menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ကြံပင်ခေါင်ညွန့်ထိုးပိုး အချိန်မီကာကွယ်နှိမ်နင်းကြပါ
ကြံပင်ခေါင်ညွန့်ထိုးပိုး အချိန်မီကာကွယ်နှိမ်နင်းကြပါ
*****************************
▪️ကြံရဲ့ တစ်ဧကအထွက်နှုန်းကို အဓိကဒုက္ခပေးနေတာကတော့ ကြံခေါင်ညွန့်ထိုးပိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကြံစိုက်ပျိုးကြတဲ့တောင်သူလယ်သမားများအတွက် ကြံခေါင်ညွန့်ထိုးပိုးရဲ့ သဘာဝ၊ အမျိုးအစား ဖျက်ဆီးပုံ ဘယ်လိုကာကွယ်နှိမ်နင်းရမလဲဆိုတာသိရှိဖို့ လိုအပ်ပါတယ်။
▪️ကြံပင်ကိုနှိပ်စက်တဲ့ ခေါင်ညွန့်ထိုးပိုးသုံးမျိုးရှိပါတယ်။
(၁) အဝါရောင်ခေါင်ညွန့်ထိုးပိုး၊
(၂) ပန်းရောင်ခေါင်ညွန့်ထိုးပိုး၊
(၃) အစင်းပါခေါင်ညွန့်ထိုးပိုးတို့ ဖြစ်ကြပါတယ်။
▪️ဒီခေါင်ညွန့်ထိုးပိုး လောက်ကောင်ငယ်တွေဟာ ကြံပင်ရဲ့အညွန့်ကနေထိုးဖောက်ဝင်သွားပြီး ကြံပင်ရဲ့ အတွင်းသားကို စားသောက်ဖျက်ဆီးပါတယ်။ အစာရေကြောတွေ ပျက်စီးပြီး ကြံတစ်ပင်လုံး ခြောက်သေ သွားပါတယ်။ ခေါင်ညွန့်ထိုးပိုးကျခံရပြီဆိုရင် အချိန်မီ ကာကွယ်နှိမ်နင်းခြင်း မပြုလုပ်နိုင်ပါကအထွက် သိသိသာသာ ကျဆင်းသွားစေပါတယ်။အဝါရောင်ခေါင်ညွန့်ထိုးပိုးရဲ့ အဓိကလက်ခံလွှဲပင်ဟာ စပါးပင် ဖြစ်ပါတယ်။ ကြံမျိုးရင်းဝင်အပင်များနဲ့ မြက်ရိုင်းပင်များမှာလည်း ခိုအောင်းနေလေ့ရှိပါတယ်။ ဒီခေါင်ညွန့်ထိုးပိုးကို ကာကွယ်နှိမ်နင်းမယ်ဆိုရင်ပိုးလောက်ကောင်ကို ကပ်ပါးပြုဖျက်ဆီးနိုင်တဲ့ ထရိုင်ကို ဂရားမား ဂျပွန်နီကမ်မှိုနဲ့ ထရိုင်ကိုဂရာမား အော့စတြာလီကန်မှိုတွေကိုမွေးမြူအသုံးပြု နှိမ်နင်းနိုင်ပါတယ်။
▪️ပိုးသတ်ဆေးကို အသုံးပြုကာကွယ်နှိမ်နင်းမယ်ဆိုရင်တော့ ဆေးတွေနဲ့ ကြံမျိုးဆစ်ကိုဆေးရည်စိမ်ပြီး စိုက်ပျိုးနိုင်ပါတယ်။ပန်းရောင်ခေါင်ညွန့်ထိုးပိုးဟာ အစုံစားမျိုး ဖြစ်ပါတယ်။ စပါး၊ ကြံ၊ ပြောင်း၊ နှံစားပြောင်း၊ ဂျုံ၊ လူး၊ ဆတ်နဲ့ နှံစားသီးနှံတွေမှာ တစ်လှည့်စီ ခိုအောင်းစားသောက်နေထိုင်လေ့ရှိပါ တယ်။ ဒီခေါင်ညွန့်ထိုးပိုးကို နည်းသုံးနည်းနဲ့ ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ (၁) စိုက်ပျိုးနည်း၊ (၂) ဇီဝနည်း၊ (၃) ပိုးသတ်ဆေးအသုံးပြုနည်းတို့ဖြစ်ပါတယ်။
▪️စိုက်ပျိုးနည်းနဲ့ ကာကွယ်နှိမ်နင်းရာမှာ အပင်အရေအတွက် ပိုမိုထည့်ပြီး စိုက်ချိန်စောစိုက်ပါ။ပင်ပွား များများရအောင် ပြုစုပါ။ ထယ်ရေးကောင်းအောင် ပြုပြင်ပြီး ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။ ရေလိုအပ်မှုကိုထိန်းပေးခြင်း၊ နိုက်ထရိုဂျင်ဓာတ်မြေသြဇာကို အချိန်မှန်အောင် ထည့်ပေးခြင်းများ ပြု လုပ်ကြပါတယ်။
▪️ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်းမှာတော့ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ အသုံးပြုကြပါတယ်။ ခေါင်ညွန့်ထိုးပိုးရဲ့အစောပိုင်းအဆင့်များကို တန်ပြန်ကပ်ပါးပြု ဖျက်ဆီးတဲ့ တက်ကနစ်ကပ်ပါး စတာမိုင်ယိုဆစ်အင်ဖရင့်စ်မှိုကို အသုံးပြုနှိမ်နင်းခြင်းဖြစ်ပါတယ်။
▪️ပိုးသတ်ဆေးအသုံးပြုကာကွယ်နှိမ်နင်းခြင်းမှာ စတုရန်းတစ်မီတာမှာ ပိုးဥအစုအဝေး တစ်စုမှနှစ်စု တွေ့ရှိပါက “ဒါဘင်၄၀အီးစီ၊ ရယ်ဒီ၅၀၅အီးစီ” ဆေးများကို သတ်မှတ်နှုန်းထားအတိုင်း ဖျန်းပေးဖို့လိုပါတယ်။ ထို့ပြင်ကြံစိုက်ဘောင်များအတွင်း “ဒီပါ ၄၆ဂျီ၊ ဖစ်ပရို ၃ဂျီအာ” ဆေးတစ်မျိုးမျိုးကြဲပက်ပေးခြင်းတို့ဖြင့်ကာကွယ် နှိမ်နင်းနိုင်ပါသည်။
▪️အစင်းပါ ခေါင်ညွန့်ထိုးပိုးဟာ ကြံ၊ပြောင်း၊ နှံစားပြောင်း၊ လူး၊ ဆတ်၊ ဂျုံ၊ ဘာလီနဲ့ မြက်တွေမှာတစ်လှည့် စီခိုအောင်းစားသောက်ပြီး အသက်ရှင်နေနိုင်ပါတယ်။ဒီခေါင်ညွန့်ထိုးပိုးကို ကာကွယ်နှိမ်နင်းဖို့ အပင် အစိတ်အပိုင်း အကြွင်းအကျန်တွေကို မီးရှို့ပါ။ ဖလံများ မိတ်လိုက်ဥအုချိန်နဲ့ မတိုက်ဆိုင်အောင်စိုက်ချိန် ကို စောစောစိုက်ပေးရန်ဖြစ်ပါတယ်။
အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ( ၂-၈ )ရက်။