menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
လယ်မြေတွင် နီမတုတ် နှင့် နီတို ခွဲခြားခြင်း
🌾🎋🌾🎋🌾🎋🌾🎋🌾🎋🌾
⏩စပါးခင်းများတွင် ရေဝပ်မှုကြာမြင့်လာပါက မြေဆီလွှာရှိ သံဓာတ်ပျော်ဝင်မှု များလာကာ စပါးပင်မှ သံဓာတ်စုပ်ယူမှု များပြားလာသောကြောင့် အရွက်များ အနီရောင်သမ်းလာပြီး အပင်ပါပုသွားကာ တောင်သူအခေါ် “နီတို” ဖြစ်လာပါသည်။
⏩စပါး“နီတို”ဖြစ်ပေါ်မှုသည် အချဉ်ဓာတ်များသောမြေ၊ ပိုတက်စီယမ်၊ ထုံးဓာတ်နှင့် မဂ္ဂနီစီယမ် ချို့တဲ့သောမြေများတွင် ဖြစ်တတ်ပါသည်။
⏩အထက်ဖေါ်ပြပါ ပင်ပြလက္ခဏာသည် “နီမတုတ်”ကြောင့်ဖြစ်သော ပုံစံနှင့် အလွန်တူပါသည်။
⏩ကွာခြားသည်မှာ “နီတို”သည် ရေဝပ်မြေများတွင် ဖြစ်တတ်ပြီး “နီမတုတ်”သည် ရေနည်းသော အကွက်များတွင် ဖြစ်တတ်ပါသည်။
⏩နီမတုတ်ဖုများကို နီတိုဖြစ်သော စပါးပင်၏အမြစ်များတွင် မတွေ့ရပါ။
⏩“နီမတုတ်”ကြောင့် စပါးမြစ်ဖုရောဂါ၊ ရွက်ဖျားဖြူရောဂါ၊ ယူဖရာရောဂါ တို့ဖြစ်ပေါ်စေနိုင်ပါသည်။
⏩ရေဝပ်မြေမှ ရေထုတ်၍ ရက်အတန်ကြာထားခြင်းဖြင့် နီတိုပြဿနာဖြေရှင်းနိုင်ပါသည်။
⏩ရေထုတ်ရခက်ပါက ပိုတက်စီယမ်မြေသြဇာ ကြဲပက်ထည့်ပေးခြင်းဖြင့် နီတိုကင်းရှင်းအောင် ဆောင်ရွက်နိုင်ပါသည်။
⏩“နီမတုတ်” ကျရောက်ပါက “ဒီပါ (သို့) ဖစ်ပရို” ဆေးခဲတစ်မျိုးမျိုး ကြဲပက်သုံးစွဲပေးရပါမည်။
Sources : Saya U Than Win Agri၏
ဆရာဦးကျော်စိုး(မြေဆီလွှာပညာရှင်)၏ ပို့စ်ကို ကူးယူမျှဝေပါသည်။