menu

ဖျက်ပိုးအမျိုးမျိုးကို အမြစ်ပြတ်ချေမှုန်းဖို့ “ဝိစာရ”ဆေးတွေ သုံးကြစို့


🦗🌾🐜🌾🐛🌿🦟🌾🕷🌾🐌

⏩သီးနှံဖျက်ပိုးအမျိုးမျိုးရှိကြသည်။ ၎င်းဖျက်ပိုးတို့သည် သီးနှံပင်ကိုစားသောက်ဖျက်စီးသည့်ပုံစံ နှင့် သဘာဝ မတူကြပါ။ အချို့က သစ်ရည်ကိုစုပ်ယူစားသောက်ကြသည်။ အချို့က သီးနှံပင်၏ အရွက် အကိုင်းအခက် အဖူးအပွင့် စသည့်အစိတ်အပိုင်းများကို ကိုက်ဖြတ်စားကြသည်။ အချို့အရွက်ကို လိပ်၍လည်းကောင်း အရွက်ကိုထွင်းဖောက်၍လည်းကောင်း၊ အပင်အစိတ်အပိုင်းများအတွင်းသို့ ဝင်ရောက်၍လည်းကောင်း၊ မြေကြီးအတွင်းခိုအောင်းနေထိုင်၍ လည်းကောင်း သီးနှံပင်ကို အမျိုးမျိုး စားသောက်ဖျက်ဆီးကြသည်။ ထိုသို့ မတူညီသည့် နေထိုင်စားသောက် ဖျက်ဆီးမှုများကို မူတည်၍ ၎င်းဖျက်ပိုးများကို ကာကွယ်နှိမ်နင်းရာတွင် အသုံးပြုရသည့် ပိုးသတ်ဆေးများလည်း အမျိုးအစား ကွဲပြားကြပါသည်။ သို့ဖြစ်ပါ၍ မိမိတို့၏သီးနှံစိုက်ခင်းများတွင် ကျရောက်သည့်ဖျက်ပိုးများအလိုက် ရွေးချယ်အသုံးပြုရမည့် "ဝိစာရ၏ အစွမ်းထက်ပိုးသတ်ဆေးများ” ကို စုစည်းတင်ပြလိုက်ပါသည်။ 

၁ ။ ဘီတာ စီ ၁၀၀ အီးစီ

 ▪️ အစွမ်းရှိပစ္စည်း Beta-Cypermethrin 100 g/L 10% ပါဝင်ပါသည်။ ထိသေ၊ စားသေ အာနိသင်ပြင်းထန် သော အထိရောက်ဆုံးပိုးသတ်ဆေးဖြစ်သည်။ ပိုးလောက်ကောင်များကို ဆေးထိပြီးပြုတ်ကျသေစေနိုင်သည်။

 ▪️ နှိမ်နင်းနိုင်သောဖျက်ပိုးများမှာ ဂေါ်ဖီလိပ်ပြာဖြူ၊ စိန်ကွက်ဖလံ၊ ခရမ်းချဉ် ဖရဲ သခွား အပါအဝင် သီးနှံ အမျိုးမျိုးတွင်ကျရောက်တတ်သော ရွက်ထွင်းပိုးများ၊ ဝါသီးလုံးဖောက်ပိုးအမျိုးမျိုး၊ ဖောငမြှောင်တောင် အပါအဝင် ကိုက်ဖြတ်ဝါးစားပိုးအမျိုးမျိုး တို့ဖြစ်သည်။ ၎င်းအပြင် “ဘီတာ စီ” ကို မွှားပင့်ကူသတ်ဆေး အဖြစ်လည်းအသုံးပြုနိုင်ပါသည်။

၂ ။ ဆိုက်ပါမက်(စ်) ၁၀ အီးစီ

 ▪️ အစွမ်းရှိပစ္စည်း Cypermethrin 10% ပါဝင်ပါသည်။ ပြင်းထန်သော ထိသေ၊ စားသေ အာနိသင် ပါရှိပါသည်။

