menu

“ကုလားပဲ ပင်ပုရောဂါ” ကြိုတင်ကာကွယ်ပါ .....


(Stunt) Pea Leaf Roll Virus

🌱🌱🌱🌱🌱🌱🌱🌱🌱🌱

ရောဂါလက္ခဏာ .....

 စိုက်ခင်းအတွင်း အပင်များပုပြီး အဝါရောင်၊ အညိုရောင်အရွက်များရှိသော အပင်များကိုလွယ်ကူစွာ မြင်တွေ့ရနိုင်သည်။ ရောဂါရအပင်၏ ပင်စည်သည် ဆစ်ကြားတို၍ပုပြီး အရွက်များသည်သေးငယ် ကြသည်။ ရောဂါရအပင်၏အရွက်ရောင်သည် အစေ့ညိုသောမျိုးတွင် အညိုရောင်ရှိပြီး အစေ့ဖြူမျိုးများတွင် အဝါရောင်ရှိကြသည်။ ပင်စည်သည် မာတောင့်ပြီး အရွက်များထူလာသည်။ ရောဂါရပင်စည်ကို ကန့်လန့်ဖြတ်ခွဲကြည့်ပါက အစာကြောစည်းများညိုနေသည့် အဝိုင်းရစ်များကို တွေ့ရသည်။ ဗိုင်းရပ်စ်ရောဂါကြောင့် ရောဂါရအပင်သည် အပင်အခြောက်မြန်သည်။ အစောပိုင်း ရောဂါကျသောအပင်သည် ရောဂါလက္ခဏာထင်ရှားစွာ တွေ့ရသော်လည်း နောက်ကျ၍ရောဂါရသော အပင်သည် သိသိသာသာအပင်ပုခြင်းမရှိပါ။ သို့သော် အစာကြောစည်းညိုသည်ကိုမူ ထင်ရှားစွာတွေ့နိုင်သည်။

ရောဂါသံသရာ .....

 ဤရောဂါကိုသယ်ဆောင်သောပိုးမှာ ပျပိုးဖြစ်သည်။ ပျပိုးစုပ်စားမှုကြောင့် အပင်တွင် ဗိုင်းရပ်စ်ရောဂါ ဝင်ရောက်ကာ အပင်ပုသွားရခြင်းဖြစ်သည်။

ကာကွယ်နှိမ်နင်းခြင်း .....

 ☑️ ရောဂါသယ်ဆောင်သော ပျပိုးများကို အပင်ငယ်စဉ်တွင် နှိမ်နင်းပါ။

 ☑️ ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများကို စိုက်ပျိုးပါ။

 ☑️ ပျပိုးများကျရောက်မှုကို ကာကွယ်နိုင်ရန် “နိုးဝမ်း၊ ကေလာ၊ ဆိုင်လာ” ဆေးများမှတစ်မျိုးမျိုးကို ကုလားပဲပင် အပင်ငယ်စဉ်မှစ၍ ဆေးညွှန်းအတိုင်း ပက်ဖျန်းကာကွယ်ပေးရပါမည်။

Sources : သီးနှံကာကွယ်ရေးဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန