menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“ကြက်ဟင်းခါး” စနစ်တကျစိုက်ပျိုးနည်း
🌿🥒🌿🥒🌿🥒🌿🥒🌿🥒🌿
မြန်မာအမည် - ကြက်ဟင်းခါး
အင်္ဂလိပ်အမည် - Bitter Gourd (BAL SAM PEAR)
ရုက္ခဗေဒအမည် - Momordica Charantia
မျိုးရင်းအမည် - CUCURBITACEAE
၁ ။ မူရင်းဒေသ
ကြက်ဟင်းခါးပင်သည် တရုတ်ပြည်၊ အိန္ဒိယပြည်၊ မလေးရှား နှင့် အာဖရိက အပူပိုင်းဒေသများတွင် စတင်ပေါက်ရောက်သည်ဟုယူဆရပါသည်။
၂ ။ အမျိုးအစား
ကြက်ဟင်းခါးသီးကို မျိုးသေချာခွဲခြားထားခြင်းမရှိပါ။ အသီး၏ အရွယ်ကို လိုက်ပြီး အပုမျိုး၊ အရှည်မျိုး နှင့် အလုံးမျိုးဟုသာ ခေါ်ကြပါသည်။ အပုမျိုးသည် (၇ - ၁၀) စင်တီမီတာရှိပြီး အရှည်မျိုးသည် (၁၅ - ၁၈) စင်တီမီတာအထိရှည်ပါသည်။ အလုံးမျိုးမှာမူ ကြက်ဟင်းခါးသီးအရိုင်းမှ သီးသောမျိုးဖြစ်ပြီး လေးသောအရသာရှိ၍ အချို့သော တောင်သူများ အထူးကြိုက်နှစ်သက်ကြသည်။ အသီးအရောင်မှာ အဖြူရောင်၊ အစိမ်းရောင်ရှိနိုင်သည်။
၃ ။ စိုက်ပျိုးသည့်ဒေသ
ကြက်ဟင်းခါးပင်သည် ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ တောင်ပေါ်အေးသော အရပ်များတွင်မူ နွေရာသီတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။
၄ ။ ရေမြေရာသီဥတု
ကြက်ဟင်းခါးပင်သည် ရေစီးရေလာကောင်းမွန်ပြီး မြေသြဇာဓာတ် အသင့်အတင့်ရှိသော နေရာများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ သဲနုန်းမြေ၊ နုန်းစနယ်မြေ၊ နုန်းမြေများတွင်လည်း များစွာဖြစ်ထွန်းပါသည်။
၅ ။ မြေပြုပြင်နည်း
ကြက်ဟင်းခါးကို စီးပွားဖြစ်စိုက်ပျိုးရန်အတွက် ထယ်တစ်စပ်ထိုးပြီး ထွန်(၆)စပ် မှ (၈)စပ်အထိ ထယ်ရေးကောင်းရသည့်တိုင် ထွန်ယက်ပေးပြီးနောက် ကြမ်းတုံးရိုက်ရမည်။ ထို့နောက် လေးကွက်ကြား စိုက်နိုင်ရန် တစ်တန်းနှင့် တစ်တန်း (၅)ပေ၊ တစ်ပင်နှင့် တစ်ပင် (၃)ပေရစေရန် ထွန်ဖြင့်ကြောင်းဆွဲပေး ရမည်။ စင်တင်စိုက်ရန် စိုက်ဘောင်များပြုလုပ်ပေးရမည်။ အလျားပေ (၂၀) အနံ (၃)ပေရှိသော မြေကွက်ကို ပေါက်တူးဖြင့်တူးဆ၍ မြေဆွေးဖြင့်ဆတူရောစပ်ပြီး အမြင့် ( ၁ - ၁.၅) ပေခွဲရှိ စိုက်ဘောင် ပြုလုပ်ပေးရမည်။ စိုက်ကျင်းပြုလုပ်၍လည်း စိုက်ပျိုးနိုင်ပါသည်။
၆ ။ မြေသြဇာကျွေးနည်း
နွားချေးမြေသြဇာကို တစ်ဧကလျှင် (၁၀ - ၁၅)တန်ထိ ထည့်ပေးရန်လိုအပ်ပြီး ယူရီးယားဓာတ်မြေသြဇာ ကို (၂၂၄) ပေါင်နှုန်းထည့်ပေးရန် လိုအပ်သည်။ ဓာတ်မြေသြဇာကို ထည့်ရာတွင် မြေကြီးနှင့် သမသည့် တိုင် ရောမွှေထွန်ယက်ပေးရန်အရေးကြီးပါသည်။ တီစူပါဓာတ်မြေသြဇာ တစ်ဧကလျှင် (၁၁၂)ပေါင်နှုန်းထည့်ပေးရန်လိုပါသည်။
၇ ။ စိုက်ပျိုးနည်း
ကြက်ဟင်းခါးကို အစေ့မှတိုက်ရိုက်စိုက်သောနည်းဖြင့်စိုက်ပျိုးကြသည်။ မိုးရာသီစိုက်အတွက် မေလနှင့် ဇွန်လများတွင် စိုက်ပျိုးပြီး ဆောင်းရာသီစိုက်အတွက် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပါသည်။ စင်တင်စိုက်ပျိုးနည်းတွင် စိုက်ဘောင်(သို့) စိုက်ကျင်းတွင် တစ်ပင်နှင့် တစ်ပင် (၂)ပေခွာပြီး မျိုးစေ့ တစ်ကျင်းလျှင် (၃)စေ့ချစိုက်ရပါမည်။ အသန်စွမ်းဆုံးအပင်တစ်ပင်ကိုသာချန်ပြီး အပင်ကလေးများ စင်ပေါ်တွယ်တက်နိုင်ရန် ဝါးခြမ်းကို ထောင်ပေးရပါမည်။ အညွန့်စင်ပေါ်ရောက်လျှင် လက်ဖြင့်ဆိတ် ပေးမှသာ အညွန့်များဖြာထွက်ပြီး စင်ပေါ်တက်ပေမည်။ စီးပွားဖြစ်စိုက်မည်ဆိုပါက တစ်တန်းနှင့် တစ်တန်း (၅)ပေခွာပြီး တစ်ပင်နှင့်တစ်ပင်(၃)ပေ ခွာ၍စိုက်ပျိုးရန်လိုအပ်ပါသည်။ အချို့တောင်သူများ သည် မိမိခြံစည်းရိုးဘေးတွင် အစေ့များပက်ကြဲထားပြီးအပင်များကိုခြံစည်းရိုးပေါ်တွင် သီးစေပါသည်။
၈ ။ တစ်ဧကမျိုးစေ့နှုန်း
တစ်ဧကလျှင် မျိုးစေ့ (၂ - ၃)ကီလိုဂရမ်လိုအပ်၏။ ကြက်ဟင်းခါးစေ့ (၁၀၀)ဂရမ်လျှင် အစေ့ပေါင်း (၇၀၀)ပါသည်။
၉ ။ ရေသွင်းနည်း
မြန်မာပြည်အလယ်ပိုင်းတွင် မိုးရာသီစိုက်ကြက်ဟင်းခါးကိုအထူးရေသွင်းပေးရန်မလိုပါ။ ဆောင်းရာသီ စိုက် ကြက်ဟင်းခါးတွင်မူ မြေအနေအထားအရ (၁၀ - ၁၅)ရက်ကြားရေပေးရန်လိုအပ်၏။
၁၀ ။ အပင်ပြုစုနည်
စီးပွားဖြစ်စိုက်သော အကွက်များတွင် အပင်ကလေးများ ငယ်စဉ်ကြားထွန်လိုက်ပေးရန် လိုသည်။ အပင်များမြေတွင်ဖြာလာလျှင် ကြားထွန်မလိုက်သင့်တော့ပေ။ အမြစ်နှင့် အညွန့်များ ထိခိုက်ပါက အထွက်ထိခိုက်နိုင်၏။ အပင်ခြေရင်းပေါင်းများကိုမူ လက်ပေါင်းလိုက်ပေးသင့်သည်။ ကြက်ဟင်း ခါးပင်များ ပန်းစပွင့်လျှင်အညွန့်များဖြတ်ပေးသင့်၏။ သို့မှသာ အညွန့်ပိုမိုဝေဆာပြီး အသီးပိုသီးမည် ဖြစ်၏။
၁၁ ။ အသီးဆွတ်ခူးနည်း
ကြက်ဟင်းခါးသီးကို အပင်သက် (၇၅ - ၉၂)ရက်ကြာလျှင်ဆွတ်ခူးနိုင်သည်။ မရင့်မှည့်မီတွင် ဆွတ်ခူး သင့်သည်။ ရင့်မှည့်သောအသီးမှ အစေ့များရင့်မာသွားလျှင် စားသုံးရန်မကောင်းချေ။ အသီးများကို မရင့်မီတစ်ရက်ခြားတစ်ကြိမ်ဆွတ်ခူးသင့်၏။ အပင်အပြုအစုကောင်းပြီး မြေကောင်းတွင် စိုက်ပါက ပိုမိုအထွက်ကောင်းပါသည်။ တစ်ဧကလျှင် ကြက်ဟင်းခါးသီးလုံးရေ ( ၂၇,၀၀၀ - ၃၀,၀၀၀ ) ထွက်နိုင်ပါသည်။
၁၂ ။ မျိုးစေ့ထုတ်လုပ်နည်း
ရင့်မှည့်၍ဝင်းဝါနေသောကြက်ဟင်းခါးသီးများကို ဆွတ်ခူးပြီးအစေ့များကိုထုတ်ယူပါ။ ထို့နောက် ရေဖြင့်အချွဲများစင်အောင်ဆေးပြီး နေ(၃)နေလှန်း၍ လေလုံဘူးတွင်သိုလှောင်ထားနိုင်ပါသည်။
၁၃ ။ သိုလှောင်နည်း
ကြက်ဟင်းခါးသီးများကိုဆွတ်ခူးပြီးနောက်ကြာရှည်စွာသိုလှောင်၍မရပါ။ ထို့ကြောင့် ဆွတ်ခူးပြီး အသီးများကို စျေးသို့အမြန်ပို့၍ ရောင်းချရပေမည်။ အအေးဓာတ်ရှိပြီးလေဝင်လေထွက်ကောင်းသောနေရာများတွင် အတော်အသင့်သိုလှောင်ထားနိုင်ပေသည်။
Sources : ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း