 ▪️ လိပ်ပြာဖလံအုပ်စု၊ ကျိုင်းအုပ်စုများနှင့် ငမြှောင်တောင်အပါအဝင် ကိုက်ဖြတ်ဝါးစားပိုးမျိုးစုံအား ဆေးထိလျှင်ချက်ချင်းပြုတ်ကျသေစေနိုင်သည်။ “ဆိုက်ပါမက်(စ်)” ဆေးကို ပိုးလောက်ကောင် စတွေ့လျှင်စတွေ့ချင်း ပက်ဖျန်းရန်သင့်တော်ပါသည်။

၃ ။ အီမာလန်ဒါ ၁၅ ဒဗလျူပီ

 ▪️ အစွမ်းရှိပစ္စည်း Emamectin benzoate 5% + Lambda-cyhalothrin 10% ပါဝင်ပါသည်။ ထိသေ၊ စားသေ နှင့် ထိုးဖောက်စိမ့်ဝင်အာနိသင် ပါရှိပါသည်။ ထို့ပြင် Lambda-cyhalothrinသည် ဖျက်ပိုးများကို ချက်ချင်းပြုတ်ကျသေစေနိုင်သော အာနိသင်ရှိသည်။

 ▪️ ငမြှောင်တောင်၊ သီးလုံးဖောက်ပိုး၊ ရွက်ဖောက်ကျိုင်း၊ စိန်ကွက်ဖလံ၊ ရွက်ထွင်းပိုး၊ ပျ၊ ဖြုတ်၊ ယင်ဖြူ၊ လှေးပိုး နှင့် မွှားပင့်ကူနီတို့ကို ဆေးနှုန်းထားအနည်းငယ်မျှဖြင့် ကာကွယ်နှိမ်နင်းနိုင်သည်။ 

၄ ။ ကေလာ ၂၅ ဒဗလျူဒီဂျီ

 ▪️ အစွမ်းရှိပစ္စည်း Thiamethoxam 25% W/W ပါဝင်ပါသည်။ ထိသေ၊ စားသေ နှင့် ပင်လုံးပြန့်အာနိသင် ရှိသည်။

 ▪️ စပါးတွင်ကျသော ဖြုတ်အမျိုးမျိုး နှင့် ကြက်သွန်မြိတ်ပိုး၊ သီးနှံအမျိုးမျိုးတွင်ကျသော ယင်ဖြူ နှင့် စုပ်စားပိုးအမျိုးမျိုး၊ သရစ်လှေးပိုး၊ ပိုးစေးနှဲ၊ ကျောက်ပိုး၊ ရွက်ဖောက်ကျိုင်း၊ ရွက်ထွင်းပိုး နှင့် သစ်သီးထိုးယင်များကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည်။ ဆေးနှုန်းထားအနည်းငယ်မျှအသုံးပြုရပါသည်။

၅ ။ နိုက်ဝမ်း ၂၀ အက်စ်စီ

 ▪️ အစွမ်းရှိပစ္စည်း Indoxacarb 17% + Lambda cyhalothrin 3% ပါဝင်ပါသည်။ ထိသေ၊ စားသေ နှင့် Bioactivation (ပိုးကောင်၏ခန္ဓာကိုယ်အတွင်းရှိ အင်ဇိုင်းများက ဆေးအာနိသင်ကိုတိုးမြှင့်လာစေခြင်း) ဖြစ်ပေါ်စေသော ထူးခြားအာနိသင်ပါရှိသည်။

 ▪️ ငမြှောင်တောင်အပါအဝင် ကိုက်ဖြတ်ဝါးစားပိုးအမျိုးမျိုး၏ ပိုးဥ နှင့် ပိုးလောက်ကောင်များ နှင့် မုန်ညင်းမုန်လာ၊ ဂေါ်ဖီစိန်ကွက်ဖလံလောက်ကောင်များကို ဆေးနှုန်းထားအနည်းငယ်မျှဖြင့်ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည်။

၆ ။ လန်ဒါ ၅ အီးစီ

 ▪️ အစွမ်းရှိပစ္စည်း Lambda-cyhalothrin 5% ပါဝင်ပါသည်။ ပြင်းထန်သော ထိသေ၊ စားသေ အာနိသင်ရှိသည်။ အင်းဆက်ဖျက်ပိုး၏အရေခွံကို လျင်မြန်စွာထိုးဖောက်စိမ့်ဝင်ပြီး ဖလံမကြီး၊ ဥ နှင့် လောက်ကောင်အဆင့်အားလုံးကို သတ်ဖြတ်နှိမ်နင်းနိုင်သည်။ 

