menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“လီလီပန်း” စိုက်ပျိုးနည်း
🌱🌺🌱🌺🌱🌺🌱🌺🌱🌺🌱
🌺မြေအမျိုးအစား🌺
“လီလီပန်းပင်” သည် ရေစီးဆင်းမှုကောင်းမွန်သော pH (၅ - ၅.၆) အောက်ရှိသည့်မြေမျိုးတွင် ကောင်းစွာဖြစ်ထွန်းသည်။ စိုစွတ်မှုရှိရန်လိုအပ်သော်လည်း ရေဝပ်လို့မရပါ။ အရိပ်အနည်းငယ် လိုအပ်သည်။ စိုက်ပျိုးခြင်းအဆင့်ဆင့် မျိုးစေ့များနှင့် မျိုးဥများမှ စိုက်ပျိုးနိုင်သော်လည်း မျိုးဥများမှသာ အဓိကထား စိုက်ပျိုးကြသည်။
🌺စိုက်ပျိုးမည့်မျိုးဥရွေးချယ်ခြင်း နှင့် စိုက်ပျိုးခြင်း🌺
မျိုးဥများကို စိုက်ပျိုးရန်အတွက် ရွေးချယ်ရာတွင် မျိုးဥအရွယ်အစားသည် အချင်း အနည်းဆုံး ၃ လက်မ ရှိရန်လိုအပ်သည်။ တူးဖော်ပြီးမျိုးဥများကို ချက်ချင်းစိုက်ပါ။ မျိုးဥများတူးဖော်ပြီးပါက အပူချိန် (၁၀ - ၁၅) ဒီဂရီစင်တီဂရိတ်ရှိ၍ တိုက်ရိုက်နေရောင်ကျရောက်မှုမရှိသောနေရာတွင် ပလပ်စတစ်အိတ်ထဲထည့်ပြီး အိတ်အဝကိုဖွင့်၍ ထားပါ။ ပလပ်စတစ်အိတ်ဖွင့်ပြီး အပူချိန် (၀ - ၂) ဒီဂရီစင်တီဂရိတ်တွင် နှစ်ပတ် အချိန်ကာလအထိ သိုလှောင်နိုင်ပြီး (၂ - ၅) ဒီဂရီစင်တီဂရိတ်တွင် တစ်ပတ်သာသိုလှောင်နိုင်သည်။
တူးဖော်ထားသည်မှာကြာမြင့်သော၊ အပူချိန်အမြင့်မှာသိမ်းထားတဲ့မျိုးဥ၊ စနစ်တကျသိုလှောင်ထားမှု မရှိသော မျိုးဥများကို စိုက်ပျိုးခဲ့ပါက ပန်းပွင့်ရိုးတံတိုခြင်း နှင့် ပန်းပွင်အရေအတွက်နည်းခြင်းတို့ ဖြစ်စေမည်။ ဒီဇင်ဘာကဲ့သို့ အေးသောရာသီတွင် စိုက်ပျိုးပါက ၃ လက်မ အချင်းရှိသော မျိုးဥများကို စိုက်ပျိုးသင့်ပေမယ့် ဧပြီလကဲ့သို့ ပူသောရာသီမှာ စတင်စိုက်ပျိုးပါက အချင်း (၄ - ၅) လက်မရှိသော မျိုးဥများကို ရွေးချယ်စိုက်ပျိုးပါ။ စိုက်ပျိုးမည့် မျိုးဥများသည် ရောဂါကင်းလတ်ဆတ်ပြီး အမြစ်များ သန်မာရန် လိုအပ်သည်။ အပင်စိုက်ပျိုးမည့် စိုက်ဘောင်နှင့် စိုက်ကျင်းအနက်၊ အကွာအဝေးများကို စိုက်ပျိုးမည့်မျိုးဥ အရွယ်အစားပေါ်မူတည်ပြီးရွေးချယ်ပါ။
အမြစ်ကောင်းမွန်စွာကြီးထွားရန်အတွက် စိုက်ပျိုးမည့်မြေသည် ရောဂါကင်းရန်လိုအပ်သည်။ မှိုသတ်ဆေးတစ်မျိုးမျိုးကို စိုက်ဘောင်ပေါ်ဖြူး၍ အပေါ်ယံမြေဖြင့် ရောမွှေပါ။ မျိုးဥပုပ်ခြင်းနှင့် မြေဆောင်မှိုရောဂါ ကြိုတင်ကာကွယ်နိုင်မည်။ စိုက်ဘောင်များတွင် အပင်ချမစိုက်မှီ တစ်ဧကလျှင် ကောင်းစွာဆွေးမြေ့သော နွားချေး (၂) တန် နှုန်း ထည့်ပါ။ သတိပြုရန်မှာ မျိုးဥများ ချမစိုက်ခင် ပြင်ဆင်ထားသောစိုက်ဘောင်ကို(၆) နာရီ ကြိုတင်ရေလောင်းထားရန်ဖြစ်သည်။ မျိုးဥများ ချမစိုက်ခင် စိုက်မည့်မြေနေရာသည် အေးနေရန်လိုအပ်သည်။ မနက်ခင်း သို့ ညနေခင်းတွင် စိုက်သင့်သည်။ “လီလီပန်းပင်”သည် နေရောင်ကို ကြိုက်နှစ်သက်ပေမယ့် မျိုးဥများကတော့ အေးတဲ့ရာသီဥတုကို ကြိုက်သည်။ စိုက်ကျင်းအနက်ကို (၆) လက်မအထိ တူးရန်လိုအပ်သည်။ စိုက်ကျင်းနက်နက်တူးခြင်းဖြင့် မျိုးဥများကို အပူမှ ကာကွယ်ရုံသာမက ပန်းပင်၏ပင်စည်များကိုလည်း ပိုသန်မာစေပါသည်။ ပင်ကြား (၈)လက်မ အကွာထား၍ စိုက်ပျိုးပါ။
“လီလီပန်းပင်”၏ သဘာဝမှာ နေရောင်အပြည့်အဝရရှိဖို့လိုအပ်သည်။ တစ်ပတ်အတွင်း မိုးရေချိန် တစ်လက်မအောက်သာ ရရှိလျှင် ရေလောင်းရန်လိုအပ်သည်။ လီလီပန်းအပင်ကို မြေကြီးစိုရွှဲတဲ့အထိ (အပင်အောက် ၆လက်မအနက်ထိရေရောက်အောင်) ရေလောင်းခြင်းဖြင့် လီလီအပင်ကြီးထွားဖို့အတွက် အားပေးသည်။
🌺မြေဖုံးခြင်း🌺
စိုက်ပြီးပြီးချင်း နှပ်စာ (သို့) စပါးခွံ (သို့) ရိုးဖြတ် တခုခုဖြင့်စိုက်ဘောင်အားဖုံးအုပ်ပါ။ အပူများခြင်း၊ ခြောက်သွေ့ခြင်းတို့မှ ကာကွယ်နိုင်သည်။ စိုက်ပျိုးသည့်အခါ မျိုးဥများကို အမြစ်များထိခိုက်မှုမရှိစေရန် အလွန်ဖိသိပ်စိုက်ပျိုးခြင်းမပြုရ။ အပူချိန်မြင့်လွန်းပါက ပန်းမျိုးဥများပျက်စီးနိုင်ပါသည်။ သတိပြုရန်မှာ အပင်ခြေဖုံးရန်အသုံးပြုသောမြေတွင် ပက်ကျိများကင်းစင်ရန်လိုအပ်သည်။
🌺ပေါင်းနှိမ်နင်းခြင်း🌺
ပေါင်းသတ်ဆေးသုံးစွဲခြင်းသည် မျိုးဥကြီးထွားမှုကိုထိခိုက်နိုင်၍ မသုံးစွဲသင့်ပါ။ အညှောင့်ပေါက်ပြီး အပင်များကြားတွင် လက်ဖြင့်ကြားပေါင်းလိုက်ခြင်းကို အပင်စပေါက်လာချိန်တွင် ပြုလုပ်ပါ။
🌺မြေသြဇာထည့်သွင်းခြင်း🌺
အညှောင့်ပေါက် အမြစ်စတင်ထွက်သည့်အချိန် ၊ အပင်အမြစ်များစတင်ကြီးထွားလာချိန်တွင် မြေသြဇာ ထည့်ရန်မလိုအပ်ပါ။ စိုက်ပျိုးသည့်ရက်မှစ၍သုံးပတ်မြောက်၊ အမြစ်မြေတွင်စွဲသည့်အချိန်မှစ၍ ပိုတက်ရှ်များသော ဓါတ်မြေသြဇာ အရည်ကို ၂ ပတ်တစ်ကြိမ် ဖြန်းပေးပါ။
🌺အပင်ပြုစုခြင်း🌺
အပင်အမြင့် တစ်ပေခန့်ရောက်လျှင် ယိုင်လဲမှုမရှိအောင် ပင်စည်ကိုထိန်းချည်ပေးပါ။ ပန်းပွင့်သောရာသီ ရောက်တဲ့အခါ ပန်းဖြတ်တဲ့အချိန် ပန်းပင်စည်ရဲ့သုံးပုံတစ်ပုံကို ချန်ပြီးပန်းကိုဖြတ်ပါ။ ထပ်ထွက်လာမည့် ပန်းခိုင်များကို ဆက်လက်ကြီးထွားစေသည်။ မြေကြီးထဲရှိ အဖူးများကို အဟာရဓါတ်ရောက်ရှိပြီး နောင်နှစ်တွင်ပန်းပွင့်ရန်အတွက် အထောက်အကူဖြစ်စေသည်။ ပန်းပင်ခြေတွင် မြေကြီးမှ အမြင့်(၅) လက်မအထိ မြေဖုံးပေးခြင်းဖြင့် ပန်းဥများကိုပို၍ကြီးထွားစေသည်။ မိုးရွာပြီး ရေစီးဆင်းမှုညံ့သောနေရာများတွင် ယင်းကဲ့သို့ပိုပြီးဂရုစိုက်ပြုလုပ်ပေးရပါမည်။
Sources : ပန်းမာန်များစိုက်ပျိုးနည်း