menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"မြေပဲရွက်ထွင်း၊ ရွက်လိပ်ရွက်ကပ်ပိုး" ကိုဂရုပြုကာကွယ်ကြစို့
✅“မြေပဲရွက်ထွင်း၊ ရွက်လိပ်ရွက်ကပ်ပိုး” ကိုဂရုပြုကာကွယ်ကြစို့✅
🌿🐛🍃🌿🐛🍃🌿🐛🍃🌿🐛🍃
🔘မြေပဲ ရွက်ထွင်း၊ ရွက်လိပ်ရွက်ကပ်ပိုးသည်မြေပဲနှင့်ဖွားဘက်တော်ပိုးဖြစ်သည်။ မြေပဲပင် ပေါက်လာရင် ထိုပိုးကျစမြဲဖြစ်သည်။ ထိုပိုးသည်ဘဝအဆင့်လေးခုရှိသည်။အကောင်ကြီးဘဝ (ဖလံ) ၊ ဥဘဝ၊ လောက်ကောင်ဘဝ၊ရုပ်ဖုံးဘဝဖြစ်သည်။ အပင်ကို လောက်ကောင်ဘဝတွင် ရွက်ထွင်းပိုး အဖြစ်နှင့်အကောင်ကြီးဘဝတွင်ရွက်လိပ်ရွက်ကပ်ပိုးအဖြစ် ဖျက်စီးခြင်းဖြစ်သည်။
🔘ဖလံအမများသည်မိတ်လိုက်ပြီးလျှင်မြေပဲရွက်ပေါ်တွင်ဥများကိုအုချသည်။ ဥများသည်အလွန် သေးငယ်ပြီး အဖြူရောင်ရှိသည်။ ထိုဥကလေးတွေမှလောက်ကောင်သေးသေးလေးတွေပေါက်လာပြီး ထိုလောက်ကောင်ကလေးများသည်အရွက်အတွင်းသားကိုထွင်းဝင်သွားပြီး အတွင်းမှာအစိမ်းရောင် အသားကိုခြစ်ပြီးစားသောက်နေပါသည်။ အရွက်အတွင်းသားကိုခြစ်ပြီးစားသောက်သည့်အတွက် အရွက်မှာ တစ်သျှူးများမရှိတော့ဘဲလိုဏ်ခေါင်း များသဖွယ်ဖြစ်နေတာတွေ့ရသည်။
🔘ထွင်းပြီးခြစ်စားခံရသည့်အရွက်များသည်တဖြည်းဖြည်းခြောက်သွားသည်။ လောက်ကောင် ကလေးများသည်အရွက်အတွင်းစားသောက်ပြီးတစ်ပတ်ခန့်ကြာလျှင်အပြင်ကိုထွက်လာကြသည်။ အရွက်ငယ်နှစ်ရွက်ကိုသူ့ပါးစပ်ကထုတ်သည့်ချဉ်မျှင်နှင့်ရစ်ပတ်ထွေးပြီးရွက်လိပ်ဖြစ်သွားစေသည်။ လောက်ကောင်လေးတွေသည်ထိုအရွက်လိပ်အတွင်းမှာနေပြီးတစ်သျှူးတွေကိုခြစ်ပြီးစားသောက်နေ၍ နောက်ဆုံးတွင်အရွက်များခြောက်ပြီးသေသွားသည်။အရွက်အတွင်းမှာလိပ်ပြီးနေရင်း ရုပ်ဖုံးဘဝကိုပြောင်းသွားပြီး ခိုအောင်း၍ငြိမ်နေသည်။ ပြီးရင် ထိုရုပ်ဖုံးထဲကနေဖလံပျံထွက်လာခြင်းဖြစ်သည်။
🔘ထိုပိုးကိုကာကွယ်နှိမ်နင်းရန် လောက်ကောင်ဘဝ (မြေပဲရွက်ထွင်းပိုး)ကို “မင်းရဲ ၂၅အီးစီ” ဆေးပက်ဖျန်းပေးခြင်း၊ အကောင်ကြီးဘဝ (ရွက်လိပ် ရွက်ကပ်ပိုး)တွင်မြေပဲပန်းမပွင့်မီ ကျရောက်ပါက “ရယ်ဒီ ၅၀၅အီးစီ (သို့မဟုတ်)အီမာလန်ဒါ ၁၅ဒဗလျူပီ” ဆေးတစ်မျိုးမျိုး ကိုအသုံးပြုရမည် ဖြစ်ပြီး၊ မြေပဲပန်းပွင့်နေလျှင် “သူရိယ ၈၀အက်စ်ပီ” ဆေးဖြင့်နိုင်နင်းစွာကာကွယ်နိုင်ပါသည်။
🔘လောက်ကောင်လေးမြေပဲရွက်နှင့်လိပ်ပြီးအရွက်ထဲမဝင်ခင်ဖျန်းနိုင်ရင်ပိုထိရောက်စေပါသည်။ မြေပဲပင်နှင့် မြေပဲရွက်ထွင်း၊ ရွက်လိပ်ရွက်ကပ်ပိုးသည်ဖွားဘက်တော်ဖြစ်သည်မို့ အချိန်ကျလျှင် သတိပြုနိုင်ရန် အကြံပြု ရေးသားအပ်ပါသည်။
🔰စစ်မှန် ပြည့်ဝ ဝိစာရ🔰
Sources : အောင်ဆန်း(စိုက်ပျိုးရေး)