 ▪️ လိပ်ပြာအုပ်စု၊ ယင်အုပ်စု၊ စုပ်စားပိုးအုပ်စု၊ သရစ်လှေးပိုးအုပ်စု၊ ဂျပိုးအုပ်စု၊ ကျိုင်းအုပ်စု နှင့် မွှားပင့်ကူနီအုပ်စုများအားလုံးကို ကာကွယ်နှိမ်နင်းနိုင်သည်။

၇ ။ လိုင်းအောက် ၄၈၀ အက်စ်စီ

 ▪️ အစွမ်းရှိပစ္စည်း Flubendiamide 240 g/L , Thiacloprid 240 g/L ပါဝင်ပါသည်။ စားသေ နှင့် ပင်လုံးပြန့်အာနိသင်ရှိသည်။ သီးနှံပင်ပေါ်တွင် ဆေးအာနိသင်တာရှည်ခံနိုင်သည်။

 ▪️ ပဲအမျိုးမျိုးတွင်ကျရောက်သော ဖူးထွေးပွင့်ထွေးပိုး၊ သီးတောင့်ထိုးပိုး၊ စပါးဆစ်ပိုး၊ စပါးရွက်လိပ်ပိုး၊ သီးနှံအမျိုးမျိုးတွင်ကျရောက်သော ဖောငမြှောင်တောင်၊ စိန်ကွက်ဖလံ၊ သီးလုံးဖောက်ပိုး၊ ပျ၊ ဖြုတ်၊ သရစ်လှေးပိုး နှင့် အခြားဖျက်ပိုးမျိုးစုံကို “လိုင်းအောက်” ဆေး တစ်မျိုးတည်းဖြင့် ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။ ထို့ပြင် “လိုင်းအောက်”ဆေးကို သီးနှံပင်များပန်းပွင့်ချိန်တွင်လည်း ပက်ဖျန်းအသုံးပြုနိုင်ပါသည်။

၈ ။ မိုက်အိုကေ ၁၀၀ အီးစီ

 ▪️ အစွမ်းရှိပစ္စည်း Hexythiazox 80 g/L , Chlorfenapyr 20 g/L ပါဝင်ပါသည်။ ထိသေ၊ စားသေ နှင့် ထိုးဖောက်စိမ့်ဝင် အာနိသင်ရှိပြီး ပိုးလောက်ကောင် နှင့် ပိုးဥများကိုပါ သတ်နိုင်သောအစွမ်းအာနိသင် ရှိသည်။

 ▪️ မွှား နှင့် မွှားပင့်ကူအမျိုးမျိုး အပါအဝင် ဖျက်ပိုးမျိုးစုံကို နှိမ်နင်းနိုင်ပါသည်။

၉ ။ မင်းရဲ ၂၅ အီးစီ

 ▪️ အစွမ်းရှိပစ္စည်း Proefnofos 20% + Beta-cypermethrin 5% ပါဝင်ပါသည်။ ပြင်းထန်သော ထိသေ နှင့် စားသေ အာနိသင်ရှိပြီး သီးနှံပင်ပျားပေါ်တွင် ဆေးအာနိသင်တာရှည်ခံနိုင်ပါသည်။

 ▪️ စိန်ကွက်ဖလံ၊ ဖောငမြှောင်တောင်၊ ဝါသီးလုံးဖောက်ပိုး၊ ပျ၊ ဖြုတ်၊ ယင်ဖြူ၊ မွှားပင့်ကူနီ နှင့် အခြားဖျက်ပိုး အမျိုးမျိုးကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။

၁၀ ။ နိုးဝမ်း ၇၀၀ ဒဗလျူပီ

 ▪️ အစွမ်းရှိပစ္စည်း Dinotefuran 20% + Pymetrozine 50% ပါဝင်ပါသည်။ ထိသေ စားသေ နှင့် ပင်လုံးပြန့်အာနိသင် ရှိပါသည်။ ဆေးအာနိသင်မှာ (၃-၄)ပတ်အထိ တာရှည်ခံသည်။

