menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ကျွဲကောသီး အရသာ နှင့် အရည်အသွေးကောင်းဖို့ စနစ်တကျ ဆောင်ရွက်စို့
🍃🍈🍃🍈🍃🍈🍃🍈🍃🍈🍃
✔️ကျွဲကောသီးဟာ တစ်ခြားအသီးတွေနဲ့မတူပါဘူး။ မြေဆီလွှာ၊ မြေဆီဩဇာထက်သန်မှု၊ မြေရဲ့ချဉ်ငံကိန်း၊ ရေပေးသွင်းမှုအချိန်တွေဟာ ကျွဲကောသီးရဲ့အရသာနဲ့ အရည်အသွေးကိုလွှမ်းမိုးနေတတ်ပါတယ်။ အထူးသဖြင့်နိုက်ထရိုဂျင်ဓာတ်များနေမယ်၊ ဖော့စပရပ်ဓာတ်၊ ပိုတက်စီယမ်ဓာတ်၊ ဆာလ်ဖာဓာတ်၊ ကယ်လ်စီယမ်ဓာတ် နည်းနေမယ်၊မြေဆီလွှာဟာချဉ်နေမယ်ဆိုရင် ကျွဲကောသီး ဟာချဉ်တတ်ပြီး အတွင်းသားလည်းကြပ်ဖြစ်တတ်တာကိုတွေ့ရပါတယ်။
✔️ထို့ကြောင့် အရွယ်ရောက်ပြီး အသီးစယူနေတဲ့ကျွဲကောပင်တစ်ပင်ကို တစ်နှစ်ပတ်လည်မှာ ဓာတ်စုံပါတဲ့ မြေဩဇာ (၅)ကီလိုဂရမ်ခန့်ထည့်ပေးဖို့လိုပါတယ်။ N : P : K (၁၆ :၁၆ :၁၆) အချိုး (သို့မဟုတ်) (၁၅ :၁၅ : ၁၅) ဓာတ်မြေဩဇာကို ပထမအကြိမ် စက်တင်ဘာလ အသီးခူး ကိုင်းဖြတ်ပြီးချိန်တွင် (၀.၈)ကီလိုဂရမ် နှုန်း၊ ဒုတိယအကြိမ်အဖြစ် ပန်းပိုမိုပွင့်စေရန် ဒီဇင်ဘာလတွင် (၀.၅) ကီလိုဂရမ်နှုန်း၊ တတိယအကြိမ် အဖြစ် အသီးသံပုရာသီးအရွယ်အဆင့် မတ်လတွင် (၀.၈)ကီလိုဂရမ်နှုန်း တစ်ပင်စီအတွက် ထည့်ပေးရ ပါမည်။
✔️ပန်းပွင့်၊အဖူး ဖြစ်ပေါ်မှုကိုအားပေးသည့် (၁၅ : ၂၀ : ၁၅) အချိုးဓာတ်မြေဩဇာကို နိုဝင်ဘာလတွင်တစ်ပင်လျှင် (၀.၈)ကီလိုဂရမ် နှုန်းထည့်ပေးရပါမည်။ အသီးအရည်အသွေးကောင်းစေရန် အသီးမဆွတ်ခူးမီတစ်လ အလိုတွင် ပိုတက်စီယမ်မြေဩဇာကို (၀.၈)ကီလိုဂရမ်နှုန်း တစ်ပင်စီအတွက် ထည့်ပေးရပါမည်။
✔️ထို့ပြင် ကျွဲကောသီး အသီးဆွတ်ခူးပြီး ကိုင်းဖြတ်ပြီးချိန် အောက်တိုဘာလတွင် သစ်ရွက်ဆွေး နှင့် နွားချေးဆွေး (သို့) ကြက်ချေးဆွေးရောစပ်၍ တစ်ပင်လျှင်(၁-၁.၅)တင်းနှုန်းထည့်ပေးပါ။ သဘာဝ မြေဆွေးထည့်ချိန်တွင် မြေချဉ်ငံကိန်းကိုသမစေရန် တစ်ပင်လျှင် မဖောက်ထုံး(၃)ပေါင်နှုန်း၊ ဂျစ်ပဆမ် ကျောက်မှုန့် (၁-၂)ပြည်နှုန်းရောသမပြီးထည့်ပေးရန်လိုအပ်ပါသည်။ မိုးရာသီမဟုတ်လျှင်ဓာတ်မြေဩဇာ ကျွေးပြီးတိုင်းရေသွင်းပေးရပါမည်။ ထုံးကိုလွန်ကဲစွာအသုံးပြုပါက မဂ္ဂနိစ်ဓာတ်ချို့တဲ့တတ်သဖြင့် ချိန်ဆ၍သာအသုံးပြုသင့်ပါသည်။
✔️ရေပေးသွင်းရာတွင် မိုးပြတ်ပါကရေပေးသွင်းရပါမည်။ ပန်းပွင့်ကြွေကျခြင်းကိုကာကွယ်ရန် ပန်းမပွင့်မီ၊ ပန်းစပွင့်ချိန်တို့တွင် ရေကိုသုံးရက်ခြားတစ်ကြိမ်သာပေးသွင်းရန်လိုအပ်ပါသည်။ အသီးသံပုရာသီးအရွယ် အဆင့်တွင်ရေပေးသွင်းသည့်အကြိမ်ကိုလျှော့ချနိုင်ပါသည်။၎င်းအချိန် ရေများလျှင်အသီးကြွေတတ်ပါ သည်။ ပန်းပွင့်ချိန်မတိုင်မီရေများပါကလည်း ပန်းပွင့်အစား ရွက်သစ်များသာထွက်လာတတ်ပါသည်။ ထိုကာလတွင် အပင်အနေအထားကိုကြည့်၍ရေဖြတ်ပေးနိုင်ပါသည်။
✔️အပင်ရေလိုအပ်ချိန်တွင်ရေလုံလောက်မှုမရှိပါက ပန်းပွင့်နှင့်အသီးကြွေကျခြင်း၊ အသီးဖွံ့ဖြိုးမှု ရပ်တန့်ခြင်း၊ အသီးအရည်အသွေးကျဆင်းခြင်း၊ အရသာချဉ်ခြင်း၊ ကြပ်ခြင်းများဖြစ်စေပါသည်။ အပင်ရေမလိုအပ်ချိန်တွင်ရေများနေပါက မြေတွင်းလေလျော့နည်းပြီး အမြစ်ပုပ်ရောဂါဖြစ်စေနိုင် ပါသည်။
Sources : Saya U Aung San (အောင်ဆန်း-စိုက်ပျိုးရေး)