menu

မြေပဲစိုက်ပျိုးခြင်းဆိုင်ရာ သိမှတ်စရာများ


🌿🥜🌿🥜🌿🥜🌿🥜🌿🥜🌿

▶️မြေပဲသီးနှံသည် မြန်မာနိုင်ငံတွင်တောင်သူတို့ စိုက်ပျိုးမှုများသော ဆီထွက်သီးနှံတစ်မျိုးဖြစ်ပေရာ သိထားသင့်သည့်စိုက်ပျိုးနည်းဆိုင်ရာ ဗဟုသုတများကို တင်ပြအပ်ပါသည်။ 

▶️မြေပဲစိုက်ပျိုးရာတွင် မိမိစိုက်ပျိုးတဲ့ နည်းလမ်းအပေါ်မူတည်ပြီး မြေပဲမျိုးစေ့နှုန်းထား ကွဲပြားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ စိုက်ပျိုးဖို့ သင့်လျော်တယ်လို့ အကြံပြုတိုက်တွန်းထားတဲ့ မျိုးစေ့နှုန်းထားကတော့ အတန်းလိုက်စနစ်အတွက် မြေပဲမျိုးစေ့ ၁ တင်းခွဲ (မြေပဲတောင့် ၆ တင်း) နှုန်းဖြစ်ပါတယ်။

▶️မြန်မာ့တောင်သူဦးကြီးတို့အတွက် အကျိုးဖြစ်ထွန်းတဲ့ မြေပဲမျိုးများမှာ ရက် (၁၀၅- ၁၂၀) မျိုး ဆင်းပဒေသာ-၅၊ (၁၀၅-၁၁၅)ရက်မျိုး ဆင်းပဒေသာ-၆၊ ရက် (၉၀-၉၅) ရက်မျိုး ဆင်ပဒေသာ ၇ နှင့် (၉၅- ၁၀၅) ရက်မျိုး ဆင်းပဒေသာ-၁၁ တို့ ဖြစ်တဲ့အတွက် ဒီမျိုးများကို ဦးစားပေးရွေးချယ်သင့်ပါတယ်။

▶️လက်တွေ့ မြေပဲစိုက်ပျိုးရာမှာ ဦးကြီးတို့အတွက် အကျိုးပြုနိုင်မည့်နည်းလမ်းကောင်းများမှာ .....

☑️ မိုးရာသီအစမှာ စိုက်ပျိုးတဲ့ မိုးမြေပဲခေါ် မိုးကြိုမြေပဲများကို ဇွန်လ နောက်ဆုံးအပတ်မှာ စိုက်ပါ။ မိုးရာသီအလယ်မှာ စိုက်ပျိုးသော မိုးမြေပဲကိုတော့ သြဂုတ်လ (၁၅) ရက် မကျော်မီစိုက်သင့်ပါတယ်။ မိုးအကုန်တွင်စိုက်ပျိုးသော ဆောင်းမြေပဲ (သို့မဟုတ်) မိုးနှောင်းမြေပဲကိုတော့ နိုဝင်ဘာလ (၁၅) ရက်ထက် နောက်မကျဘဲ စိုက်ပျိုးရပါမယ်။

☑️ အပင်ပေါက်နှုန်းကောင်းစေဖို့ မြေဆီလွှာအစိုဓာတ်ကို လုံလောက်အောင်ထားရပါမယ်။ မြေပဲစေ့များကို ခြောက်သွေ့တဲ့မြေမှာ လုံး၀မစိုက်ပျိုးသင့်ပါ။

☑️ မြေပဲစိုက်ပြီး မိုးသန်းထန်စွာရွာသွန်းခဲ့ပါက မြေပဲစေ့များ ရိပုပ်သွားနိုင်တာမို့ စိုက်ခင်းမှအတွင်းမှ ရေကို ချက်ချင်းပြောင်စင်အောင် ထုတ်ပေးရပါမယ်။

☑️ အပင်ကြီးထွားပုံနှင့် မျိုးပေါ်မူတည်ပြီး (ပင်ထောင်မျိုးနှင့် ပင်ပြန့်မျိုး) နေရာခြား စိုက်ပျိုးသင့်ပါတယ်။

☑️ စိုက်ပျိုးချိန်တွင် မြေအနက် (၁.၅ - ၂) လက်မခန့် အနက်အထိရောက်အောင် တူးဆွစိုက်ပျိုးပါ။ အပင်ပေါက်နှုန်းမြန်ဖို့နဲ့ ညီမျှစေဖို့အတွက် မြေအစိုဓာတ်ရရှိစေရန် မျိုးစေ့များပတ်လည်ရှိ မြေသားများကို ပြန်ဖို့ပေးပါ။

☑️ ပင်ထောင်မျိုးတွင် ပင်ကြားxတန်းကြား ၄လက်မ×၁၅လက်မ (သို့မဟုတ်) ၄လက်မx၁၂လက်မခန့် နေရာခြားသင့်ပြီး၊ ပင်ပြန့်မျိုးအတွက်မူ ၆လက်မ×၁၈လက်မ ခန့် ခြားသင့်ပါတယ်။ အပင်တစ်ပင် နှင့်တစ်ပင်ကြား (၄- ၆) လက်မခန့် ခြားမှသာ ဘေးကိုင်းထွက်ရာမှာ အဆင်ပြေစေမှာ ဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။

Sources : စိုက်ပျိုးရေးဦးစီးဌာန