menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မြေဆီလွှာချဉ်ရခြင်း အကြောင်းရင်းများနှင့် မြေပြုပြင်ခြင်
🔸 မြန်မာနိုင်ငံအောက်ပိုင်းဒေသများရှိ လယ်မြေများတွင်မြေချဉ်ခြင်း ဖြစ်လေ့ဖြစ်ထရှိပါသည်။ ထိုသို့မြေချဉ်စေသော အကြောင်းများတွင် နိုက်ထရိုဂျင်မြေဩဇာကိုအလွန်အကျွံအသုံးပြုခြင်း၊ အပင်အမြစ်မှစိမ့်ထွက်သောဟိုက်ဒရိုဂျင်အိုင်းယွန်းများကြောင့်ဖြစ်ခြင်း၊ မြေဆီလွှာအတွင်းတွင်ရှိသော အလူမီနီယမ်များ ရေတွင်ပျော်ဝင်ပြီး ထွက်လာသောဟိုက်ဒရိုအိုင်းယွန်းများကြောင့်မြေချဉ်ခြင်း၊ မှိုသတ်ဆေးကဲ့သို့အချို့စိုက်ပျိုးရေးဆေးများတွင် ပါဝင်သောဆာလ်ဖာဓာတ်ကြောင့် မြေချဉ်ခြင်း တို့ဖြစ်ပေါ်စေပါသည်။ ထို့ပြင်လေထုထဲရှိ အက်ဆစ်ဖြစ်စေသောဓာတ်ငွေ့များ မိုးရေတွင်ပျော်ဝင်၍ မိုးရေနှင့်အတူ မြေပြင်ပေါ်သို့ရောက်ရှိပြီး မြေဆီလွှာအတွင်းရှိထုံးနှင့်အယ်လ်ကာလီများ စိမ့်ယိုပျောက်ဆုံးစေသည့်အတွက် မြေချဉ်ခြင်းကိုဖြစ်စေသည်။
🔸လယ်ယာမြေသည်မြေချဉ်နေပါက သီးနှံပင်အာဟာရဓာတ်များ မျှတစွာမစားသုံးနိုင်သည့်အတွက် အပင်ကြီးထွားဖွံ့ဖြိုးမှုယုတ်လျော့စေပါသည်။ မြေချဉ်နေသည့်အတွက်အချို့ဓာတ်များကလည်းသီးနှံပင်ကို အဆိပ်သင့်စေပါသည်။ အလျူမီနီယမ် အဆိပ်သင့်ခြင်း၊ မဂ္ဂနီးစ်အဆိပ်သင့်ခြင်း ၊ကယ်လ်ဆီယမ်ချို့တဲ့ခြင်း၊ မဂ္ဂနီဆီယမ်ချို့တဲ့ခြင်း ၊ မော်လစ်ဒီနမ်ချို့တဲ့ခြင်းများဖြစ်ပေါ်စေပါသည်။
🔸မြေချဉ်နေခြင်းကိုပြုပြင်ရန် ထုံးကိုအသုံးပြုခြင်းသည်အလွယ်ကူ အရိုးရှင်းဆုံးနည်းလမ်းဖြစ်ပါသည်။အသုံးပြုနိုင်သည့်ထုံးအမျိုးမျိုးမှာ ထုံးကျောက်၊ မဖောက်ထုံး၊ ဖောက်ထုံး၊ ဒိုလိုမိုက် တို့ဖြစ်သည်။ ထုံးကိုအသုံးပြုရာတွင် တစ်ဧက အတွက်ထုံးပိဿာ ၆၃၀ ကိုသုံးနှစ်ဆက်တိုက် တစ်နှစ်တစ်ကြိမ်ထည့်ပေးရန် ဖြစ်သည်။ ထုံးထည့်ရာတွင်သီးနှံကို မထိခိုက်စေရန် သီးနှံမစိုက်မီ (၁-၆)လ ကြိုတင်ထည့်ပေးထားလျှင် စိတ်အချရဆုံးဖြစ်သည်။
🔸မြေချဉ်နေသည့်မြေကို မြေဆီလွှာအတွင်းထုံးထည့်ပေးပါက မြေတွင်းရှိအာဟာရဓာတ်များကို အပင်မှစားသုံးနိုင်သည့်အနေအထားရောက်အောင်ဖန်တီးပေးပါသည်။ ထုံးသည်မြေဆီလွှာအတွင်း ထိန်းချုပ်ခံ နေရသည့် ဖော့စ်ဖိတ်ဓာတ်ကို အပင်မှစားသုံးနိုင်သည့်အခြေအနေဖြစ်အောင်ဆွဲထုတ်ပေးပါသည်။ ထုံးထည့်ပေး ခြင်းဖြင့် မြေဆီလွှာအတွက်မရှိမဖြစ်လိုအပ်သည့်ထုံးဓာတ်ကိုထောက်ပံ့ပေးသည်။ မြေဆီလွှာအတွင်းရှိ ထုံးဓာတ်သည် အပင်များက ပိုတက်စီယမ်ဓာတ်ကိုကောင်းစွာစုပ်ယူနိုင်အောင် ကူညီ ပေးပါသည်။
🔸ထုံးဓာတ်မှာမြေဆီလွှာအတွင်းရှိအော်ဂဲနစ်ပစ္စည်းများကို လျှင်မြန်စွာဆွေးမြေ့စေပြီး အပင်များက မြန်မြန်စားသုံးနိုင်ပါသည်။ ဒိုလိုမိုက်ကဲ့သို့ထုံးကိုအသုံးပြူပါက အပင်များလိုအပ်သည့်မဂ္ဂနီဆီယမ်ကိုပါ ဖြည့်ဆည်းပေးပါသည်။
🔸ထုံးထည့်ပေးခြင်းဖြင့်မြေဆီလွှာအတွင်းရှိ အကျိုးပြုဘက်တီးရီးယားများ နိုးကြားလာပြီး မြေဆီလွှာကို မြေရှင်ဖြစ်အောင်ဆောင်ရွက်ပေးပါသည်။ မြေဆီလွှာအတွင်းထုံးဓာတ်ရှိနေပါက မြေဆီလွှာအတွင်းရှိ အလျူမီနီယမ်၊ မဂ္ဂနီဆီယမ်အိုင်းယွန်းများ သည်ရေတွင်မပျော်ဝင်နိုင်သဖြင့် အဆိပ်သင့်မှု မဖြစ်စေနိုင်ပါ။ ထုံးထည့်ခြင်းဖြင့်မြေဆီလွှာရုပ်ဂုဏ်သတ္တိကိုတိုးတက်စေပါသည်။ ဓာတ်သတ္တုအဆိပ်သင့်မှုများကို လျော့နည်း စေပါသည်။နိုက်ထရိုဂျင်ဓာတ်ဆုံးပါးမှုကိုလည်းလျော့နည်းစေနိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
Source- စိုက်ပျိုးရေးရာ အကြံပြုချက်များ။
မြန်မာတောင်သူကြီးများဂျာနယ်။