menu

မြေပဲတွင်အဖြစ်များသော “သံချေးရောဂါ”


🍂🥜🍂🥜🍂🥜🍂🥜🍂🥜🍂

Rust : Puccinia arachidis

ရောဂါလက္ခဏာ
--------------
 အရွယ်မျက်နှာပြင်နှစ်ဘက်စလုံးတွင် (အထူးသဖြင့် အောက်မျက်နှာပြင်ပေါ်တွင်) သေးငယ်သော နီညိုရောင်အုံကြွနေသည့် အဝိုင်းပုံ အပြောက်အပိန့်များ ဖြစ်ပေါ်သည်။ ခံနိုင်ရည်မရှိသောမျိုးများတွင် မူလအနာဖုများသည် ဆင့်ပွားအနာဖုများဖြင့်ဝန်းရံထားသည်။ အနာဖုများသည် မြစ်မွှားများ၏ အောက်ဖက်မျက်နှာပြင်တွင်လည်းပေါ်လာနိုင်သည်။ ၎င်းအနာဖုများသည် ပန်းနှင့် ပန်းဖူးများမှလွဲ၍ လေပိုင်းဆိုင်ရာ အပိုင်းအားလုံးတွင်ဖြစ်ပေါ်နိုင်သည်။ ရောဂါ ပြင်းထန်လျင် အရွက်များ မီးဟပ်သကဲ့သို့ လောင်နာကျပြီး အပင်များသေသည်အထိ ဖြစ်နိုင်သည်။ 

ရောဂါသံသရာ 
------------ 
မြေပဲတစ်ရာသီနှင့် တစ်ရာသီကြားကာလအတွင်း ရောဂါဖြစ်စေသော မှိုသည် အလေ့ကျပေါက် မြေပဲပေါ်တွင် ခိုးအောင်းနေသည်။ မှိုစပိုးများသည် လေဖြင့် ပျံ့လွင့်ပြီး တစ်နေရာမှ တစ်နေရာသို့ ရောဂါကူးစက်သည်။ မြေပဲခင်းအတွင်း လေ၊ မိုးရေစက်နှင့် အင်းဆက်ပိုးတို့ဖြင့်လည်း တစ်ပင်မှ တစ်ပင်ကူးစက်ပျံ့နှံ့သည်။ 

ကာကွယ်နှိမ်နင်းနည်းများ 
----------------------- 
▪️ မြေပဲပြီး မြေပဲဆက်တိုက်စိုက်ပျိုးခြင်းကိုရှောင်ကြဉ်ပါ။ 

▪️ အလေ့ကျပေါက်မြေပဲပင်များကို ဖျက်ဆီးပါ။ 

▪️ ရောဂါလက္ခဏာစတင်တွေ့ရှိသည်နှင့် ဝိစာရ၏ “ဒိုင်ဇီ၊ ကာဗာ၊ ဇိုလာ၊ ဟက်ဇာဂွန်” မှိုသတ်ဆေးတစ်မျိုးမျိုးကိုအသုံးပြု၍ ကာကွယ်နှိမ်နင်းနိုင်ပါသည်။ 

🥜စစ်မှန် ပြည့်ဝ ဝိစာရ🥜