menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မြေသြဇာဆိုသည်မှာ..
မြေသြဇာဆိုသည်မှာ..
သဘာဝမြေသြဇာ(organic)နှင့် ဓါတ်မြေသြဇာ(chemical)နှစ်မျိုးလုံးပါဝင်သည်.. သီးနှံပင်အတွက်အာဟာဓါတ်ဖြည့်စွက်ပေးပြီး သီးနှံကြီးထွားမှုကိုပေးသောဓါတ်(material) များကို မြေသြဇာဟုခေါ်သည်..
သဘာဝမြေသြဇာများသည်..
မြေသားတည်ဆောက်မှုကောင်းအောင် ဆောင်ရွက်ပေးသည်..ဥပမာ..စေးသောမြေ ကိုဖွယ်စေ၍ ဖွယ်သောမြေကိုစေးစေသည်.. ရေနှင့်အာဟာရဓါတ်ကိုကောင်းမွန်စွာ ထိန်းထားနိုင်ရေးကိုဆောင်ရွက်ပေးသည်.. မြေချဉ်ငံကိန်း(pH)ကို ညီမျှအောင်ထိန်းပေး ခြင်းဖြင့် သီးနှံပင်ကို အဆင်ပြေစွာ ရှင်သန် ကြီးထွားစေသည်..
ဓါတ်မြေသြဇာများသည်..
သီးနှံပင်လိုအပ်သောအာဟာရဓါတ်များကို များများနှင့်မြန်မြန်စားသုံးစေနိုင်သည်.. လိုအပ်သည့်အာဟာရကို လိုအပ်သလောက် အချိန်တိကျစွာဖြည့်စည်းပေးနိုင်သည်.. သယ်ယူပို့ဆောင်ရလွယ်ကူသည်.. ကိုင်တွယ်အသုံးပြုရလွယ်ကူသည်..
အထွက်နှုန်းမြင့်မားစေရန်အတွက် သဘာဝ မြေသြဇာနှင့် ဓါတ်မြေသြဇာ နှစ်မျိုးလုံး ရောစပ်သုံးစွဲခြင်းသည် အထိရောက်ဆုံး ဖြစ်သည်..
ဓါတ်မြေသြဇာသုံးစွဲမှုထိရောက်စေရန်..
မြေဆီလွှာဓါတ်ခွဲစစ်ဆေးပြီး လိုအပ်သော ဓါတ်များကို လိုအပ်သလောက်သာ ဖြည့်ဆည်း ပေးရမည်..သီးနှံပင်ရှင်သန်ဖွံ့ဖြိုးရေးနှင့်ကြီးထွား ရေးအတွက် မြေပြုပြင်မှုများဆောင်ရွက်ပေးရမည် မြေသြဇာများမထည့်သွင်းမီ ပေါင်းမြက်များ ရှင်းလင်းပေးရမည်..မြေအမျိုးအစား..မြေမှုန့် ပေါင်းစပ်မှု..သဘာဝမြေသြဇာပါဝင်မှု.. ဓါတ်ကြွင်းသတ္တိ..သီးနှံပင်လိုအပ်ချက်အပေါ် လိုအပ်သလိုဖြည့်ဆည်းပေးမှု မှန်ကန်ရန် လိုအပ်သည်..မျှော်မှန်းအထွက်နှုန်းရရှိရေး အတွက်လိုအပ်သမျှပြည့်ဝအောင်ဖြည့်ဆည်း ပေးရန်လိုအပ်သည်..လိုအပ်သည့်အချိန်တွင် ပြည့်စုံစွာထည့်သွင်းပေးရမည်.. ထည့်သွင်းပေးသောနည်းစနစ် မှန်ကန်စေရမည်..
ဓါတ်မြေသြဇာစနစ်တကျထိရောက်စွာ သုံးစွဲနည်းများ...
မြေခံထည့်သွင်းနည်း (Basal application)
သီးနှံမစိုက်မီ နောက်ဆုံးထွန်ရေး(သို့) သီးနှံပင်မကြီးထွားမီ မြေကြီးအတွင်းရောက် အောင်ထည့်သွင်းအသုံးပြုနည်းဖြစ်သည်..
အပေါ်ယံကျွေးနည်း (Top dressing)
သီးနှံပင်ကြီးထွားနေစဉ် ကျွေးခြင်းဖြစ်သည်..
အကြိမ်ကြိမ်ခွဲကျွေးနည်း (Split application)
မျိုးတူသီးနှံများအပေါ်တွင် မျိုုးတူဓါတ်မြေသြဇာများ ကိုတစ်ကြိမ်ထက်ပို၍ အကြိမ်ကြိမ်ခွဲကျွေး ခြင်းဖြစ်သည်..
ကြဲပက်ကျွေးနည်း (Broadcasting)
လက်ဖြင့်၎င်း(သို့)စက်ဖြင့်၎င်းစိုက်ခင်းအပေါ်ယံ တွင်ညီညာစွာကြဲပက်ကျွေးနည်းဖြစ်သည်.. အထူးသဖြင့် မြစ်မွှေးများစွာထွက်သော အပေါ်ယံလွှာစိုက်ပျိုးထုတ်လုပ်သည့်သီးနှံ ပင်များတွင်သုံးစွဲသင့်သောနည်းဖြစ်သည်..
