menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“မေမြို့ပန်း” စနစ်တကျ စိုက်ပျိုးနည်း
🌿🌺🌿🌺🌿🌺🌿🌺🌿🌺🌿
“မေမြို့ပန်း”ဟုခေါ်သော Aster ပန်းသည် အခိုင်လိုက် အစုလိုက်ပွင့်သော ပန်းဖြစ်ပြီး အရောင်အားဖြင့် အဖြူ၊ အနီ၊ ပန်းရောင်၊ ဗေဒါရောင် တို့ရှိသည်။ အပင်အမြင့် (၁-၃) ပေရှိပြီး ဘေးသို့ (၂-၄) ပေ ကျယ်ပြန့်ကာ ထောင်မတ်ပြီးပေါက်သော အပင်ဖြစ်သည်။
၁။ မျိုး
မြန်မာနိုင်ငံတွင် Aster အဖြူ နှင့် Color မျိုးစေ့ပုလင်းများမှာယူ၍ စိုက်ပျိုးကြပါသည်။ ရိုးစိမ်းအဖြူ ၊ ကျောက်နီ၊ ချင်းမိုင် စသည်ဖြင့် အပွင့်အရောင်၊ ပန်းပွင့်ပုံကို မူတည်၍ မြန်မာအခေါ်များရှိသည်။ အပင်အမြင့် ၈ လက်မ ရှိသော အပင်ပုမျိုး၊ အပင်အမြင့် ၁၆ လက်မ ရှိသော အပင်မျိုး၊ အပင်အမြင့် ၂၇လက်မ ရှိသော အပင်မျိုးဟူ၍ ရှိပါသည်။
၂။ ရာသီဥတု
နေရောင် အပြည့်အဝရရှိမှုကို ကြိုက်နှစ်သက်သော်လည်း မြင့်မားလွန်းသော အပူချိန်က ပန်းပွင့်ခြင်းကို နှောင့်နှေး ကြန့်ကြာစေပါသည်။ မိုးဆက်တိုက်ရွာသောအခါ၊ အေးလွန်းသောအခါများတွင် ပန်းပွင့်ခြင်းကိုလျော့ကျစေပါသည်။
၃။ မြေအမျိုးအစား
မည်သည့်မြေအမျိုးအစားတွင်မဆို ရှင်သန်ပေါက်ရောက်နိုင်သော်လည်း ခြောက်သွေ့ပြီးမြေဆီညံဖျင်း ပါက ပန်းအနည်းငယ်သာ ပွင့်ပါမည်။ ရေငတ်ဒဏ်ကို အနည်းငယ်ခံနိုင်ရည်ရှိသည်။ ပန်းပွင့်ခြင်း အထွက်ကောင်းစေရန် အရည်အသွေး အရောင်ကောင်းမွန်သော ပန်းများရရှိရန် မြေ၏ချဉ်ငံဓာတ် (၅.၅ - ၇) ရှိရန်လိုအပ်ပါသည်။ ရေစီးဆင်းမှုကောင်းမွန်သော သဘာဝမြေဩဇာများ ကြွယ်ဝသော မြေများဖြစ်ရန်လိုအပ်ပြီး ရေမဝပ်ရပါ။ ခြောက်သွေ့သောရာသီတွင် ပုံမှန်ရေလောင်ပေးရန် လိုအပ်ပါသည်။
၄။ ပျိုးထောင်ခြင်း
မျိုးစေ့များမှ ပျိုးထောင်စိုက်ပျိုးခြင်းကို ပြုလုပ်ကြပါသည်။ မျိုးစေ့ (သို့) ကိုင်းများမှ ပျိုးထောင် စိုက်ပျိုးနိုင်သည်။ ကိုင်းဖြတ်ခြင်းကို အောက်တိုဘာလ ပန်းပွင့်ပြီးသောအချိန်တွင် ပြုလုပ်နိုင်သည်။ များသောအားဖြင့် ပန်းမျိုးစေ့များမှပျိုးထောင်စိုက်ပျိုးပါသည်။ ပျိုးဗန်းနှင့် ပျိုးထောင်လျှင် ၁၅ ရက်ခန့်၊ စိုက်ကွင်းအတွင်း စိုက်ဘောင်ပြုလုပ်ပျိုးထောင်လျှင်(၂၀-၃၀) ရက်ကြာသည်။ အပူချိန် (၁၈-၂၁) ဒီဂရီစင်တီဂရိတ်တွင် ပန်းမျိုးစေ့ညှောင့်ပေါက်မှု အကောင်းဆုံးဖြစ်သည်။ ပျိုးဘောင်အမြင့်များပြုလုပ်၍ မျိုးစေ့များကို ပျိုးထောင်ရမည်ဖြစ်ပြီး ပျိုးဘောင်များကို ရေမှန်မှန် လောင်းပေးရမည်။ ပျိုးထောင်ပြီး ပျိုးသက် (၇-၈) ပတ် ရှိသော ပျိုးပင်များကို စိုက်ဘောင်များသို့ ပြောင်းရွေ့စိုက်ပျိုးရမည်။
၅။ စိုက်ပျိုးခြင်း
စိုက်ပျိုးမည့်မြေနေရာကို ထယ်နှစ်စပ်ထိုး၍ စိုက်ဘောင်အကျယ်အဝန်းအမြင့် ၃ ပေ ရှိသော ပေ ၂၀ စိုက်ဘောင်များပြုလုပ်ရမည်ဖြစ်ပါသည်။ တစ်ဧကလျှင် စိုက်ဘောင် ၄၈၀ ရရှိမည်ဖြစ်ပါသည်။ စိုက်ဘောင်များတွင်ကောင်းစွာဆွေးမြေ့သောမြေဆွေးများ ထည့်သွင်းရာတွင် နွားချေးဆွေး စိုက်ဘောင် တစ်ခုလျှင် ၃ ပြည် ထည့်သွင်းရမည်။ မြေခံအဖြစ် တီစူပါ နှင့် ပိုတက်ရှ်များသော မြေဩဇာကို ထည့်ပေးပါ။ တစ်ဧကလျှင်မြေခံအဖြစ် ယူရီးယား (၁၄၄ ပိဿာ)၊ တီစူပါ (၂၈၈ ပိဿာ) နှင့် ပိုတက်ရှ် (၁၈၆ ပိဿာ) တို့ထည့်သွင်းရမည် ဖြစ်ပါသည်။
စိုက်ပြီး ၁ လသားအတွင်း အဖူးမဝင်ခင် ယူရီးယား (တစ်ဧက ၁၄၄ ပိဿာ) ထည့်ပေးရန် လိုအပ်ပါသည်။ ပျိုးပင်များအား ပင်ကြားတန်းကြား (၁၈x၂၄) လက်မ အကွာ (မိမိ စိုက်ပျိုးမည့်မျိုးမှ ပန်းပွင့်မည့် အနေအထားပေါ်မူတည်၍ ) စိုက်ပျိုးရပါမည်။
၆။ အပင်ပြုစုခြင်း
မိမိစိုက်ပျိုးသည့်မျိုး၏ ပန်းပွင့်အနေအထားပေါ်မူတည်၍ ခေါင်နှိမ်ပေးရမည်ဖြစ်ပါသည်။ ခေါင်နှိမ်ခြင်း ဖြင့် ပန်းပွင့်များရရှိမည့် ဘေးကိုင်းဖြာမှုကိုဖြစ်စေပါမည်။ နေရောင်ခြည်အပြည့်အဝရရှိပြီး ပင်ကြား တန်းကြား လေဝင်လေထွက်ကောင်းရန် ဖန်တီးပေးရန်လိုအပ်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် (Powndery Mildew) မှိုရောဂါကို မဖြစ်ရန်အတွက် ကာကွယ်ပြီးဖြစ်ပါသည်။ P နှင့် K များသော မြေဩဇာကို အပင်ကြီးထွားချိန်ကာလတွင် နှစ်ကြိမ်ထည့်ပေးရန်လိုအပ်ပါသည်။ ပြောင်းရွေ့စိုက်ပျိုးပြီးသည်မှ(၃၀) ရက်သား ၊ စိုက်ဘောင်များပေါင်းရှင်းချိန် နှင့် အပင် အဖူးမဝင်မီ (၄၅) ရက်သားတို့တွင်တစ်ကြိမ်စီ စိုက်ဘောင်တစ်ခုလျှင် နို့ဆီဘူး (၃) ဗူးနှုန်း ထည့်သွင်းနိုင်ပါသည်။ သဘာဝမြေဩဇာ၊ နွားချေး၊ ကြက်ချေး