 ▪️ Pymetrozine သည် နောက်ဆုံးပေါ် ဖြုတ်ညို၊ ဖြုတ်စိမ်း အထူးသတ်ဆေးဖြစ်ပြီး “နိုးဝမ်း”ဖြင့် ဖရဲ၊ သခွား၊ အာလူး၊ ခရမ်းချဉ်များတွင် ကျရောက်သော ယင်ဖြူ နှင့် ပဲမျိုးစုံတွင် ကျရောက်တတ်သော ပျပိုး၊ လှေးပိုး နှင့် စုပ်စားပိုးအမျိုးမျိုးကိုလည်း ထိရောက်စွာ နှိမ်နင်းပေးနိုင်ပါသည်။

၁၁ ။ ပရိုဆင့် ၅၀ အက်စ်စီ

 ▪️ အစွမ်းရှိပစ္စည်း Fipronil 5% ပါဝင်ပါသည်။ ထိသေ၊ စားသေ အာနိသင်ရှိပြီး ပင်လုံးပြန့်အာနိသင် အနည်းငယ်ရှိသည်။ 

 ▪️ မြေအောင်းပိုးများဖြစ်သော မြစ်စားပိုး၊ ဝါယာဝမ်း နှင့် ခြတို့ကို ကာကွယ်နှိမ်နင်းရန် မျိုးစေ့ဖြင့်လူးနယ် စိုက်ပျိုးခြင်း၊ စိုက်ခင်းမြေပြင်ကို ပက်ဖျန်းခြင်းတို့ဖြင့်အသုံးပြုရပါမည်။ အပင်ပေါ်ဖျက်ပိုးများဖြစ်သော စပါးတွင်ကျရောက်တတ်သည့် ဆစ်ပိုး၊ ဖြုတ်ညိုနှင့် ဖြုတ်အမျိုးမျိုး၊ ရွက်လိပ်အိမ်ပိုး နှင့် ပိုးလောင်မီး၊ မုန်ညင်း၊မုန်လာနှင့်ဂေါ်ဖီ စိန်ကွက်ဖလံ၊ ပဲမျိုးစုံ ရွက်ဖောက်ကျိုင်းနှင့်ပင်စည်ထိုးယင်၊ ပြောင်းသီးနှံတွင် ကျရောက်သော ဖောငမြှောင်တောင် နှင့် မြစ်စားပိုးများကိုကာကွယ်နှိမ်နင်းရန် အပင်ပေါ်သို့ပက်ဖျန်း ပေးရပါမည်။ အထူးသဖြင့်“ပရိုဆင့်”သည် စပါးနှင့် သီးနှံမျိုးစုံတွင်ကျရောက်ဖျက်စီးတတ်သော “သရစ်လှေးပိုး အမျိုးမျိုး” ကို ထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။

၁၂ ။ ရော့ကက် ၁.၈ အီးစီ

 ▪️ အစွမ်းရှိပစ္စည်း Abamectin 1.8% ပါဝင်ပါသည်။ ထိသေ စားသေ နှင့် စိမ့်ဝင်ထိုးဖောက်အာနိသင် ရှိသည်။ အခြားပိုသတ်ဆေးအုပ်စုများနှင့် ရောစပ်သုံးစွဲခြင်းဖြင့် ဆတိုးစွမ်းအင်ဖြစ်လာစေသော အာနိသင်ရှိသည်။

 ▪️ သီးနှံမျိုးစုံတွင် ဆိုးရွားစွာကျရောက်သော မွှားပင့်ကူနီ၊ စိန်ကွက်ဖလံ၊ လှေးပိုး၊ ယင်ဖြူ၊ ပိုးစေးနှဲ၊ အကြေးပိုး၊ ရွက်ထွေးပိုး၊ ငမြှောင်တောင်၊ ပိုးစိမ်းကောင်၊ ရွက်လိပ်၊ ရွက်ကပ် နှင့် ရှောက်လိမ္မော် ရွက်ထွင်းပိုးများကို ထိရောက်စွာနှိမ်နင်းနိုင်သည်။

၁၃ ။ ဆိုင်လာ ၂၅ ဒဗလျူပီ

 ▪️ အစွမ်းရှိပစ္စည်း Acetamiprid 20% + Lambda-cyhalothrin 5% ပါဝင်ပါသည်။ ထိသေ၊ စားသေ နှင့် ပင်လုံးပြန့်အာနိသင်ရှိသည်။ 

