menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“ဆလပ်စိုက်ပျိုးနည်း”
☘️☘️☘️☘️☘️☘️☘️☘️☘️☘️
မြန်မာအမည် - ဆလပ်
အင်္ဂလိပ်အမည် - LETTUCE
ရုက္ခဗေဒအမည် - Lactuca sativa
မျိုးရင်းအမည် - COMPOSITE
၁။ မူရင်းဒေသ
ဆလပ်၏ မူရင်းဒေသသည် အာရှမိုင်းနား၊ အီရန်နှင့် တူရကီနိုင်ငံတို့ဖြစ်သည်။
၂။ စိုက်ပျိုးသည့်ဒေသ
ကမ္ဘာအနှံ့အပြား စိုက်ပျိုးသည်။ အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံတို့သည် ဆလပ်ကို နှစ်ခြိုက်စွာ စားသုံးကြသည်။ မြန်မာနိုင်ငံတွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။
၃ ။ အမျိုးအစား
မြန်မာနိုင်ငံတွင် ဂေါ်ဖီထုပ်ကဲ့သို့ အထုပ်မျိုးနှင့် ရွက်ပြန့်မျိုးဟူ၍ နှစ်မျိုး စိုက်ပျိုးကြသည်။ အရွက်အရောင်အား ဖြင့် အစိမ်းရောင်နှင့် အနီရောင်ဟူ၍ နှစ်မျိုးရှိသည်။
၄ ။ မြေအမျိုးအစား နှင့် ရာသီဥတု
ဆလပ်ကို မြေအမျိုးမျိုးတွင်စိုက်ပျိုးနိုင်သည်။ အကောင်းဆုံးမှာ သဲနုန်း သို့မဟုတ် နုန်းမြေတွင် နွားချေးမြေဆွေး နိုင်နိုင်ချပေးခြင်းဖြစ်သည်။ ရေမဝပ်သော ခဲမြေတွင်လည်း စိုက်ပျိုးရန်သင့်တော်သည်။ စောစောထွက်လိုက သဲနုန်းမြေတွင် စိုက်ရမည်။ အချဉ်ဓာတ်များသောမြေတွင် ကောင်းစွာ မဖြစ်ထွန်း ချေ။ PH (၅-၆.၅) အတွင်းရှိ မြေများတွင် စိုက်ပျိုးသောအခါ မြေချဉ်ငန်ဓာတ် လျော့လာသည်နှင့် အထွက်တိုးလာသည်ကိုတွေ့ရမည်။ ဆလပ် စိုက်ပျိုးမည့် မြေသည် အစိုဓာတ်ကောင်းစွာထိန်းနိုင်ရန် အရေးကြီးသော်လည်း ရေမဝပ်စေရပါ။ တစ်လတွင် ပျှမ်းမျှ အပူချိန် (၁၂ - ၁၅) ဒီဂရီစင်တီဂရိတ် အတွင်းရှိသော ရာသီတွင် စိုက်ပျိုးရန် အကောင်းဆုံး ဖြစ်သည်။ ပူအိုက်သောရာသီတွင် စိုက်ပျိုးက ပွင့်တံအထွက်စောပြီး ပင်ပိုင်းကြီးထွားမှု အချိန်တိုတောင်း၍ အပင်ကိုငယ်စေသည်။ အရွက်၏ အရသာကိုလည်း ခါးသက်သက်ဖြစ်စေ၍ ရွက်ဖျားခြောက်ပြီး ပုပ်ခြင်းတို့ကို ဖြစ်စေတတ်သည်။ မြေအပူချိန် (၃၀) ဒီဂရီစင်တီဂရိတ် အထက်ရှိပါက ဆလပ်စေ့သည် အကောင်းဆုံး မပေါက်တော့ချေ။
၅။ ပျိုးထောင်ခြင်း
