခဲများ ရှိနေကြပါသည်။
ဥပမာ...
မိမိစိုက်ပျိုးလိုက်သည့် မျိုးစေ့သည် အစေ့တိုင်းအပင်မပေါက်ခြင်း (အပင်ပေါက်နှုန်းညံ့ခြင်း)၊ ပေါက်လာသည် အပင်ပေါက်ငယ်များသည်လည်း သန်သန်စွမ်းစွမ်း မရှိသည်ကို တွေ့မြင်လိုက်ရသည့် အချိန်ကျမှ ပြုပြင်ချင်၍ မရတော့ပါ။
ထို့အတူ..
မြေတွင်းအောင်း ပိုးများသည်လည်း စိုက်ပျိုးလိုက်သည့်မျိုးစေ့ကို စားသောက်ဖျက်ဆီးသဖြင့် အစေ့တိုင်း အပင်မပေါက်နိုင်ဖြစ်ကာ ရှိရမည့်အပင်ဦးရေ လျော့နည်းခြင်း၊ ပေါက်လာသည့် အပင်ငယ်၏အမြစ်ကို စားသောက်ဖျက်ဆီးသဖြင့် အပင်ငယ်များသေဆုံးပြီး အပင်ဦးရေလျော့နည်းခြင်း စသည့်ပြဿနာများ ဖြစ်ပျက်ပြီး မျက်မြင်တွေ့ရှိလာမှ ဆေးဖျန်းနှိမ်နင်းရန်မှာ.... မြေကြီးအတွင်းမှ ဖျက်ဆီးမှုဖြစ်ခြင်း၊ သီးနှံစိုက်ပျိုးပြီးဖြစ်ခြင်း တို့ကြောင့် နှိမ်နင်းမှုလုပ်ငန်း လုပ်ဆောင်ရန် အလွန်ခဲယဉ်းသွားပြီ ဖြစ်ပါသည်။
ထို့ပြင် ..
သီးနှံပင်ငယ်စဉ် (၁)လသားအတွင်း အပင်မှုန်းရခြင်း၊ ပေါင်းရှင်းရခြင်း၊ ကြားထွန်ဝင်ရခြင်း စသည့် အပင်ငယ်ပြုစုရသည့် လုပ်ငန်းများဖြင့် တောင်သူများ အလွန်အလုပ်များချိန် ဖြစ်ပါသည်။ ထိုအချိန်တွင် စုပ်စားပိုးများ၊ ပင်စည်ထိုးယင်များ ကျရောက်ပါက တောင်သူများ တစ်ပူပေါ်နှစ်ပူဆင့်၍ ဗျာများရပါတော့သည်။
အပင်ငယ်စဉ် စုပ်စားပိုးအမျိုးမျိုးကြောင့် ဗိုင်းရပ်ရောဂါမျိုးစုံ ကျရောက်လျှင်ဖြစ်စေ၊ မြေဆောင်မှိုရောဂါဖြစ်သည့် ဖြူဆေရီယမ် ပင်ညှိုးပင်သေရောဂါကြောင့် တစ်ပင်ပြီးတစ်ပင် ညှိုးသေလာခဲ့လျှင်ဖြစ်စေ နှိမ်နင်းကုသရန်ဆေး မရှိသေးခြင်း/ထိရောက်သည့်ဆေး ရှားပါးခြင်းသည်လည်း ပြဿနာတစ်ရပ်ဖြစ်ပါသည်။
အထက်ပါအခက်အခဲ ပြဿနာများကို ပြေလည်အောင် ဖြေရှင်းရန်နည်းလမ်းမှာ မဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်သည့် စိုက်ပျိုးမည့်မျိုးစေ့များကို မျိုးစေ့လူးနယ်ဆေး လူးနယ်စိုက်ပျိုးသည့် နည်းလမ်းမှတစ်ပါး အခြားမရှိပါ။
မစိုက်ခင် မျိုးစေ့လူးနယ်ဆေး လူးနယ်စိုက်ပျိုးခြင်းအားဖြင့်…
ဆေးထုပ်တွင်ပါဝင်သည့် ဟော်မုန်းဆေးကြောင့် အပင်ပေါက်ကောင်းခြင်းနှင့် အပင်ငယ်များ ကျန်းမာသန်စွမ်းခြင်း
ဆေးထုပ်တွင်ပါဝင်သည့် ပိုးသတ်ဆေးကြောင့် မြေတွင်းအောင်းပိုးနှင့် ပင်စည်ထိုးယင်၊ စုပ်စားပိုးမျိုးစုံကို စိုက်ပျိုးပြီး (၃)ပတ်သားမှ (၁)လသားအထိ ကာကွယ်နှိမ်နင်းပေးခြင်း
ဆေးထုပ်တွင်ပါဝင်သည့် မှိုသတ်ဆေးကြောင့် အပင်ငယ်စဉ် စောစီးစွာ သေဆုံးစေသည့် မျိုးစေ့ဆောင်နှင့် မြေဆောင်မှို အမျိုးမျိုးကို ကာကွယ်နှိမ်နင်းပေးခြင်း
စသည့်အကျိုးကျေးဇူးများကို ရရှိကြပြီး စိုက်ပျိုးပြီး (၁)လသားအတွင်း အပူအပင်ကင်းစွာဖြင့် အပင်ငယ်ပြုစုမှု လုပ်ငန်းများကို စိတ်အေးချမ်းသာစွာ ဆောင်ရွက်နိုင်ကြမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ စိုက်ပျိုးသူ တောင်သူလယ်သမားတိုင်း မိမိစိုက်ပျိုးမည့် သီးနှံမျိုးစေ့များကို မစိုက်ပျိုးမီ မျိုးစေ့လူးနယ်ဆေးကို မဖြစ်မနေ ကြိုတင်လူးနယ်ပြီးမှ စိုက်ပျိုးကြရန် လိုအပ်နေပြီဖြစ်ပါကြောင်း စိုက်ပျိုးချိန်မတိုင်မီ ကြိုတင်သတိပေး ရေးသားတင်ပြလိုက်ရပါသည်။
Than Win Agri