အကွက်..အတန်း..ကွင်းအလိုက်ကျွေးနည်း
(Spot , row or banding)
စိုက်ကွင်း..စိုက်ကွက်..စိုက်တန်းအလိုက် နေရာကိုအလေးပြု၍ကျွေးနည်းဖြစ်သည်.. အထူးသဖြင့် ဖေါ့စဖိတ်မြေသြဇာများကို ဤနည်းဖြင့်ကျွေးကထိရောက်စေသည်..
တွင်းဖေါက်ကျွေးနည်း (Hole application)
လေလွင့်မှုနည်းအောင် သီးနှံပင်၏အမြစ်ဇုံတွင် မြေတွင်းဖေါက်၍ကျွေးနည်းဖြစ်သည်..
ရွက်ဖျန်းမြေသြဇာကျွေးနည်း (Folia application)
သီးနှံပင်၏အရွက်များမှ(အောက်မျက်နှာပြင်) ကျွေးပေးသော ဖြည့်စွက်မြေသြဇာများကို ခေါ်သည်..ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံ များတွင်ပန်းပွင့်၍အသီးတင်စေသော အနည်းလို အာဟာရဓါတ်များပါဝင်မှုကို အမြန်ပေးသွင်းနိုင်သောနည်းစနစ်ဖြစ်သည်..
မည်သည့်ဓါတ်မြေသြဇာကိုသုံးသုံး အရေးကြီးသည်မှာသီးနှံပင်၏အမြစ်မှ အမြန်စားသုံးနိုင်အောင်ပျော်ဝင်မှု(dissolved) ကောင်းရန်လိုအပ်ခြင်းဖြစ်သည်..
နိုက်ထရိုဂျင်မြေသြဇာများ (Nitrogen fertilizers)
မြေအစိုဓါတ်ရှိသည့်မြေဆီလွှာတွင်ကြဲပက်ပြီး (၂-၃)ရက်အတွင်းသီးနှံပင်ကစားသုံးနိုင်သော်လည်း (၃၀-၅၀)%သည်မပျော်ဝင်ခြင်း..စီးရေနှင့်မျော ပါခြင်း..အငွေ့ပျံခြင်း..စိမ့်ဝင်ပျောက်ဆုံးခြင်း ဖြစ်နိုင်သည်.. ထို့ကြောင့် ပုလဲ(သို့)နိုက်ထရိုဂျင်ဓါတ်မြေသြဇာ သုံးလျှင်အလေအလွင့်ဆုံးရှုံးမှုနည်းအောင် နွားချေး..မြေဆွေး(သို့)ပိုတက်ရှ်နှင့်ရော၍ ကျွေးသင့်သည်..
ဖေါ့စဖိတ်ဓါတ်မြေသြဇာများ (Phosphorus fertilizers)
သီးနှံပင်များထိထိရောက်ရောက်သုံးစွဲနိုင်ရန် သီးနှံပင်၏အမြစ်(သို့)အပင်နှင့်အနီးဆုံးနေရာ ရောက်အောင်ထည့်ပေးရမည်.. ဖေါ့စဖေါ်ရပ်ဓါတ်များသည် pH5 ထက် နိမ့်လျှင်(သို့) pH8 ထက်ကျော်လျှင် fixation ခေါ်သည့် (Fe,Al,Mn,Ca)များမှ ထိန်းချုပ်ခြင်းခံရသည်..ထို့ကြောင့်ဖေါ့စဖရပ် ဓါတ်မြေသြဇာသုံးလျှင် မြေချဉ်များမှာ ထုံးထည့်ခြင်း(Liming)ပြုလုပ်ပြီးမှ ကျွေးပေးခြင်းသည်အကောင်းဆုံးဖြစ်သည်..
ပိုတက်ရှ်ဓါတ်မြေသြဇာများ (Potash fertilizers)
အပင်တွင်းလွယ်ကူစွာသိုလှောင်နိုင်ပြီး လွယ်ကူစွာစားသုံးနိုင်သောမြေသြဇာဖြစ်၍ ပုလဲ(သို့)ဖေါ့စဖိတ်နဲ့ရောသုံးလျှင်လေလွင့်မှု နည်းပြီးသီးနှံပင်များထိရောက်စွာသုံးစွဲနိုင်သည်.. အထူးသဖြင့်သဲဆန်သောမြေများတွင် ရေနှင့်ပျော်ဝင်ပျောက်ဆုံးမှုများသောကြောင့် ပိုတက်ကိုမဖြစ်မနေထည့်သွင်းပေးရန် လိုအပ်သည်..
အရေးအကြီးဆုံးသိရမည်မှာ..
သီးနှံအထွက်တိုးရန် N,P လိုအပ်သလို အထွက်တည်ငြိမ်ရန် K လိုအပ်ကြောင်းဖြစ်သည်.. ထို့ပြင် ပိုးမွှားရောဂါဒဏ်..ရာသီဥတုဖေါက်ပြန် မှုဒဏ်..ခံနိုင်ရန်နှင့် သီးနှံအရည်အသွေး ကောင်းမွန်ရန်ပိုတက်ရှ်ဓါတ်မြေသြဇာသည် မကျွေးမဖြစ်လွန်စွာအရေးကြီးသောဓါတ် ဖြစ်ပေသည်...
Than Win Agri
Credit to Htin Ag Shein
Photo via Facdbook