ဆလပ်ကို အချို့ကပျိုးထောင်စိုက်ပျိုးကြ၍ အချို့က တိုက်ရိုက်စိုက်ပျိုးကြသည်။ အထူးသဖြင့် ရွက်ပြန့်မျိုးကို တိုက်ရိုက်စိုက်ပျိုးကြသည်။ ရာသီပေါ်မူတည်၍ ကွာခြားသည်။ ဩဂုတ်၊ စက်တင်ဘာ လများတွင် တိုက်ရိုက်စိုက်နိုင်ပြီး အောက်တိုဘာ၊ နိုဝင်ဘာလသို့ ရောက်သောအခါ ပျိုးထောင်၍ စိုက်ပျိုးနိုင်သည်။ ဆလပ်ကို ပျိုးထောင်က အများအားဖြင့် ပျိုးဘောင်တွင် မျိုးစေ့ကို ညီညာအောင်ကြဲ၍ အပေါ်ယံ မြေဖြူးပေးပြီး ကောက်ရိုးပါးပါးနှင့် အုပ်ပေးပါ။ အပင်လေးများပေါက်လာပါက ကောက်ရိုးကို ဖယ်ရှားပေးရမည်။ အစိုဓာတ်မပြတ်စေရန် နေ့စဉ် ရေမှန်မှန်လောင်းပေးပြီး စိုက်ခင်းတွင်ပြောင်း၍ စိုက်ချိန်၌ ရာသီဒဏ်ခံနိုင်၍ ပျိုးပင်ကလေးများကို တစ်ပတ်အလိုတွင် မကြာခဏရေဖြတ်ပေးရမည်။
၆။ မျိုးစေ့နှုန်းထား
တစ်ဧကမျိုးစေ့ (၁၀၀-၁၅၀) ဂရမ်လိုအပ်မည်။
မြေဩဇာနှုန်းထားမှာ တစ်ဧကအတွက် .....
နွားချေး - ၁၀-၁၅ တန်
ယူရီးယား - ၂၂၄ ပေါင်
တီစူပါ - ၁၁၂ ပေါင်
စိုက်ချိန်တွင် ယူရီးယား (၂၂၄) ပေါင်ကို ထည့်ပေးပါ။
၇။ မြေပြုပြင်ခြင်း
ဆလပ်မျိုးစေ့သည် သေးငယ်သောကြောင့် သမန်းမညက်တညက်ကို တိုက်ရိုက်စိုက်ပျိုးသောအခါ မြေစာခဲများအကြားတွင် အစေ့များကျ၍ ပိနေလျှင် အပင်မပေါက်နိုင်ပါ။ တန်းဆွဲမျိုးစေ့ချရာ၌လည်း ခက်ခဲသည်။ ထို့ကြောင့် မြေကိုထွန်ရေးညက်အောင်ထွန်ရမည်။ သို့မှသာ အစိုဓာတ်လည်းကောင်းမွန်စွာ ထိန်းထားနိုင်မည်။ ရေသွင်းစိုက်ပျိုးလျှင် ဘောင်နိမ့်များ အရှည်လိုက်ပြုလုပ်ပြီး ဘောင်တစ်ခုနှင့် တစ်ခုကြားတွင် ရေသွင်းမြောင်းအဖြစ် ပြုလုပ်ရမည်။ ဘောင်၏ အကျယ်မှာ (၁၈ မှ ၂၀) လက္မခန့်ရှိ ဘောင်တစ်ခုလျှင် (၂) တန်းစိုက်ပျိုးပါသည်။ မိုးတွင်းစိုက်က ရေမဝပ်စေရန် ၎င်းထက်မြင့်သော ဘောင်ပြုလုပ်ပေးရမည်။
၈။ စိုက်ပျိုးခြင်း
ညီညာသောဘောင်များပြုလုပ်ပြီးသောအခါ ဘောင်တစ်ခုတွင် (၁၆ - ၁၈) လက်မခြားပြီး စိုက်တန်းကို လက်ချောင်းဖြင့် အလျားလိုက် ခပ်တိမ်တိမ်ဆွဲပေးပါ။ ၎င်းစိုက်ကြောင်းထဲသို့ မျိုးစေ့ကို ပါးပါးချပြီး မြေဖို့၍ လက်ဖြင့်အသာအယာ ဖိပေးပါ။ အပင်ကလေးများ ပေါက်လာသောအခါ တစ်ပင်နှင့်တစ်ပင် (၁) လက္မခန့်ခွာ၍ ညှပ်နေသော အပင်ကလေးများကို နှုတ်ပစ်ရပါမည်။ ထို့နောက် (၁၀) ရက်ခန့် ကြာသောအခါ ဆက်လက်၍ အပင်များ ကြပ်လာသောအခါတိုင်း တစ်ပင်ခြားစီ နှုတ်ပေးခြင်းဖြင့် ရရှိလာသော အပင်များကို ရောင်းချနိုင်သည်။ပျိုးထောင်၍ စိုက်ပျိုးပါက ပျိုးသက် (၆ - ၈) ပတ်သားကို စိုက်သော ဘောင်ပေါ်သို့တင်၍ စိုက်သည်။ တစ်ပင်နှင့် တစ်ပင် (၁) ပေ နှင့် (၁.၅) ပေခြား၍ ညနေပိုင်း နေအေးချိန်တွင် စိုက်ပျိုးသည်။
၉။ အပင်ပြုစုခြင်း
ဆလပ်စိုက်ပျိုးရာ၌ ပေါင်းနိုင်ရန် အရေးကြီးသည်။ ဆလပ်ပင်သည် အထနှေးသောကြောင့် ပေါင်မြက်တို့နှင့် မယှဉ်ပြိုင်နိုင်ပေ။ အမြစ်သည် မြေအပေါ်ယံ၌သာ ရှိသောကြောင့် ပေါင်းလိုက်ရာ၌ အမြစ်မထိခိုက်စေရန် အရေးကြီးသည်။ စိုက်ပြီး (၁) လ အကြာတွင် ဒုတိယအကြိမ် နိုက်ထရိုဂျင် ဓာတ်မြေဩဇာထည့်ပေးရမည်။
၁၀။ ရေသွင်းခြင်း
ဆလပ်ပင်သည် အစိုဓါတ်ကို နှစ်သက်သဖြင့် ရေကို ဖောဖောသီသီလောင်းပေးရန်လိုသည်။ ရေသွင်းစိုက်ပျိုးရာ၌ ရေဝပ်အောင် များစွာမသွင်းရပါ။ အစိုဓါတ်များနေလျှင် အမြစ်ပုပ်တတ်သည်။
၁၁။ ရိတ်သိမ်းခြင်း
ဆလပ်အထုပ်မျိုးကို ရောင်းချရန်အတွက် စိုက်ပျိုးပါက အထုပ်အရွယ်ရောက်ပြီး တင်းလာသော အချိန်တွင် ဆွတ်ခူးနိုင်သည်။ အကယ်၍ အိမ်သုံးအတွက်စိုက်ပျိုးပါက စတင်ထုတ်သည့်အချိန်မှစ၍ ဆွတ်ခူးနိုင်သည်။ သို့မဟုတ် မထုပ်မီ အရွက်များကို ခူးစားနိုင်သည်။ ရွက်ပြန့်မျိုးကို ရိတ်သိမ်းရာ၌ အပင်မှုန်းချိန်တွင် စတင်ဆွတ်ခူးသည်။ အပင်သက်တမ်းတစ်ဝက်ရောက်က စတင်ရောင်းချနိုင်ပြီဖြစ်၍ အပင်မှုန်းရာ၍ အကြီးဆုံး အပင်များကိုသာ ရွေးချယ်၍ရောင်းချရမည်။ ဆလပ်များ လှိုင်လှိုင်မပေါ်မီ ဈေးကောင်းရစေနိုင်ပါသည်။ ဆလပ်ပေါ်တွင် မိုးရေများ၊ နှင်းများရှိနေလျှင် ဆွတ်ခူးရန် မသင့်သေးပေ။ ဆလပ်ရွက်များ ရေစိုနေပါက ကြွတ်ကြွတ်ဆတ်ဆတ်ဖြစ်ခြင်းကြောင့် ကိုင်တွယ်ရာ၌ ကျိုးပဲ့လွယ်သည်။ ဆလပ်ပင်၏ အောက်ပိုင်း အရွက်များရောဂါကျနေက ဖယ်ရှားပစ်ရန်လိုသည်။ သို့မဟုတ်ပါကအခြားအပင်များသို့ ရောဂါပြန့်ပွား တတ်သည်။
Sources : စိုက်ပျိုးရေးဦးစီးဌာန