အလွယ်တကူ ဝယ်ယူရရှိသည့် စိုက်ပျိုးသူများအနေဖြင့် နွားချေး ကြက်ချေများကို ရေဖျော်ပြီးလောင်းနိုင်ပါသည်။ နွားချေးတစ်ပြည် ရေ (၂) ဂါလံနှုန်း ဖျော်လောင်းခြင်း ကို နှစ်ပတ်တစ်ကြိမ်ထည့်သွင်းနိုင်ပါသည်။ ပေါင်းမြက်ရှင်းလင်းခြင်းကိုလည်း လုပ်ဆောင်ပေးရမည် ဖြစ်ပါသည်။ စိုက်ပြီး တစ်လသားမှစ၍ နှစ်ပတ်တစ်ကြိမ် လက်ပေါင်းလိုက်ခြင်းပြုလုပ်ပေးရန် လိုအပ်ပါသည်။ လက်ပေါင်းလိုက်ခြင်းဖြင့် အပင်များ လေဝင်လေထွက်ကောင်းစေပြီး အပင်ကြီးထွားမှု ပိုပြီးမြန်စေပါသည်။ လက်ပေါင်း လိုက်ခြင်းသည် စီးပွားရေးတွက်ချေမကိုက် ကုန်ကျစရိတ်များသဖြင့် ရွေးချယ်ပေါင်းသတ်ဆေးများကို သုံးစွဲနိုင်သော်လည်း လက်ပေါင်းလိုက်မြေဆွခြင်းသည်အပင်ကြီးထွားမှု မြန်စေရန်အကောင်းဆုံးဖြစ်သည်။ အပင်ဖြစ်ရန် လွယ်ကူသော်လည်း ပန်းပွင့်ရန်အတွက် ဂရုတစိုက်စောင့်ရှောက်ရသော ပန်းပင်ဖြစ်သည်။ အစိုဓာတ်သည် ပန်းပွင့်ခြင်းကို လွှမ်းမိုးသည်။ ရေလောင်းများခြင်းသည် အပင်ကိုသေစေနိုင်သလို ပန်းများပွင့်နှုန်းကောင်း၍ အထွက်တိုးစေသဖြင့် ရေလောင်းခြင်းကို ဂရုတစိုက် ပြုလုပ်ကြရန် လိုအပ်ပါသည်။ စိုထိုင်းဆများလွန်းခြင်းနှင့် နည်းလွန်းခြင်း ကွာခြားချက်များပါက အပင်အောက် ရွက်ကြွေခြင်း (သို့) ပန်းကောင်းစွာ မပွင့်ခြင်းကို ဖြစ်စေပါသည်။ စိုထိုင်းဆကွာခြားချက် မများစေရန် ခြောက်သွေ့သောအခါ ရေကို ဂရုတစိုက်လောင်းရန်လိုအပ်ပါသည်။ အပင်ခြေတွင် သစ်ရွက်ဆွေးများ မြေဆွေးများ ၂ လက်မ အထူခန့် ပင်ခြေဖုံးပေးခြင်းဖြင့် မြေကြီး အစိုဓာတ်ကိုထိန်းနိုင်သကဲ့သို့ ပေါင်းမြက်ရှင်းလင်းရခြင်းကိုသက်သာစေပါသည်။ ပင်ခြေဖုံးထားသော ဘောင်များတွင် အပွင့်အရောင်ကောင်းမွန်စေမည့် ရွက်ဖြန်းမြေဩဇာကို တစ်လနှစ်ကြိမ် ထည့်သွင်း သုံးစွဲခြင်း ပြုသင့်ပါသည်။ မြေဆွေးပင်ခြေဖုံးထားခြင်းဖြင့် မြေဩဇာများထည့်ရန် မလိုသကဲ့သို့ ပိုးများကိုလည်းထိန်းချုပ်ထားပြီးသားဖြစ်ပါသည်။
၇။ ပိုးမွှား ရောဂါ ကာကွယ်နှိမ်နင်းခြင်း
