menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ကင်ပွန်းချဉ် စိုက်ပျိုးနည်း
🌿🌿🌿🌿🌿🌿🌿🌿🌿🌿
မြန်မာအမည် - ကင်ပွန်းချဉ်
အင်္ဂလိပ်အမည် - SOAP POD
ရုက္ခဗေဒအမည် - Acacia concinna
မျိုးရင်းအမည် - MIMOSACEAE
➡️ကင်ပွန်းချဉ်ရွက်သည် မြန်မာလူမျိုးတို့အထူးနှစ်သက်သော ဟင်းသီးဟင်းရွက်ဖြစ်သည်။ ချဉ်ရည်ချက်၍ လည်းကောင်း၊ ကြော်၍လည်းကောင်း၊ အခြားသားငါးများနှင့် ရောနှော၍လည်းကောင်း ချက်ပြုတ် စားသုံးနိုင်သည်။ မြန်မာတို့သည် ကင်ပွန်းချဉ်ကို ခြံစည်းရိုးတန်းအဖြစ်စိုက်၍အညွန့်ကို ရောင်းချကြ သည်။ ယခုအခါကင်ပွန်းချဉ်ကိုစီးပွားဖြစ်အခင်းလိုက်စိုက်ပျိုးလာကြ၍အညွန့်ထွက်အောင်ပြုပြင်ပေးကြ သည်။ ဒေသမရွေးစိုက်ပျိုးနိုင်သည်။
ရေမြေ ရာသီဥတု .....
ကင်ပွန်းချဉ်သည် မိုးများသောအောက်မြန်မာနိုင်ငံတွင် ကောင်းစွာဖြစ်ထွန်းပါသည်။ မိုးနည်းသော ဒေသများတွင်လည်း ရေကိုစနစ်တကျပေးနိုင်ပါက ဖြစ်ထွန်းနိုင်ပါသည်။ ကင်ပွန်းချဉ်သည် မြေဆွေး ဓာတ်များသော သဲနုန်းမြေ၊ နုန်းမြေစေးများတွင် ဖြစ်ထွန်းပါသည်။ ရေဝပ်ခြင်းကိုမနှစ်သက်သဖြင့် ရေကိုကောင်းစွာထုတ်ပေးရန်လိုအပ်ပါသည်။
မြေပြုပြင်ခြင်း.....
မြေထုပ်စီးထားသော ကင်ပွန်းချဉ်ပင်အား မြေမချမီ တစ်ပတ်ခန့်အလို၌ စိုက်ခင်းကိုမြေပြင်နိုင်သည်။ စိုက်ခင်းနေရာတွင် မြက်ကိုပြောင်အောင်ရှင်းပြီးနွားထွန်ဖြင့်ထွန်၍လည်းကောင်း၊ ပေါက်ပြားဖြင့် လည်းကောင်း မြေလှန်ပေးပြီးမှ မြေကိုညီညာအောင် ပြန်ညှိပေးရမည်။
စိုက်ပျိုးနည်း.....
မြေထုပ်စီးထားသော ကင်ပွန်းချဉ်ပင်ကို မြေလုံးမပျက်စိုက်ရပါသည်။ အတန်းကြား ခြောက်ပေ၊ အပင် ကြား သုံးပေခြား၍စိုက်ရမည်။ မြေထုပ်စီးထားသောအကိုင်းကြီးလျှင်မြေအနက်(၆)လက်မ၊ အကိုင်းသေး လျှင် (၄)လက်မ ခန့်မြှုပ်၍စိုက်ပေးရပါသည်။ မြေထုတ်စီးကိုင်းကို မတ်မတ်ထောင်နေအောင်စိုက်ရ သည်။ အပင်ရင်းတွင် မြေကို လေးလက်မခန့် မြင့်အောင်ဖုံးပေးပြီးမြေမဟာစေရန်လက်ဖြင့်ဖိပေးပါ။ စိုက်စတွင်မိုးပြတ်ပါက သုံးရက်ဆက်တိုက် ရေလောင်းပေးရမည်။ မိုးရွာပါကရေလောင်းရန်မလိုပါ။
မျိုးပွားနည်း .....