 ▪️ ငမြှောင်တောင်၊ သီးလုံးဖောက်ပိုးများအပါအဝင် ကိုက်ဖြတ်ဝါးစားပိုးအမျိုးမျိုး၊ သရစ်လှေးပိုး၊ ပျ၊ ယင်ဖြူ နှင့် စုပ်စားပိုးအမျိုးမျိုး၊ ပိုးစေးနှဲ၊ စိန်ကွက်ဖလံ၊ ရွက်ထွင်းပိုး၊ သစ်သီးထိုးယင် နှင့် ဖျက်ပိုးအမျိုးမျိုးကို ကာကွယ်နှိမ်နင်းနိုင်ပါသည်။

၁၄ ။ အက်စ်ဖိတ် ၇၅ အက်စ်ပီ

 ▪️ အစွမ်းရှိပစ္စည်း Acephate 75% ပါဝင်ပါသည်။ ထိသေ၊ စားသေ နှင့် ပင်လုံးပြန့်အာနိသင်ပြင်းထန်သော ရေဖျော်ပိုးသတ်ဆေးအမှုန့်ဖြစ်သည်။ သီးနှံအမျိုးမျိုးကို ပန်းပွင့်ချိန်ကာလတွင် ပက်ဖျန်းရန်အထူးသင့်လျော်ပါသည်။

 ▪️ သီးနှံမျိုးစုံတွင်ကျရောက်သော ငမြှောင်တောင်၊ ရွက်စားပိုး၊ သီးလုံးဖောက်ပိုး၊ ပွင့်ထွေးရွက်ထွေးပိုး၊ သီးထိုးယင် နှင့် စုပ်စားပိုးမျိုးစုံကို နှိမ်နင်းနိုင်သည်။

၁၅ ။ စပေါ့ ၈၀၀ ဒဗလျူဂျီ

 ▪️ အစွမ်းရှိပစ္စည်း Thiodicarb 80% ပါဝင်ပါသည်။ ထိသေ၊ စားသေ အာနိသင်ပါရှိပါသည်။ ဖျက်ပိုးအမျိုးမျိုး၏ ဥအဆင့် နှင့် ပိုးလောက်ကောင်အဆင့် အားလုံးကို ထိရောက်စွာနှိမ်နင်းနိုင်သည်။ 

 ▪️ သီးနှံစိုက်ခင်းများတွင်ဆိုးရွားစွာ ကျရောက်ဖျက်ဆီးသော (Fall armyworm , Beet armyworm) အပါအဝင် ငမြှောင်တောင်အမျိုးမျိုး၊ သီးနှံမျိုးစုံတွင်ကျရောက် ဖျက်ဆီးသော ပင်ဖြတ်ပိုး(Cutworm) များကို နှိမ်နင်းနိုင်သည်။

၁၆ ။ သူရိယ ၈၀ အက်စ်ပီ

 ▪️ အစွမ်းရှိပစ္စည်း Acephate 50% + Monosultap 30% ပါဝင်ပါသည်။ ထိသေ၊ စားသေ နှင့် ပင်လုံးပြန့် အာနိသင်ရှိသည့်အပြင် Monosultap တွင် အဆိပ်ငွေ့အာနိသင်ရှိပြီး ပိုးဥများကိုလည်းသေစေသည်။ ဆေးလောင်ကျွမ်းမှုမရှိပဲ သီးနှံမျိုးစုံတွင်အသုံးပြုနိုင်သည်။

 ▪️ သီးနှံပင်အစိတ်အပိုင်းများအတွင်း ဝင်ရောက်ဖျက်ဆီးသော ကိုက်ဖြတ်ဝါးစားပိုးများနှင့် စုပ်စားပိုးများကို နှိမ်နင်းနိုင်သည်။ အထူးသဖြင့် ပဲမျိုးစုံတွင်ကျရောက်သော ငမြှောင်တောင်၊ ဖူးထွေးပွင့်ထွေးပိုး၊ သီးတောင့်ထိုးပိုး၊ ဝါသီးလုံးဖောက်ပိုးအမျိုးမျိုး၊ ပျ၊ ဖြုတ်စိမ်း၊ ယင်ဖြူ နှင့် စပါးတွင်ကျရောက်သော ဆစ်ပိုး၊ ရွက်လိပ်ပိုး နှင့် ဖြုတ်ညို၊ ဖြုတ်စိမ်း တို့ကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။

