menu

သရက်စိုက်ရင် ဆာလ်ဖာကို မမေ့ပါနှင့်


🍃🥭🍃🥭🍃🥭🍃🥭🍃🥭🍃🥭🍃

 ▪️သီးနှံပင်တိုင်းမှာ ရှင်သန်ကြီးထွား၊ မျိုးဆက်ပြန့်ပွားရေးအတွက်အာဟာရဓာတ် ၁၆ မျိုးလိုအပ်ပါတယ်။ အဲဒီဓာတ်တွေကတော့ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ ပိုတက်စီယမ်၊ကာဗွန်ဒိုင်အောက်ဆိုက်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ဆာလ်ဖာ (ကန့်)၊ သံ၊ မဂ္ဂနီးစ်၊ ကြေးနီ၊သွပ်၊ ဘိုရွန်၊ မော်လစ်ဘီဒီနန်၊ ကလိုရင်းတို့ဖြစ်ပါတယ်။

 ▪️သရက်ပင်အတွက် ဆာလ်ဖာ (ကန့်)ဓာတ်ဟာ အကျိုးသက်ရောက်ပြီး အရေးပါတဲ့ ဓာတ်တစ်ခုဖြစ်နေပါတယ်။ သရက်မှာဆာလ်ဖာချို့တဲ့ပါက သရက်ရွက်ပေါ်မှာဒဏ်ရာအပြောက်တွေ ဖြစ်ပေါ်လာတာ၊ ရွက်ကြောတွေ စုစည်းလာတာ၊ မရင့်သေးတဲ့ ရွက်နုတွေ ပြုတ်ကျတာ၊ အစိမ်းရောင်အရွက်တွေ ပါးလွှာတာ ဖြစ်ပေါ်စေပါတယ်။ ဆာလ်ဖာဓာတ်အဆိပ်သင့်မှုဟာလေထဲရှိ ဆာလ်ဖာဒိုင်အောက်ဆိုက်မှာ အဆိပ်ငွေ့ဖြစ်တဲ့အခါ ရေနဲ့ပေါင်းစပ်ပြီး ဘိုင်ဆာလ်ဖိတ်သို့ ပြောင်းသွားကာ ဆာလ်ဖြူရစ်အက်စစ်ကို ဖြစ်စေပါတယ်။ အစာချက်လုပ်ဖို့ အလင်းရောင်ကို တုံ့ပြန်မှုမရှိတဲ့အခါ အဆိပ်သင့်စေပါတယ်။

 ▪️သရက်ပင်ဟာ ဆာလ်ဖာကို မြေထဲနဲ့ လေထုထဲမှာ အလွန်တုံ့ပြန်နိုင်စွမ်း ရှိပါတယ်။ ဆာလ်ဖာဓာတ်ဟာ အာဟာရဓာတ်ပေါင်းများ ဖွဲ့စည်းရာမှာ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့ပြင် ဆာလ်ဖာဟာ ဖက်တီးအက်စစ်ကို လျော့ကျစေပါတယ်။ မြေဆီလွှာအတွင်းမှာရှိတဲ့ ဆာလ်ဖာရဲ့ ၇၀-၉၀ ရာခိုင်နှုန်းဟာ အော်ဂဲနစ်ထိမှာရှိနေတာ ဖြစ်ပါတယ်။ မြေမျက်နှာသွင်ပျော့ပြီး မိုးရေချိန်များတဲ့မြေတွေမှာ ဆာလ်ဖာစုပုံတာ၊ စုပ်ယူမှုဟန့်တားတာ ဖြစ်ပေါ်နိုင်ပါတယ်။

 ▪️သရက်ပင်ကို ဆာလ်ဖာအတွက် ထည့်သွင်းမယ်ဆိုရင် ပိုတက်စီယမ်ဆာလ်ဖိတ်၊ ကျောက်မှုန့်၊ အမိုနီယမ်ဆာလ်ဖိတ်တို့ကို အသုံးပြုနိုင်ပါတယ်။ လေထဲရှိ ဆာလ်ဖာဒိုင်အာက်ဆိုက်ကို အရွက်များမှတစ်ဆင့်ထိန်းထားနိုင်ပါတယ်။ ဆာလ်ဖာဟာအမြစ်မှ စုပ်ယူပြီး အညွန့်များဆီသိုရွေ့လျားနိုင်ပါတယ်။ အပင်တစ်ရှူး တစ်ခုမှတစ်ခုသို့လွယ်ကူစွာ မရွှေ့ပြောင်းနိုင်တဲ့အတွက် စုပ်ယူမှုလျော့နည်းစေနိုင်ပါတယ်။ဆာလ်ဖာဟာ သရက်သီးအသီးတင်မှု၊ အရည်အသွေးကောင်းမှုတို့ကို အကျိုးပြုနိုင်တဲ့အတွက် သရက်စိုက်ရင် ဆာလ်ကို မမေ့ပါနဲ့လို့ အသိပေးလိုက်ပါရစေ။

🔸စစ်မှန် ပြည့်ဝ ဝိစာရ🔸 
 အောင်ဆန်း(စိုက်ပျိုးရေး)