menu

“မြေပဲရွက်ထွင်း၊ ရွက်လိပ် ရွက်ကပ်ပိုး” ကိုဂရုပြုကာကွယ်ပါ ..



“မြေပဲရွက်ထွင်း၊ ရွက်လိပ် ရွက်ကပ်ပိုး” ကိုဂရုပြုကာကွယ်ပါ ...

 🥜🐛🐛🥜🌱🥜🐛🐛🥜🌱🥜🐛🐛🥜🌱

 ✅မြေပဲ ရွက်ထွင်း၊ ရွက်လိပ်ရွက်ကပ်ပိုးသည်မြေပဲနှင့်ဖွားဘက်တော်ပိုးဖြစ်သည်။ မြေပဲပင် ပေါက်လာရင် ထိုပိုးကျစမြဲဖြစ်သည်။ ထိုပိုးသည်ဘဝအဆင့်လေးခုရှိသည်။အကောင်ကြီးဘဝ (ဖလံ) ၊ ဥဘဝ၊ လောက်ကောင်ဘဝ၊ရုပ်ဖုံးဘဝဖြစ်သည်။ အပင်ကို လောက်ကောင်ငယ်ဘဝတွင် ရွက်ထွင်းပိုး အဖြစ်နှင့်လောက်ကောင်ကြီးဘဝတွင်ရွက်လိပ်ရွက်ကပ်ပိုးအဖြစ် ဖျက်စီးခြင်းဖြစ်သည်။

 ✅ဖလံအမများသည်မိတ်လိုက်ပြီးလျှင်မြေပဲရွက်ပေါ်တွင်ဥများကိုအုချသည်။ ဥများသည်အလွန် သေးငယ်ပြီး အဖြူရောင်ရှိသည်။ ထိုဥကလေးတွေမှလောက်ကောင်သေးသေးလေးတွေပေါက်လာပြီး ထိုလောက်ကောင်ကလေးများသည်အရွက်အတွင်းသားကိုထွင်းဝင်သွားပြီး အတွင်းမှာအစိမ်းရောင် အသားကိုခြစ်ပြီးစားသောက်နေပါသည်။ အရွက်အတွင်းသားကိုခြစ်ပြီးစားသောက်သည့်အတွက် အရွက်မှာ တစ်သျှူးများမရှိတော့ဘဲလိုဏ်ခေါင်း များသဖွယ်ဖြစ်နေတာတွေ့ရသည်။

 ✅ထွင်းပြီးခြစ်စားခံရသည့်အရွက်များသည်တဖြည်းဖြည်းခြောက်သွားသည်။ လောက်ကောင်ကလေးများ သည် အရွက်အတွင်းစားသောက်ပြီး တစ်ပတ်ခန့်ကြာလျှင်အပြင်ကိုထွက်လာကြသည်။ အရွက်ငယ် နှစ်ရွက်ကိုသူ့ပါးစပ်ကထုတ်သည့်ချဉ်မျှင်နှင့်ရစ်ပတ်ထွေးပြီးရွက်လိပ်ဖြစ်သွားစေသည်။ လောက်ကောင်လေးတွေသည်ထိုအရွက်လိပ်အတွင်းမှာနေပြီးတစ်သျှူးတွေကိုခြစ်ပြီးစားသောက်နေ၍ နောက်ဆုံးတွင်အရွက်များခြောက်ပြီးသေသွားသည်။အရွက်အတွင်းမှာလိပ်ပြီးနေရင်း ရုပ်ဖုံးဘဝကို ပြောင်းသွားပြီး ခိုအောင်း၍ငြိမ်နေသည်။ ပြီးရင် ထိုရုပ်ဖုံးထဲကနေဖလံပျံထွက်လာခြင်းဖြစ်သည်။

 ✅ထိုပိုးကိုကာကွယ်နှိမ်နင်းရန် လောက်ကောင်ငယ်ဘဝ (မြေပဲရွက်ထွင်းပိုး)ကို “ဘီတာ စီ၊ မင်းရဲ” ဆေးတစ်မျိုးမျိုးပက်ဖျန်းပေးခြင်း၊ လောက်ကောင်ကြီးဘဝ (ရွက်လိပ် ရွက်ကပ်ပိုး)တွင် မြေပဲပန်းမပွင့်မီ ကျရောက်ပါက “အီမာလန်ဒါ၊ မိုးပျံ” ဆေးတစ်မျိုးမျိုးကိုအသုံးပြုရမည်ဖြစ်ပြီး၊ မြေပဲပန်းပွင့်နေလျှင် “သူရိယ၊ လိုင်းအောက်၊ အက်စ်ဖိတ်” ဆေးများဖြင့်နိုင်နင်းစွာ ကာကွယ်နိုင်ပါသည်။

 ✅လောက်ကောင်လေးမြေပဲရွက်နှင့်လိပ်ပြီးအရွက်ထဲမဝင်ခင်ဖျန်းနိုင်ရင်ပိုထိရောက်စေပါသည်။ မြေပဲပင်နှင့် မြေပဲရွက်ထွင်း၊ ရွက်လိပ်ရွက်ကပ်ပိုးသည်ဖွားဘက်တော်ဖြစ်သည်မို့ ကြိုတင်ဂရုပြု ကာကွယ်နိုင်ကြပါရန် အကြံပြုအပ်ပါသည်။

 စစ်မှန် ပြည့်ဝ ဝိစာရ

 Sources : အောင်ဆန်း(စိုက်ပျိုးရေး)