menu

မြေပဲအထွက်နှုန်းမြင့် အရည်အသွေးကောင်းဖို့ မြေခံမြေဩဇာသုံးကြပါစို့



🌿🥜🍃🌿🥜🍃🌿🥜🍃🌿🥜🍃

☑️  မြေပဲသီးနှံတွင် စတင်စိုက်ပျိုးချိန်မှရိတ်သိမ်းချိန်အထိ အဆင့်(၃)ဆင့်ခွဲခြားနိုင်ပြီး အာဟာရဓာတ် လိုအပ်မှုမှာ.....

(၁)အစောပိုင်းအပင်ကြီးထွားမှု့အဆင့် (မြေပဲစေ့အညှောင့်ပေါက်ချိန်မှပန်းဖူးများစတင်ချိန်) တွင် မြေပဲပင်အတွက်လိုအပ်သောအာဟာရများပြည့်ဝစွာရရှိရန်အတွက် ကိုက်ညီသောN: P: K အာဟာရ အချိုးကို မြေခံမှစ၍ထည့်ပေးရန်လိုအပ်သည်။

(၂)မျိုးပွားမှုအပင်အစိတ်အပိုင်းများဖွံ့ဖြိုးချိန်(မြေပဲပန်းစပွင့်ချိန်မှဝတ်မှုံကူးသန္ဓေအောင်ပြီးမြေပဲစွယ်/ ဥချချိန်) တွင်မြေပဲပင်အတွက်အဓိကလိုအပ်သောအာဟာရဓာတ်များမှာဖော့စဖိတ်(p)နှင့်ကယ်လ်စီယမ် (Ca)တို့ဖြစ်သည်။

(၃)မြေပဲဥဖွံ့ဖြိုးခြင်းနှင့် ရင့်မှည့်ချိန် (မြေပဲဥများသန္ဓေအောင်ပြီးအစေ့အဆံများစတင်ဖြစ်ပေါ်ချိန်မှ ရိတ်သိမ်းချိန်) တွင်မြေပဲပင်အတွက်အဓိကလိုအပ်သောအာဟာရဓာတ်များမှာ ပိုတက်ဆီယမ် (K)နှင့် ကယ်လ်စီယမ်(Ca)တို့ဖြစ်သည်။

☑️ မြေပဲသီးနှံသက်တမ်းတလျှောက် အာဟာရလိုအပ်ချက်များမှာ နိုက်ထရိုဂျင်(N)၊ ဆာလ်ဖာ(S) အသင့်အတင့်နှင့်ဖော့စဖိတ်(P) ပိုတက်ဆီယမ်(K) ကယ်လ်စီယမ်(Ca)တို့မြင့်မားစွာလိုအပ် သည်။

☑️ နိုက်ထရိုဂျင်(N)သည်မြေပဲပင်၏အစောပိုင်းအပင်ကြီးထွားမှု၊ကိုင်းခွများခြင်းများဖြစ်ပေါ်စေသည်။

☑️ ဖော့စဖိတ်(P)သည်အစောပိုင်းအမြစ်ဖွံ့ဖြိုးမှု့အတွက်မရှိမဖြစ်လိုအပ်သည်။သီးတောင့်ဖြစ်တည်မှုကိုအားပေးပြီးစောစောရင့်မှည့်စေသည်။

☑️ ပိုတက်ဆီယမ်(K)သည်မြေပဲအစေ့အဆံ၊ဆီထွက်နှုန်းတို့ကိုကောင်းမွန်စေသည်။ရာသီဥတုဒဏ်၊ရေငတ်ဒဏ်ခံနိုင်ပြီးကျန်းမာသန်စွမ်းသောမြေပဲပင်ကိုဖြစ်ပေါ်စေသည်။

☑️ မြေပဲပင်၏အာဟာရလိုအပ်မှု့တွင်ကယ်လ်စီယမ်(ထုံးဓာတ်)သည်အခြားသီးနှံများထက်ပိုမိုလို အပ်သည်။ မြေပဲတောင့်အတွင်း အစေ့အဆံပြည့်ဝရန်အဓိကကျသော ကယ်လစီယမ်ဓာတ် အတွက် ဂျစ်ပဆမ် ကျောက်မှုန့်ကိုထည့်သွင်းခြင်းဖြင့် ကယ်လစီယမ်လိုအပ်ချက်ကိုဖြည့်ဆည်း ပေးရုံသာမက စွယ်များအောင်မြင်ပြီး ၊ လေဥ အုခြင်း မှလည်းကာကွယ်ပေးနိုင်ပါသည်။

☑️ ဆာလ်ဖာ (ကန့်ဓာတ်) သည်မြေပဲပင်အစာချက်လုပ်မှုအားကောင်းစေ၍ အပင်ကြီးထွား ကြံ့ခိုင်ပြီး ပိုးမွှား၊ရောဂါဒဏ်ခံနိုင်ရည်ရှိစေပြီး သီးနှံအထွက်နှုန်း နှင့်အရည်အသွေးကို မြင့်မားစေပါသည်။

☑️ ထို့ကြောင့်မြေပဲတစ်ရာသီတွင် လိုအပ်သောအာဟာရဓာတ်များကို မှန်ကန်သောအချိုးအစားအတိုင်း ဖြည့်သွင်းပေးနိုင်ပါရန်မြေပြင်ချိန်တွင်မြေခံအဖြစ် “အာသီသ သီးနှံစုံသုံးမြေခံကွန်ပေါင်းဓာတ်မြေဩဇာ” (၅၀) ကီလို နှင့် “မော်နီတာဂျစ်ပ်ဆမ်” (၅၀)ကီလို ထည့်ပေးခြင်းဖြင့် မြေပဲအထွက်တိုး၍အစေ့အဆံ ပြည့်ဝပြီး အရည်အသွေးကောင်းမွန်စေပါမည်။

☑️ ဝိစာရ၏မြေပဲစိုက်တောင်သူကြီးများ အထွက်တိုး၍ သီးနှံဈေးကောင်းရရှိနိုင်ကြပါစေ။

♻️စစ်မှန် ပြည့်ဝ ဝိစာရ♻️