၁၇ ။ နစ်ကို ၇၀ ဒဗလျူပီ

 ▪️ အစွမ်းရှိပစ္စည်း Niclosamide 70% ပါဝင်သော ခရုသတ်ဆေးဖြစ်ပါသည်။ စားသေ နှင့် အဆိပ်ငွေ့အာနိသင်ရှိပြီး စပါးအပါအဝင် သီးနှံအမျိုးမျိုးတွင် ဆိုးရွားစွာဖျက်ဆီးတတ်သော ရွှေခရုများကိုထိရောက်စွာ နှိမ်နင်းနိုင်သည်။

၁၈ ။ ဒီပါ ၄၆ ဂျီ

 ▪️ အစွမ်းရှိပစ္စည်း Cartap 4% + Thiamethoxam 0.4% + Abamectin 0.2% ပါဝင်ပါသည်။ ဆေး(၃)မျိုး ရောစပ်ထားသည့် ပင်လုံးပြန့်အာနိသင်ရှိ ပိုးသတ်ဆေးနှင့် နီမတုတ်သတ်ဆေးခဲဖြစ်သည်။ စိုက်ခင်း မြေပေါ်သို့ လွယ်ကူစွာကြဲပက်အသုံးပြုနိုင်ပါသည်။ 

 ▪️ မြေတွင်းအောင်းပိုးများ၊ စုပ်စားပိုးများ၊ အပင်အစိတ်အပိုင်းများအတွင်းသို့ဝင်ရောက်ဖျက်စီးသောပိုးများ၊ နီမတုတ်ကြောင့်ဖြစ်သောရောဂါများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည်။ တစ်နည်းအားဖြင့် ပင်ဖြတ်ပိုး၊ ဖိုးလမင်းကျိုင်းလောက်ကောင်၊ ကျောက်ပိုး(ဝါယာပိုး)၊ ခြ၊ ပုရစ်၊ ပျ၊ ဖြုတ်စိမ်း၊ ဖြုတ်ညို၊ ယင်ဖြူ၊ သရစ်လှေးပိုး၊ ပိုးစေးနှဲ၊ စပါးဆစ်ပိုး၊ ပင်စည်ထိုးယင်၊ ရွက်ထွင်းပိုးအမျိုးမျိုး၊ နီမတုတ်ကြောင့် ဖြစ်သော စပါးမြစ်ဖုရောဂါ၊ ရွက်ဖျားဖြူရောဂါ၊ ယူဖရာရောဂါ အစရှိသည်တို့ကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။

၁၉ ။ ဖစ်ပရို ၃ ဂျီအာ

 ▪️ အစွမ်းရှိပစ္စည်း Fipronil 0.3% ပါဝင်ပါသည်။ ထိသေ စားသေ နှင့် ပင်လုံးပြန့်အာနိသင်ရှိသည်။ စိုက်ခင်းအတွင်း လွယ်ကူစွာကြဲပက်အသုံးပြုနိုင်သော မြေတွင်းအောင်းပိုးသတ်ဆေးခဲဖြစ်သည်။ 

 ▪️ သီးနှံအမျိုးမျိုးတွင်ကျရောက်တတ်သော မြေတွင်းအောင်းပိုးများဖြစ်သည့် မြေခွေးပုရစ်၊ ပင်ဖြတ်ပိုး၊ ဖိုးလမင်းကျိုင်းလောက်ကောင်၊ မြစ်စားပိုး၊ ဝါယာပိုး၊ ခြ နှင့် စပါးဆစ်ပိုး၊ စပါးကြက်သွန်မြိတ်ပိုး၊ သရစ်လှေးပိုးအပါအဝင် စုပ်စားပိုးအမျိုးမျိုး၊ ရွက်လိပ်ရွက်ကပ်ပိုး နှင့် စပါးရွက်ဖျားဖြူ(ယူဖရာ) နီမတုတ်ပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။

🌾စစ်မှန် ပြည့်ဝ ဝိစာရ🌾