ကင်ပွန်းချဉ်ကိုမြေထုပ်စီးနည်းဖြင့်မျိုးပွားကြသည်။ စိုက်ချိန်ပေါ်မူတည်၍တစ်လခန့်ကြိုတင်ပြီး မြေထုပ်စည်းကြသည်။ ထို့ကြောင့်ကင်ပွန်းချဉ်ကိုဩဂုတ်လ နှင့် စက်တင်ဘာလအတွင်း မြေထုပ်စီး ကြသည်။ မြေထုပ်စီးပြီး(၂၁)ရက်တွင်အမြစ်စထွက်ပြီး(၇)ရက်ခန့်တွင်အကိုင်းဖြတ်စိုက်နိုင်သည်။ မြေထုပ်စီးထား သော အပင်များမရနိုင်သောဒေသတွင်အစေ့ဖြင့် ပျိုးထောင်စိုက်ပျိုးနိုင်သည်။ အစေ့မှပျိုးထောင်နိုင်ရန် ကင်ပွန်းချဉ်သီးအခြောက်မှ အစေ့များထုတ်ယူပြီး ရေနွေးဆူဆူထဲတွင် စိမ်ပြီးနောက် ၂၄ နာရီအတွင်း ရေ(၂-၃)ကြိမ် လဲပေးပါ။ ထို့နောက်အစေ့များကို (၅x၆)လက်မအရွယ် ပလတ်စတစ်ပျိုးအိတ်တွင် ပျိုးထောင်ထားပြီး အပင်များ တစ်ပေခန့်ရှိလျှင်မြေတွင်ချစိုက်ပါ။ အပင်အမြင့်ကို သုံးပေခန့်ထား၍ ကိုင်းများကို ချိုင်ပေးပြီး ရွက်နုများကို မှန်မှန်ဖြတ်ပေးပါ။
သို့ရာတွင်အစေ့မှစိုက်ပင်သည်အညွန့်ထွက်နိုင်သည့်အပင်ဖြစ်လာရန်ကြာရှည်သဖြင့်ဤနည်းကို အသုံးမပြုကြဘဲမြေထုပ်စည်းပင်ကိုသာအသုံးပြုကြသည်။
မြေဩဇာကျွေးနည်း.....
ကင်ပွန်းချဉ်စိုက်ပြီးစအခင်းတွင် စိုက်ပြီး(၃-၄)ပတ်အတွင်း (၁၀)လံမြောင်းတစ်မြောင်းလျှင် ယူရီးယား နို့ဆီဗူးဝက်ခန့်ကျွေးရသည်။ ထို့ပြင်စိုက်ပြီးစအခင်းတွင် နိုဝင်ဘာလ ၌(၁၀)လံမြောင်းတစ်မြောင်းလျှင် နွားချေးဆွေးခွဲတောင်းနှင့်(၈-၁၀)တောင်းခန့်ကျွေးပေးပါ။ နွားချေးဆွေးကျွေးရာတွင်ဘောင်ခွဲ၍ ထည့်ပေးပြီးမြေပြန်ဖုံးပေးရသည်။ ဘောင်ခွဲရာတွင်အပင်အမြစ်များမထိခိုက်အောင် ဂရုစိုက်ရသည်။ မြေဩဇာကျွေးခြင်းကိုရွက်နုထွက်ရန်အကိုင်းချိုင်ပြီးသည်နှင့်ပြုလုပ်ပေးရပါမည်။
အပင်ပြုပြင်ခြင်း .....
အပင်များကိုလေးပေခန့်အမြင့်အထိထားပြီး လုံးဝိုင်းပုံဖြစ်သွားအောင်အကိုင်းများကိုချိုင်ပေးရသည်။ အရွက်ပြောင်အောင်လည်းချွေပေးရသည်။ ၎င်းကိုရွက်ကြမ်းချသည်ဟုခေါ်သည်။ ကင်ပွန်းချဉ် စိုက်ခင်းကြီးပါကအကိုင်းချိုင်ပြီးသည်နှင့် မြေဆွေး၊မြေသြဇာကျွေးပေးပြီးရေဝအောင်လောင်းပေးရမည်။ ငုတ်တက်စိုက်ခင်းတွင်အကိုင်းချိုင်ပြီး(၁၅)ရက်တွင် အညွန့်သစ်များထွက်လာသည်။ (၄)ပေအမြင့် ထား၍ချိုင်သောစိုက်ခင်းတွင် (၃)ပတ်ခန့်ကြာလျှင်အညွန့်သစ်ထွက်လာသည်။ အကိုင်းချိုင်ခြင်းကို တစ်နှစ်တစ်ခါ နိုဝင်ဘာလတွင် ပြုလုပ်ပေးရသည်။ အပြင်ထွက်လာသောကိုင်းများကို အမြဲမပြတ်ဖြတ်ပေးရမည်။ ချိုင်ထားသောကိုင်းများကို အခြောက်ခံပြီး မီးပုံရှို့ပြစ်ပါ။
ဆွတ်ခူးခြင်း နှင့် အထွက် .....
မြေသြဇာအပြည့်အဝကျွေး၍ ရေပြည့်ဝစွာလောင်းလျှင် ငါးရက်တစ်ကြိမ်ခန့် ဆွတ်ခူးနိုင်သည်။ အညွန့်ခူးခြင်းကို တစ်နွေလုံးခူးနိုင်ပြီး အောက်တိုဘာလတွင်မခူးပဲ နှစ်လခန့်အပင်အနားပေးကြသည်။ တစ်ဧကလျှင်တစ်ခါခူးလျှင် ကင်ပွန်းချဉ်အစီးပေါင်း(၁,၂၀၀)ခန့်ရရှိနိုင်ပါသည်။ (၅)ရက်တစ်ကြိမ်ကျခူးသဖြင့် တစ်ဧကစိုက်ခင်းမှ တစ်လလျှင်အစီးပေါင်း (၇၂,၀၀၀)ခန့်ရနိုင်ပါသည်။
Sources : ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း