menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“မြေပဲ ပင်စည်ပုပ်ရောဂါ” ကြိုတင်ကာကွယ်ပါ
🍂🥜🍂🥜🍂🥜🍂🥜🍂🥜🍂
"ပင်စည်ပုပ်ရောဂါ" (Stem Rot : Sclerotium rolfsii)
✔မြေပဲပင်စည်ပုပ်ရောဂါဟာ မှိုကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါဖြစ်စေတဲ့မှိုဟာ အပင်ရဲ့အစိတ်အပိုင်းအားလုံးကို ကျရောက်ပါတယ်။ သို့သော် ပင်စည်မှာ ကျရောက်မှုများပြီးတော့ သီးနှံဆုံးရှုံးပျက်စီးစေတာပါ။
✔အစောပိုင်း လက္ခဏာအနေနဲ့ကတော့ ပင်စည်အရင်းမှာဝါပြီး အကိုင်း၊ အခက်၊ အရွက်တွေ ခြောက်လာတာကို မြင်တွေ့ရပါမယ်။ အဲဒီနောက်မှာတော့ မြေပြင်နဲ့ကပ်လျက်ရှိတဲ့ ပင်စည်ပေါ်မှာ အဖြူရောင်မှိုတွေကို တွေ့မြင်ရပါတယ်။ အဲဒီ အဖြူရောင်မှိုတွေဟာနောက်ပိုင်းမှာ အညိုရောင်(သို့) အနက်ရောင်သို့ပြောင်းသွားပြီးတော့ရောဂါကျနေတဲ့ မြေပဲပင်စည်မျက်နှာပြင်ပေါ်မှာ မုံညင်းစေ့အရွယ်အလုံးလေးတွေ ဖြစ်လာတတ်ပါတယ်။
✔မှိုတွေတဖြည်းဖြည်းပွားလာပြီးတော့ ပင်စည်တစ်ပတ်ပြည့်သွားတဲ့အခါ အပင်တစ်ပင်လုံး သေနိုင်ပါတယ်။ အရွက်တွေကလည်း ညိုမဲပြီးတော့ ညှိုးနွမ်းသွားပါမယ်။ အဲဒီ ညိုမဲနေတဲ့အရွက်တွေဟာ ကြွေကျသွားခြင်းမရှိပါဘူး။ ရောဂါကျစမှာဆိုရင် ညှိုးနေတဲ့အရွက်တွေဟာ ညဘက်ဆို ပြန်လန်းလာ တတ်ပါတယ်။
✔ရောဂါဖြစ်စေတဲ့မှိုတွေဟာ သီးတောင့်ကိုပါ ပျံ့နှံ့နိုင်ပြီးတော့ သီးတောင့်တွေဝါလာတတ်ပါတယ်။ ရောဂါပြင်းထန်လာတဲ့အခါမှာတော့ သီးတောင့်မျက်နှာပြင်တစ်ခုလုံးမှာ အဖြူရောင်မှိုမျှင်တွေ ဖုံးလွှမ်းသွားပါမယ်။ နောက်ပိုင်းမှာ သီးတောင့်များပုပ်ခြင်း၊ အစေ့အဆံများပုပ်ခြင်းများ ဖြစ်လာနိုင်ပါတယ်။
✔ပင်စည်ပုပ်ရောဂါဟာ ဆိုးဆိုးရွားရွားဖျက်ဆီးတတ်တဲ့ရောဂါဖြစ်တဲ့အတွက် ကြိုတင်ကာကွယ်ဖို့ အထူးလိုအပ်ပါတယ်။ ကြိုတင်ကာကွယ်နည်းများအနေနဲ့ကတော့ .....
(၁) မျိုးကောင်းမျိုးသန့်ကိုအသုံးပြုပါ။
(၂) စိုက်ပျိုးချိန်တွင် မျိုးစေ့လူးနယ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်စိုက်ပျိုးပါ။
(၃) စိုက်ခင်းဝန်းကျင်ရှိ ရောဂါဖြစ်စေသောမှိုများ ခိုအောင်းနိုင်သော ပေါင်းပင်များကိုရှင်းလင်းပါ။
(၄) ပေါင်းရှင်းစဉ်မြေပဲပင်များကို ဒါဏ်ရမရအောင်ဂရုစိုက်ပါ။
(၅) ရောဂါရအပင်များကို ဖယ်ရှားဖျက်ဆီးပစ်ပါ။
(၆) ရောဂါကျရောက်ဖူးသောအခင်းတွင် မြေပဲစိုက်ပျိုးခြင်းကိုရှောင်ကျဉ်ပါ။
✔ကာကွယ်နှိမ်နင်းရန်မှာ .....
ရောဂါလက္ခဏာစတင်တွေ့ရှိသည်နှင့် ဝိစာရ၏ “ကာဗာ (သို့မဟုတ်) ထီး” မှိုသတ်ဆေးတစ်မျိုးမျိုးကို အသုံးပြု၍ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
🍂စစ်မှန် ပြည့်ဝ ဝိစာရ🍂