ပျ များ အရွက်အောက် မျက်နှာပြင်နှင့် အပွင့်ရိုးတံများတွင် ကျရောက်တတ်သည်။ ကျိုင်းကောင်များ အပင်ကို ကိုက်ဖြတ်စားသောက်တတ်သည်။ စုပ်စားပိုးများနှင့်ကျိုင်းကောင်များ ကာကွယ်ရန်မြေပြင်ချိန် တွင် ပင်လုံးပြန့်အာနိသင်ရှိသောပိုးသတ်ဆေး တစ်မျိုးမျိုးကို အညွှန်းပါအတိုင်း ထည့်သွင်းပေးခြင်းဖြင့် ပြောင်းရွေ့စိုက်ပြီး တစ်လအတွင်း ပိုးများမကျရောက်ရန် ကာကွယ်နိုင်ပါမည်။ အရွက်များတွင် ရွက်ပြောက်ရောဂါများ ကျရောက်တတ်ပြီး မိုးရွာသည့်အခါ ပိုမိုဆိုးရွားစွာ ကျရောက်သည်။ ဒေါင်းနီးမှိုရောဂါများ အပင်အောက်ခြေ အရွက်များတွင် ကျရောက်တတ်သော်လည်း အပင်အထွက် ထိခိုက်မှုမရှိပါ။ Powndery Mildew မှိုရောဂါမှာ အပင်၏ အအောက်ခြေပိုင်းတွင် ကျရောက်တတ်ပြီး အရွက်ပေါ်တွင် အဖြူရောင်အလွှာ ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေသည်ကို တွေ့ရပါမည်။ ဘက်တီးရီးယား ကြောင့် ဖြစ်ပေါ်သောရောဂါများကို မြေကြီးနှင့်နီးစပ်နေသောနေရာများတွင်တွေ့ရမည်။ အချင်းချင်းထိစပ်နေရာမှ ရောဂါရလွယ်သဖြင့် ရောဂါကျရောက်သောအပင်များကို ဖျက်ဆီးပစ်ရမည်။ မှိုကြောင့်ဖြစ်သော ရောဂါများကို ကာကွယ်ရန် Potassium, Phosphate နှင့် Sulphur ပါဝင်သော ရွက်ဖြန်းအားဆေးများကို ဖြန်းပေးခြင်းဖြင့် အပွင့်ပိုင်းအားပေးပြီး အပင်ကို ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိစေပါသည်။ ထို့ပြင် Sulphur မှ အပင်ကို မှိုရောဂါမှ ကာကွယ်ပေးပြီး အပင်အတွက် လိုအပ်သော ကန့်ဓာတ်ကို ရစေပါသည်။
၈။ ခူးဆွတ် ရိတ်သိမ်းခြင်း
မြန်မာနိုင်ငံတွင် မေမြို့ပန်းများကို အပင်လိုက် နှုတ်စည်း၍ ဈေးများတွင် ရောင်းချကြသည်။ အပင်ကြီးထွားမှုနှင့် အပွင့်အရောင်အသွေးပေါ် မူတည်ပြီး ဒေသအလိုက်ဈေးနှုန်း မတူကြပါ။ ဥပမာ အဖြူရောင်ပန်းများသည် အခြားအရောင်ပန်းများထက် ဈေးရရှိမှု လျော့နည်းပါသည်။ အပင်ငယ်များမှာ အပင်ကြီးများထက် ဈေးလျော့နည်းပါသည်။ တချို့ဒေသများတွင် အပင်အရေတွက် အရွယ်အစား အပင်လိုက်နှုတ်၍ရောင်းချသည်။ တချို့ဒေသ များတွင် အပင်လိုက်နှုတ်၍ လက်ဆုတ်စည်းများဖြင့် ရောင်းချကြပါသည်။ တစ်ဧက အထွက်နှုန်းမှာ မိမိစိုက်ပျိုးသော မျိုးအလိုက် ပင်ကြားတန်းကြားဖြင့် စိုက်ပျိုးသည့် အပင် အရေအတွက် ဝင်ဆန့်မှုပင် ဖြစ်ပါသည်။
Sources : ပန်းမာန်များစိုက်ပျိုးနည်း